Covid-19 ကပ်ရောဂါကျရောက် နေချိန် ကားရဲ့ ဘယ်နေရာတွေကို ဘယ်လို သန့်ရှင်းပေးဖို့လိုအပ်ပါသလဲ။


အသစ်ပြန်ဖြစ်လာတဲ့ Covid-19 Delta Varient ဟာအရင် strain တွေထက် အဆပေါင်း များစွာ လျင်မြန်လာပါပြီ။ အရင်ကဆို သတင်းတွေထဲမှာသာမြင်နေကြားနေရပေမဲ့ ဒီတခါမှာတော့ အနီးအနား ပတ်ဝန်းကျင်က မိတ်ဆွေ သူငယ်ချင်းတွေဆီပါ ကူးစက်နေပြီဆိုတော့ အရင်ကထက် အများကြီး ဂရုတစိုက်နေရပါတော့မယ်။မိမိ ကိုယ်ကို ဂရုစိုက်ကာကွယ်ဖို့ လိုသလို မိမိရဲ့ ကားအတွင်းပိုင်းရဲ့ လိုအပ်တဲ့ နေရာလေးတွေ ကို ဘယ်လိုမျိုး Safely Clean ဖြစ်အောင် လုပ်ဆောင်ပေးရမလည်း ဆိုတာကို ဝေမျှပေး ချင်ပါတယ်။

Covid-19 ကပ်ရောဂါကျရောက် နေချိန် ကိုယ့်ကားလေး က ဘယ်ကိုသွားသွား သီးသန့် သွားလာနိုင်ရန် အသုံးပြုရတဲ့ ကားဆိုလည်း မမှားပါဘူး ။ ဒါကြောင့် မိမိ အိမ်အတွင်းပိုင်း ကိုသာမဟုတ်ဘဲ မိမိကားရဲ့ အတွင်းပိုင်းကို လည်း သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။

ကားရဲ့ ဘယ်နေရာတွေကိုသန့်ရှင်းပေးဖို့လိုအပ်ပါသလဲ။

·       အထိအတွေ့များတဲ့ မျက်နှာြပင်များကို သန့်ရှင်းပေးရပါမယ်။ 

·       အတွင်း အပြင် ကားလက်ကိုင်များ၊

     စတီယာရင်လက်ကိုင်၊

·       ဂီယာ shift

·       Wipers အတင်အချ levers

·       Radio, CD,DVD,TV and Climate Control များရဲ့ မျက်နှာပြင် နှင့် ခလုတ်များ၊

·       ကားထိုင်ခုံအစွပ်များ၊

·       ကားထိုင်ခုံခါးပါတ်များ၊

·       မှန်များ၊

·       ယာဉ်မောင်း နဲ့ စီးနှင်းသူ တို့ရဲ့ လက်တင်နေရာများ၊

·       ယာဉ်မောင်း နဲ့ စီးနှင်းသူ ကားထိုင်ခုံ adjustment levers & grab handles များ ကို သန့်စင်ရှင်းလင်းပေးရပါမယ်။

ကားအတွင်းပိုင်းများကို သန့်စင်တဲ့ အခါတွင် touch screens and electronics တွေကို သေချာဂရုပြီး သန့်စင်ပေးရပါမယ်။ ကားရဲ့ steering wheel ကို အချိန်ပိုပေးပြီး သန့်စင်ပေးလိုပါတယ်။ ကားထဲမှာလည်း hand sanitizer and disinfectant wipes တို့ကို အမြဲဆောင်ထားပြီး steering wheel နှင့် အခြားမျက်နှာပြင်များ ကို မထိတွေ့မီ သန့်စင်ပေးပြီးမှ ကိုင်တွယ်ထိတွေ့ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

ဘယ်လို သန့်ရှင်းသင့်သလဲ။

ဆပ်ပြာ၊ ‌ရေ၊ 70% isopropyl alcohol တွေက household products များထဲမှာ coronavirus ကို အများဆုံး သန့်စင်ပေးနိုင်တဲ့ Basic products တွေ ဖြစ်ပါတယ်။ ကားကို မသန့်ရှင်းမီ မိမိလက်ကို အရင်ဆုံး စက္ကန့် ၂၀ ဆေးကြောပေးရပါမယ်။ ထို့နောက် disposable gloves ကို ဝတ်ဆင်ရပါမယ်။ ကားကို သန့်စင်ပြီးချိန်မှာလည်း ချက်ခြင်း အသုံးမပြုဘဲ မိနစ် အနည်းငယ် စောင့်ဆိုင်းပေးရပါမယ်။ သန့်စင်ပြီးပေမယ့် ကား အတွင်းရှိ ပိုးများ သေဆုံးနိုင်ရန် အချိန်ပေးရတာ ဖြစ်ပါတယ်။ သတိပြုစရာ ကတော့ ကားထိုင်ခုံများဟာ leather and leather seats  တွေဖြစ်တာကြောင့် alcohol-based products တွေကို မကြာခဏ အသုံးပြုမယ်ဆိုရင် urethane coating များကို ပျက်စီးစေပါတယ်။ ဒါကြောင့် ကားထိုင်ခုံ နဲ့ ကားထိုင်ခုံအစွပ် တွေကို သန့်စင်တဲ့ အခါ မှာ ရေအနည်းငယ်နဲ့ ဆပ်ပြာအနည်းငယ် ကိုသာ အသုံးပြုပြီး ညင်သာစွာ ဆေးကြောပေးခြင်းဖြင့် သန့်စင်ပေးနိုင်ပါတယ်။

ကားအတွင်းလေသန့်စင်အောင်ပြုလုပ်ပေးတဲ့ ကိရိယာ Air Ionizer နဲ့လည်း In-Cabin air quality ကိုပိုမိုကောင်းမွန် သန့်စင်အောင် လုပ်ပေးလို့ရပါတယ်။ မိမိရော မိမိကားပါ အမြဲဂရုပြုသန့်စင် ပေးပြီး Covid-19 ကပ်ရောဂါကြီးကို အတူတူ ကာကွယ်ကြမယ်နော်။


Comments