ကား တွေရဲ့ တာယာလေပေါင် ဘယ်လိုစစ်ဆေးရမလဲ။ Tips to check the Tire Pressure

 Toyota ချစ်သူတို့ရေ…

ကားမောင်းတဲ့အခါမှာ အန္တရာယ်ကင်းဖို့နှင့် ပိုမိုခရီးရောက်နိုင်ဖို့အတွက် မော်တော်ယာဉ်တွေရဲ့ တာယာလေပေါင်ကို ပုံမှန်စစ်ဆေးပေးဖို့ လိုပါတယ်ာ။ အမြဲအသုံးပြုနေတဲ့ ကား ဆိုရင် တစ်လကို အနည်းဆုံး (၂) ကြိမ်ခန့် ဆားဗစ်စင်တာများမှာ စစ်ဆေးသင့်ပါတယ်ာ။ အကယ်၍ တစ်ခါတစ်လေမှသာ သုံးဖြစ်ပါက မိမိကိုယ်ပိုင် တာယာလေပေါင်ဂိတ် ဖြင့်လည်းစစ်ဆေးနိုင်ပါတယ်။
 Toyota ချစ်သူတို့အတွက် ကိုယ်တိုင်စစ်ဆေးနိုင်ဖို့လွယ်ကူတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်
၁) တာယာများ ပူနေခြင်းရှိမရှိစစ်ဆေးပါ (သို့) ယာဉ်မောင်းပြီး (၃)နာရီလောက် အနားပေးထားပါ။
၂) အသုံးပြုလက်စွဲစာအုပ်တွင်ပါရှိသည့် ထုတ်လုပ်သောကုမ္ပဏီမှ အကြံပြုထားသော တာယာလေပေါင်ချိန် ကိုသေချာစစ်ဆေးပါ။
၃) လေထိုးဗားတိုင်အဖုံးကို ဖွင့်ပါ။
၄) တာယာလေပေါင်ဂိတ်ဖြင့် လေဗားတိုင် ကိုထိုးဖိပြီး ဗားပွင့်အောင်လုပ်ပါ။
၅) လေပေါင်ဂိတ်ပေါ်ရှိ လေ‌ပေါင်အတိုင်းအတာအမှတ်ကိုဖတ်ပြီး မှတ်ထားပါ။
၆) ထုတ်လုပ်သောကုမ္ပဏီမှ အကြံပြုထားသော တာယာလေပေါင်ချိန် သို့ရောက်သည်အထိ လေကိုလိုအပ်သလို ဖြည့်ခြင်း၊ လျှော့ခြင်း ပြုလုပ်ပါ။
အထက်ပါအချက်များက Toyota ချစ်သူတို့ရဲ့ တာယာများကို စစ်ဆေးဖို့အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်
တာယာလေပေါင် စစ်ဆေးခြင်းက ကားအမျိုးအစား အလိုက်ကွာခြားမှုရှိတာကြောင့် ကားမှာပါရှိတဲ့ အသုံးပြုလက်စွဲစာအုပ်မှာကြည့်လို့ရသလို Toyota တရားဝင်ကိုယ်စားလှယ်များထံ စစ်ဆေးတိုင်ပင်ကြည့်လို့ရပါတယ်။


Dear Toyota Lovers,
Checking the tire pressure is key to be safe and efficient driving. You should check the tire pressure twice a month regularly at the service center, if you are driving a lot. If not, you can also check it with your own tire pressure gauge.
So, we will share some easy tips to check the tire pressure with your own gauge.
1) Make sure the tires are cold or rested at least 3 hours after you’ve last driven
2) Check the manufacturer’s recommended standard tire pressure from the owner’s manual
3) Unscrew the air valve cap
4) Press the gauge to the open valve stem
5) Read the gauge and record each tire pressure
6) Adjust the air pressure until it matches the recommended standard tire pressure by inflating them with an air compressor or letting air out.
We hope that these tips will be helpful for checking the tire pressure on your own . Checking the tire pressure varies depending on the models and types, so please check them from the Owner’s Manual or Toyota Official Dealers.

Comments