TSS System (Toyota Safety Sense) ဆိုတာဘာလဲ။ ဘယ်လိုနည်းပညာတွေပါလဲ။

 


Toyota ရဲ့ နည်းပညာတွေထဲက တစ်ခုဖြစ်တဲ့ TSS System ရဲ့ လုပ်ဆောင်ချက်များ က ဘယ်လို နည်းပညာ တွေ ကို အသုံးပြု ထားလည်း ဆိုတာကို  Toyota ချစ်သူတိုအတွက် မျှဝေ‌ပေး သွားမှာ ဖြစ်ပါတယ်။

ပထမဆုံး အနေနဲ့ TSS System (Toyota Safety Sense) ဆိုတာ ဘယ်လို လုပ်ဆောင်ပေးတဲ့   နည်းပညာ စနစ်မျိုး လည်း ပြောပြချင်ပါတယ်။  TSS System က Toyota ရဲ့  ယာဉ်တိုက်မှု့ကင်းစင်ပပျောက်စေရေး ဆိုတဲ့ ရည်ရွယ်ချက်ကို ဖော်ဆောင်ပေးတဲ့ နည်းပညာဆိုတဲ့ အတိုင်း

  •       ယာဉ် နှင့် ယာဉ်မောင်း ကို ယာဉ်တိုက်မှု့ ဖြစ်စေခြင်း မှ လျော့ချနိုင်ရန် အထောက်အကူပြုစေသည့် အပြင်
  •        ယာဉ်ပေါ်မှာစီးနှင်းလိုက်ပါသော စီးနှင်းသူများ ကိုလည်း လုံခြုံမှု့ ပေးနိုင်ခြင်း ကာကွယ်ပေးနိုင်ခြင်း တို့ကို TSS System က ပြုလုပ်ပေးပါတယ်။

ဒုတိယ အနေနဲ့ TSS System (Toyota Safety Sense) မှာ ပါ၀င်တဲ့ နည်းပညာ တွေကို ‌ဝေမျှပေးပါ့မယ် ။

  •        ယာဉ်တိုက်မှု့ မဖြစ်ပေါ်စေရန် ကြိုတင်သတိပေးသောစနစ် (Pre-collision System)
  •        အလိုအလျောက် အရှိန်နှုန်း ထိန်းချုပ်ပေးသောစနစ် (Dynamic Radar Cruise Control)
  •        ယာဉ်လမ်းကြောင်း လွှဲပြောင်းသွားခြင်းမှ ကာကွယ်ပေးသောစနစ် (Lane Departure Alert with           Steering Control/ Lane Tracing Assist)
  •        အလိုအလျောက် မီးကြီးပြောင်းစနစ် (Automatic High Beam)



(၁) .ယာဉ်တိုက်မှု့ မဖြစ်ပေါ်စေရန် ကြိုတင်သတိပေးသောစနစ် (Pre-collision System)

 PCS ရဲ့ လုပ်ဆောင်ချက် ကတော့ မီလီမီတာလှိုင်းရေဒါများ နှင့် ကင်မရာဆင်ဆာများ မှ ရှေ့တွင် ရှိသော ယာဉ်တိုက်နိုင်မှု့ ကို ကြိုတင် ခန့်မှန်းသတိပေးတဲ့ အတွက် ယာဉ်တိုက်မှု့ ဖြစ်စေခြင်း မှ ရှောင်ရှားစေနိုင်ပါတယ်။  အကယ်၍ ယာဉ်မောင်း သည် အနီးကပ် ယာဉ်တိုက်မှု့ ဖြစ်စေခြင်း နဲ့ ကြုံတွေ့ တော့မယ့် အခြေအနေမှာပင် ယာဉ်မောင်းသူ က ဘရိတ်ခြေနင်းပြား ကို မနင်းမိသော အခါတွင် PCS စနစ်က ယာဉ်တိုက်မှု့ ကြိုတင်ကာကွယ်ပေးသော ဘရိတ်များကို လုပ်ဆောင်စေပြီး ယာဉ် နှင့် ယာဉ်မောင်း ကို ထိခိုက်မှု့ အနည်းဆုံး အခြေအနေ ဖြစ်အောင် ကာကွယ်ပေး ပါတယ်။

(၂). အလိုအလျောက် အရှိန်နှုန်း ထိန်းချုပ်ပေးသောစနစ် (Dynamic Radar Cruise Control)

DRCC ရဲ့ လုပ်ဆောင်ချက် ကတော့ မီလီမီတာလှိုင်းရေဒါများ နှင့် မိုနိုကူလာ ကင်မရာဆင်ဆာများ မှ တဆင့် မိမိယာဉ် နှင့် ရှေ့ယာဉ် ကို စိတ်ချရသော အကာအကွယ်တစ်ခုတွင် နောက်မှ လိုက်ပါမောင်းနှင် စေသော စနစ်ဖြစ်ပါတယ်။ (မိမိယာဉ် နှင့် ရှေ့ယာဉ် အကွာအဝေးကို မိမိသတ်မှတ်လိုသော တစ်ခု ဖြစ်အောင် အရင် သတ်မှတ်ထားရပါမယ်။)

(၃). ယာဉ်လမ်းကြောင်း လွှဲပြောင်းသွားခြင်းမှ ကာကွယ်ပေးသောစနစ် (Lane Departure Alert with Steering  Control/ Lane Tracing Assist)

 ယာဉ်မောင်း မှ အချက်ပြမှု့ မလုပ်ဆောင်ဘဲ ယာဉ်သည် လမ်းကြောင်းကနေ ချော်ထွက်သွားတဲ့ အချိန်မှာ LDA စနစ်က အချက်ပေးသံ နှင့် အချက်ပြမီးခွက်များမှ သတိပေးခြင်းကို လုပ်ဆောင်ပေးပါတယ်။ LDA စနစ် က ယာဉ် ကို လမ်းကြောင်းမှန် မှ လွှဲပြောင်း ချော်ထွက် သွားခြင်းမှ တားဆီးကာကွယ် ပေးပါတယ်။

(၄). အလိုအလျောက် မီးကြီးပြောင်းစနစ် (Automatic High Beam)

AHB နည်းပညာသည် ယာဉ်အား ညဘက် အချိန်တွင် မြင်ကွင်းကြည်လင်ပြတ်သားစေပြီး မျက်နှာချင်းဆိုင်မှ လာသော ကားဆီသို့ စူးရှတောက်ပသော အလင်းရောင် ကျရောက်မှု့ နည်းပါးအောင် AHB စနစ်က လုပ်ဆောင် ပေးပါသည်။ ဒါ့အပြင် ရှေ့မှလာသော ယာဉ်များ ရဲ့ မီးအနေအထား ကို အာရုံခံ စူးစမ်းပြီး မီးကြီး ဒါမှမဟုတ် မီးသေး အဖြစ် အလိုအလျောက် ပြောင်းလဲပေးပါတယ်။

Toyota Safety Sense နဲ့ ပတ်သတ်ပြီး ပိုမိုသိရှိချင်တယ်ဆိုရင်တော့ Toyota တရားဝင်ကိုယ်စားလှယ်များထံ များထံဆက်သွယ်မေးမြန်းလို့ရပါတယ်

Toyota Aye and Sons :  (01) 540 740,  (01) 400 950

Toyota Mingalar  :  (01) 514940 ~ 41,  (09) 407 314 699 

Toyota Taw Win :  (09) 770552000 

Toyota GW Lion ( Mandalay)  : (09) 969 700 001 ~ 3, (09) 960 800 002

Toyota GW Lion (Lashio) :(09) 8 999 444 19

 

 

 

Comments