Dashboard ပေါ်မှာပေါ်လာတဲ့ အမှတ်အသားလေးတွေ ကဘာတွေလဲ?

ကားတစ်စီးပိုင်ဆိုင်ပြီဆိုရင် ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်ရုံနဲ့ပြီးရောလားဆိုရင် မဟုတ်ပါဘူး။ ကားမောင်းပြီဆိုတာနဲ့ ကားနဲ့ပတ်သက်တဲ့အခြေခံ အချက်လေးတွေကို သိရှိထားဖို့ လိုအပ်ပါတယ်။ Dashboard ပေါ်မှာပေါ်လာတဲ့ အမှတ်အသားလေးတွေကိုလည်း သိရှိဖို့လိုအပ်ပါတယ်။ ဒါမှလည်း  မချို့ယွင်းခင် အချိန်မီ ကောင်းမွန်စွာနဲ့ ထိန်းသိမ်းနိုင်မှာပါ။  အခုတစ်ခါမှာတော့ သတိပေးအချက်ပြမီး ( warning light) နဲ့ ပတ်သက်တဲ့ အမှတ်အသားတစ်ချို့အကြောင်းကို မျှဝေပေးလိုက်ပါတယ်။



A. Anti-lock Braking System or Brake Assist System ချို့ယွင်းနေသည်။

B. Charging System ချို့ယွင်းနေသည်။

C. Electric Power Steering System ၌ပြဿနာရှိနေသည်။

D. Engine Oil Pressure လျော့နည်းနေသည်။

E. Fuel level လျော့နည်းမှုကို အချက်ပြနေသည်။

F. Washer fluid လျော့နည်းနေသည်။

G. SRS airbags (သို့မဟုတ်) အသက်ကယ်ခါးပတ် ချို့ယွင်းမှုကို အချက်ပြနေသည်။

H. Tire inflation pressure လျော့နည်းနေသည်။

လုံခြုံရေးအတွက် အရေးကြီးတဲ့အမှတ်အသား ဥပမာ  Air Bags , Brake System တို့ဆိုရင် အချိန်မဆွဲပဲ  Service Center မှာကျွမ်းကျင်တဲ့ Technicians တွေနဲ့အမြန်ဆုံး ဆွေးနွေးပြုပြင်သင့်ပါတယ်။

Comments