5 ways to prepare your car for driving in the RAIN!


မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ အချိန်အခါ တွေမှာ ကားလေး ကို  အန္တရာယ်ကင်းကင်း မောင်းနှင်ဖို့ အရေးကြီးတယ်နော် Toyota Fan တို့ရေ…

ဒါကြောင့် ဒီအချက်လေးတွေ ကို မမေ့မလျော့ လုပ်ဆောင်ပေးဖို့ မျှဝေပေးလိုက် ပါတယ် ခင်ဗျာ။

 1. ကားလေကာ မှန်နှင့် ပြတင်းပေါက် မှန်တွေ ကို သန့်ရှင်းပါ။

မိုးရေထဲမှာ ပါတဲ့ အက်ဆစ်ဓာတ် က မှန်တွေ အပေါ်မှာ အနည်အဖြစ် ကျန်ရှိခဲ့ပြီး အကွက်အပျောက် နှင့် အစွန်းအထင်းတွေ အဖြစ် စုပြုံပြီး ကျန်ခဲ့ နိုင်တာကြောင့် မိုးရွာတဲ့နေ့မှာ ကားမောင်းခဲ့ ပါက အိမ်ပြန်ရောက်တဲ့ အခါ Car Cleaner ဒါမှမဟုတ် သန့်ရှင်းသော အဝတ်ဖြင့် ဆေးကြော သန့်စင်ပေးဖို အရေးကြီးပါတယ်။

 2. မီးသီးတွေကို ပုံမှန်စစ်ဆေးပါ။

မိုးသည်းထန်စွာ ရွာနေတဲ့ အချိန်တွင် အလင်းရောင် ကောင်းစွာ မြင်နိုင်ဖိုနဲ့ လမ်းကြောရှင်း စေဖို့ ကားမီးသီး တွေက အလွန် အထောက်အကူပြု ပါတယ် ကားမီးသီးတွေ ကောင်းစွာ အလင်းရမှု ရှိ၊မရှိ နှင့်  ညစ်ပတ်နေခြင်း၊ ကွဲအက်နေခြင်းမျိုး တွေ ရှိမရှိကို ပုံမှန် စစ်ဆေးပေးဖို့ လိုပါတယ်။

3. Wiper Blades တွေ ကောင်းစွာ အလုပ်လုပ်ခြင်း ရှိမရှိကို စစ်ဆေးပါ။

Wiper Blades တွေက ရော်ဘာသား နှင့် ပြုလုပ်ထား တာကြောင့် အပူလွန်ကဲလာ တဲ့အခါ ကြွတ်ဆပ်ကာ ပျက်ဆီးပြီး လေကာမှန်ကို ထိခိုက် စေနိုင်ပါတယ်။ Wiper Blades တွေကို လဲဖို လိုအပ်တဲ့ အခါ လဲပေးပါ။ မိမိ ကားအမျိုးအစား အတွက် အထူး ထုတ်လုပ်ထားတဲ့ Wiper Blades တွေကို အသုံးပြု ပေးတာက ပိုပြီး ကြာရှည်ခံ ပါတယ်။  

4. ကားဘတ်ထရီ တွေကို သေချာစွာ စစ်ဆေးပါ။

     မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ အချိန်မှာ ကားရှိ မီးသီး နှင့်တစ်ခြားလျှပ်စစ်ပစ္စည်းတွေ ကြောင့် ကား ဘတ်ထရီ ကို ပိုမိုအသုံးပြု ရပါတယ်။ ဒါ့ကြောင့် ဘတ်ထရီက ဆက်တိုက် အလုပ်လုပ် နေရလို့ အားနည်း လာနိုင်ပါတယ်။ အင်ဂျင်ကို လုံလောက်တဲ့ လှည်ပတ်မှုတွေ ထောက်ပံ့ပေး နိုင်ဖို့ ကားဘတ်ထရီကိုလည်း ဂရုတစိုက် စစ်ဆေး အသုံးပြု ပေးပါ။

     5. ဘရိတ်ကို ပုံမှန်စစ်ဆေးပါ။

စိုစွတ်တဲ့လမ်း နှင့် မိုးရေ က တာယာ နှင့် လမ်း ရဲ့ ပွတ်တိုက်မှု ကို လျော့ချပြီး ဘရိတ် ရဲ့ စွမ်းဆောင်ရည် ကို လျော့ကျ စေပါတယ်။ ဘရိတ် ရပ်တန့်ရန် ခက်ခဲလာနိုင်ပြီး တုန်ခါမှုတွေ ပြင်းထန်စွာ ဖြစ်လာနိုင်ပါတယ် Brake Pads တွေ ဟောင်းနွမ်းမှု ရှိမရှိ နှင့် စွမ်းဆောင်ရည် ကောင်းမကောင်း ကို ပုံမှန်စစ်ဆေးပေးဖို လိုအပ်ပါတယ်။

ကားရဲ့ ပုံမှန်ထက် စွမ်းဆောင်ရည် လျော့ကျ နေပါက မလိုလား အပ်တဲ့ ပြဿနာတွေ မဖြစ်ရအောင် ပုံမှန် စစ်ဆေးပေး ဖို့ မမေ့ပါနဲ့ ခင်ဗျာ။


Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

 Toyota Taw Win: (09) 770 552 000

 

Mandalay

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002

 

Naypyidaw

Toyota MDMM: (09) 9 444 1111 91 ~ 4


Taunggyi

Toyota Mingalar: (09) 407 799 993


 Lashio

 Toyota GW Lion: (09) 8 999 444 19


Comments