ကားအတွက် အင်ဂျင်ဝိုင်ရွေးချယ်ရင် ဒါတွေ သိထားဖို့လိုပါတယ်။

အင်ဂျင်ဝိုင်လဲဖို့ Car Service Center ကိုသွားရင် Semi-synthetic လား Fully synthetic လား ဘယ်အမျိုးအစားသုံးမလဲအမြဲမေးလေ့ရှိပါတယ်။ သုံးနေကျအမျိုးအစားပဲသုံးလေ့ရှိသလို၊ တခါတခါ တော့လည်း Service Advisor ကပြောတဲ့ဟာသုံးလိုက်ပါတယ်။ ဒါပေမဲ့ ဘာအမျိုးအစားတွေရှိပြီး ဘာတွေကွာလဲ ဘယ်ဟာကပိုကောင်းလဲ နားမလည်ပါဘူး။ Genuine Engine Oil သုံးဖို့လိုလို့လားဆိုတဲ့ အဆက်အနေနဲ့ ဒီတခါတော့ Genuine အင်ဂျင်ဝိုင် အမျိုးအစားတွေအကြောင်းကိုမျှဝေပါရစေ။

Synthetic lubricant ဆိုတာ ဘာလဲ?

Synthetic lubricant ဆိုတာကတော့ ရေနံစိမ်းကို အထူးသန့်စင်ချက်လုပ် ပြီး ရရှိလာသော ဆီတွေကို  လူလုပ် ဓါတုဒြပ်ပေါင်း တွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ ထုတ်လုပ်မှုနည်းပညာ၊ ကုန်ကြမ်းကွာခြားမှုနဲ့ အရည်အသွေးတွေပေါ်မူတည်ပြီး အဓိကအားဖြင့် ၃မျိုး ခွဲခြားနိုင်ပါတယ်။

·       Mineral Oil

·       Semi Synthetic Oil

·       Fully Synthetic Oil

Mineral Oil

Mineral Oil ဆိုတာကတော့ ရေနံစိမ်းကို အခြေပြုချက်လုပ်တာဖြစ်ပြီး Additive ထပ်ပေါင်းပစ္စည်း ပါဝင်မူနည်းပါး တဲ့အတွက်ကြောင့် ဈေးနှုန်းအချိုသာဆုံးဖြစ်သလို အသုံးများဆုံးလဲဖြစ်ပါတယ်။ ဒါပေမဲ့ ကီလို (၅၀၀၀) ထက်ပိုမိုမမောင်းနှင်သင့် ပါဘူး အင်ဂျင်ပွန်းစားခံရမှု မြင့်မားတာကြောင့်  အင်ဂျင်သက်တမ်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ကားကို အကြာကြီး အသုံးမပြုဘဲထားမိခဲ့ရင် Mineral oilမှာ ဖယောင်းပါဝင်မှု မြင့်မားတဲ့အတွက် အင်ဂျင်အထဲမှာ အင်ဂျင်ဝိုင်အနည်အနစ်များ ဖြစ်ပေါ်နိုင်တာကြောင့် Mineral oil ကိုသုံးမယ်ဆိုရင် ကားထဲက အင်ဂျင်ဝိုင်ကို မကြာခဏစစ်ဆေးသင့်ပါတယ်။

Semi Synthetic Oil

Semi Synthetic ဆိုတာကတော့ Fully Synthetic နှင့် သမာရိုးကျ Mineral oil များကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ရေနံဓါတ်ငွေ့ရည် (သို့) ကောင်းမွန်သော Base Oil ကို အသုံးပြုထားပြီး ထပ်ပေါင်းပစ္စည်းများ တစ်ဝက်(သို့)တစ်ဝက်ထက်ပိုမိုပါဝင်ထည့်သွင်းထားတာကြောင့် အင်ဂျင်ဝိုင်အရည်အသွေးကို ပိုမိုကောင်းမွန် စေပြီး ပိုမိုအသုံးခံနိုင်ခြင်းကြောင့် မော်တော်ကားအများစုအတွက် သင့်တော်ပါတယ်။ Semi Synthetic ကတော့ Mineral ထက် ပိုမိုဈေးနှုန်းမြင့်မားပေမဲ့ အသုံးပြုနိုင်တဲ့ ကီလိုမီတာ ပမာဏများပြားခြင်း၊ Fully Synthetic ထက် ဈေးနှုန်း ပိုမိုသက်သာခြင်းတို့ကြောင့် လူသုံးများပါတယ်။

Fully Synthetic Oil

Fully Synthetic အင်ဂျင်ဝိုင် ဆိုတာကတော့ အခြေအနေအမျိုးမျိုး နှင့် ကားအမျိုးအစား တိုင်းအတွက် သင့်လျော်အောင် ဓါတုဗေဒပစ္စည်း 100% နှင့် ထုတ်လုပ်ထားတာကြောင့် ကားအများစု Fully Synthetic ကို ထည့်သုံးသလို ရာသီဥတုအခြေအနေအမျိုးနှင့် အပူချိန်အမျိုးမျိုးတို့တွင် အသုံးပြုနိုင်ပါတယ်။ အရည်အသွေးအကောင်းဆုံးဖြစ်ပြီး 100% chemical ပါ၀င်ပါတယ်Fully Synthetic က အပေါ်ကအမျိုးအစားတွေထက်ဈေးအနည်းငယ်များပေမဲ့အင်ဂျင်အတွက်အကောင်းဆုံးဖြစ်အောင် အသုံးပြု ချင်သူများနှင့် ယနေ့ခေတ်ကားများအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ ကားတစ်စီးရဲ့ တန်ဖိုးကြီး အင်ဂျင်ကိုရေရှည်အသုံးခံချင်တယ်ဆိုရင် Fully Synthetic ကိုအသုံး ပြုသင့်ပါတယ်

Comments