Engine Head Cover က အရေးကြီးလား?


 

Toyota Fan တို့ရေ ဒီတစ်ခါ တော့ Engine Head Cover က ဘာလို့ အရေးကြီး သလဲ? ဆိုတာ ကို မျှဝေပေးပါ့မယ် ခင်ဗျာ။

ပထမဆုံး အနေနဲ့ ပြောပြချင်တာက အင်ဂျင် တစ်ခုလုံး ချောမွေ့စွာ လည်ပတ် နိုင်စေဖို့ အင်ဂျင်ဝိုင် က Lubrication System (ချောဆီစနစ်) မှာ အဓိက အရေးပါတဲ့ အရာဖြစ်ပါတယ်။

အင်ဂျင်ဝိုင်ကို အသုံးပြုတဲ့ ခရီးအကွာအဝေး ဒါမှမဟုတ် ခရီး ပေါ်မူတည်ပြီး လဲလှယ် ပေးဖို့ လိုအပ်သလို အင်ဂျင်ဝိုင်ကို သတ်မှတ်ထားတဲ့ ပမာဏအတွင်း ရှိမရှိကို လည်း ကားကို အသုံးမပြုမီ ပုံမှန် စစ်ဆေး ပေးရပါမယ်။

အင်ဂျင်ဝိုင်က သတ်မှတ်ထားတဲ့ ပမာဏထက် လျော့နည်း နေတယ် ဆိုရင် အင်ဂျင်ဝိုင် ယိုစိမ့်မှု ဖြစ်နိုင်သလို အင်ဂျင်ရဲ့ အပူချိန်ကြောင့် Engine Head Cover မှ Seal တွေက မာလာခြင်း နှင့် အက်ကွဲလာခြင်း တွေကြောင့်လည်း အင်ဂျင်ဝိုင်က ယိုစိမ့် လာနိုင်ပါတယ်။

အင်ဂျင်ဝိုင် ယိုစိမ့်မှုကို မသိရှိဘဲ ဆက်လက် အသုံးပြုနေပါက အင်ဂျင်ဝိုင်တွေက Alternator အတွင်းသို့ ဝင်ရောက်ပြီး ရှော့ဖြစ်ကာ ပျက်ဆီး နိုင်သလို အင်ဂျင်ဝိုင် ပမာဏကလည်း တစ်ဖြည်းဖြည်း လျော့နည်း လာကာ အင်ဂျင်မှ အသံတွေ ဆူညံစွာထွက်ပေါ်လာမယ်၊ ကားအရုန်းအဆွဲ ကျလာမယ် အင်ဂျင် Seal ပျက်ဆီးတာမျိုးတွေ ဖြစ်ပေါ်လာကာ နောက်ဆုံးမှာ Engine Overhaul လုပ်ရတာတွေ ဖြစ်ပေါ်လာပြီး မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ တိုးလာ နိုင်ပါတယ်။

ဒါကြောင့် အင်ဂျင်ဝိုင် ပမာဏ ကို ပုံမှန် တိုင်းတာ စစ်ဆေးပေး ရသလို အင်ဂျင်ဝိုင် ယိုစိမ့်မှု ကို ဖြစ်ပေါ် လာစေမယ့် Engine Head Cover တွေ ကောင်းမကောင်း ကိုပါ သေချာ စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

ကားက ပုံမှန်ထက် စွမ်းဆောင်ရည် လျော့ကျ နေပါက မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာ နိုင်တာမို့ သေချာလေး စစ်ဆေး ပေးကြပါ ခင်ဗျာ။

Yangon

 

Toyota Aye and Sons: (01) 540 740, (01) 400 950

 

Toyota Mingalar: (09) 405 402 233, (09)405 399 993

 

Toyota Taw Win: (09) 770 552 000

 

Mandalay

 

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002

 

Naypyidaw

 

Toyota MDMM: (09) 9 444 1111 91 ~ 4

 

Taunggyi

 

Toyota Mingalar: (09) 407 799 993

 

Lashio

 

Toyota GW Lion: (09) 8 999 444 19

Comments