Brakes နဲ့ Brake Pads တွေကို ဘယ်လိုစစ်ဆေးရမလဲ??

 



Toyota ချစ်သူတို့ရေ..

မော်တော်ယာဉ်တွေရဲ့ brake pads တွေက Toyota ချစ်သူတို့အားလုံးရဲ့ လုံခြုံမှုအတွက် အရမ်းအရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။ ဒါ့ကြောင့် brakes နဲ့ brake pads တွေကို ပုံမှန်စစ်ဆေးပေးသင့်ပါတယ်။ အခုတစ်ခါမှာတော့ Toyota ချစ်သူတို့အတွက် brakes နဲ့ brake pads တွေကို ဘယ်လိုစစ်ဆေးရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

) Brake pads မူမမှန်သောအသံရှိမရှိ နားထောင်စစ်ဆးခြင်း

Brake pads ရဲ့ရှုးပြားများကုန်ဆုံးသည်အထိစားနေလျှင် ဘရိတ်နင်းသည့်အခါကျယ်လောင်တဲ့ အသံတွေထွက်လေ့ရှိပါတယ်။

ကားမောင်းနေစဥ်အချိန်အတွင်း မှန်ပြတင်းပေါက်ဖွင့်ထားပြီး ဘရိတ်နင်းကြည့်ကာ ကျွီကျွီမြည်သံ နှင့် သံသံချင်းပွတ်တိုက်နေသော အသံကြားမကြားစစ်ဆေးကြည့်ပါ။

) ကားဘီးခွေပေါ်က ဘရိတ်မှုန်များကို စစ်ဆေးခြင်း

ပုံမှန်အနေအထားရှိတဲ့ ကားဘီးများဟာ Brake pads များပွတ်တိုက်မှုမှထွက်ရှိသောဘရိတ်အမှုန် တော်တော်များများကပ်နေတတ်ပါတယ်။ အကယ်၍ ကားဘီးတွေက ဘရိတ်အမှုန် တွေမရှိဘဲ သန့်ရှင်းနေတယ်ဆိုရင်တော့ ဘရိတ်ရှုးသားများကုန်ဆုံးနေခြင်းမျိုးဖြစ်နိုင်ပါတယ်။

) စတီးယားရင်း နဲ့ ဘရိတ်ခြေနင်းတံကို စစ်ဆေးခြင်း

Brake pads ရဲ့ရှုးပြားများကုန်ဆုံးသည်အထိစားနေလျှင် ဘရိတ်နင်းလိုက်တဲ့အခါ စတီးယားရင်း နဲ့ ဘရိတ်ခြေနင်းတံကို တုန်ခါနေတတ်ပါတယ်။

) Brake pads ရဲ့အထူကို စစ်ဆေးခြင်း

ကားတော်တော်များများမှာ Brake pads များရဲ့လက်ကျန်အထူကို တာယာခွေကြားများမှနေ၍ အမြင်စစ်ဆေး နိုင်ပါတယ်။ Brake pads ရဲ့ လက်ကျန်အထူဟာ 3 မီလီမီတာအောက် ရောက်ရှိနေခဲ့လျှင် လဲလှယ်ပေးရန်လိုအပ်ပါတယ်။

Brake Pads လဲလှယ်ခြင်းက မော်တော်ယာဥ်အမျိုးအစားပေါ်မူတည်၍ ကွာခြားမှုတွေရှိတာကြောင့် မလဲလှယ်မီ ကားတွင်ပါရှိသော အသုံးပြုလက်ဆွဲစာအုပ်များ နှင့် Toyota တရားဝင်ကိုယ်စားလှယ်များထံမှာ စစ်ဆေးတိုင်ပင် နိုင်ပါတယ်။

Comments