ကလေးကားထိုင်ခုံကိုထိန်းချုပ်ပေးထားတဲ့ ISOFIX Safety System

 


လုံခြုံစိတ်ချ ရတာထက် ပိုပြီး လုံခြုံနေစေချင်တာကလည်း လူတိုင်း လူတိုင်း ပါပဲ ။ များသော အားဖြင့် မိဘတိုင်း ရဲ့  ချစ်ခြင်း မေတ္တာ အရ သားသမီး အပေါ် ပိုပြီး လုံခြုံစေချင် ပါတယ်။ ဟိုတစ်ပတ် က safety features တွေ ရေးရင်း ISOFIX အကြောင်းလေး ကိုထည့်‌ရေးထား တာလေး ပြန်တွေးမိပြီး ISOFIX ဆိုတာ ကလေးထိုင်ခုံတွေ ကို ဘယ်လို အထောက်အကူပြုလုံခြုံစေ သ လဲ?  ထိုင်ခုံခါးပတ်ထက် ပိုပြီး စိတ်ချမှု့ ရစေလား?  ဆိုတာ ကလေးတွေ နဲ့ အမြဲသွားလာနေရတဲ့ မေမေ ဖေဖေ တို့အတွက် Sharing လုပ်ပေးလိုက်ပါတယ်။ ဒါ့အပြင် ISOFIX က ဘယ်နေရာတွေ မှာ ရှိသလည်း ဘယ်လို တပ်ဆင်ရမလဲ ဆိုတာကိုပါ မျှဝေပေးလိုက်ပါတယ်။

ကား တစ်စီး မှာ လုံခြုံရေး အတွက် များစွာသော နည်းပညာတွေပါဝင်ပါတယ် ISOFIX ဆိုတာဟာလည်း နည်းပညာ တစ်ခုပါပဲ ။ ကလေးတွေ နဲ့ ခရီး သွားလာရတဲ့ အခါ ကလေးတွေ ကို လမ်းခရီး တစ်လျှောက် လုံခြုံမှု့ ပေးနိုင်ဖို့ က ပထမ ဉီးစားပေး ဖြစ်ပါတယ်။

ISOFIX ဆိုတာဘာလဲ?

ISOFIX ဆိုတာကတော့ နိုင်ငံတကာ သတ်မှတ် စံချိန်စံညွှန်း အတိုင်း ထည့်သွင်း တပ်ဆင်ပေးထားတဲ့ Car Seat Fitting စနစ် ဖြစ်ပါတယ်။ ISOFIX က Child Car Seat ကို ကား နဲ့ ကားထိုင်ခုံကြား ထိန်းချုပ်ပေးထားတဲ့ System ဖြစ်ပါတယ်။ ISOFIX system စတင်အသုံးပြုတပ်ဆင် ရတဲ့ မိဘတွေ အနေနဲ့ Child Car Seat ကို လွယ်ကူ အခက်အခဲ မရှိဘဲ တပ်ဆင်အသုံးပြုနိုင်သလို အချိန်အကြာကြီးမပေး ရပဲ ပြန်လည် ဖြုတ်ယူနိုင်ပါ တယ်။

 ISOFIX က ဘာလို့ လုံခြုံစိတ်ချ ရတာ လဲ?

ဒီ စနစ်က ကလေးကားထိုင်ခုံ နဲ့ ကားထိုင်ခုံ ကို နီးကပ်စွာ ထိန်းချုပ်ပေးထား တဲ့ စနစ်ဖြစ်တာကြောင့် မတော်တဆမှုတစ်ခု ဖြစ်ခဲ့ရင် ကလေးထိုင်ခုံကို  ဘေးဘက်ကို မ ချော်ထွက်စေဘဲ ထိုင်ခုံမှာသာ အနည်းငယ်သော လှုပ်ရှားမှု့ ကို ဖြစ်ပေါ်စေပါတယ်။ တခါတလေ တခုခုကို ရှောင်ရှား ဖို့ အတွက် ကားဘရိတ် ကို ရုတ်တရက် အသုံးပြုရ တဲ့ အချိန်တွေ မှာ ကလေးကားထိုင်ခုံက အရှေ့ဘက်ကို ချော်မထွက်လာဘဲ ကား ထိုင်ခုံ မှာသာ ရှိနေစေပါတယ်။ ဒီ အချက်တွေကြောင့် ကားထိုင်ခုံခါးပတ် နဲ့ ISOFIX စနစ် ဘယ်တစ်ခုက ပိုပြီး လုံခြုံစိတ်ချစေ သလဲ ဆိုတာ ကို သိရှိနိုင်ပါတယ်။ ဒါေပမဲ့ ISOFIX စနစ် ကိုသေချာတပ်ဆင်ဖို့ လိုအပ်ပါတယ်။

 ISOFIX ကို ဘယ်လိုမျိုး လုံခြုံစိတ်ချရအောင် တပ်ဆင်အသုံးပြုကြမလဲ?

·       ပထမဆုံး ကားထိုင်ခုံမှာ ပါတဲ့ ISOFIX fixing point နေရာကို သိရပါမယ်များသော အားဖြင့် ကားရဲ့ ဒုတိယခုံတန်းမှာ တွေ့ရပြီး ကား Cushion နဲ့ ကား ထိုင်ခုံ ဆုံမှတ်အတွင်းမှာ ထည့်သွင်းပေးထားတဲ့ Metal Rings က ISOFIX ပါပဲ ။

·       Child Car Seat base က ISOFIX တပ်ဆင်ရမယ့် Metal Bars နှစ်ခု ဆွဲထုတ်ရပါမယ်

·       ထိုနောက် ISOFIX (Metal Rings) တွင်တပ်ဆင်ပေးရပါမယ်။  

·       တပ်ဆင်ပြီးပါက Child Car Seat base ကို နောက်သို့ တွန်းပေးရပါမယ်  CLICK” ဟု အသံမြည်ပြီ ဆိုပါ က ISOFIX System ကိုတပ်ဆင်ပေးပြီး ဖြစ်ပါတယ်။ သေချာစစ်ဆေးပြီးရင်တော့ Child Car Seat ကို တပ်ဆင်အသုံးပြုနိုင်ပါပြီ ။

ISOFIX ပါတဲ့ Toyota  ကားလေးတွေကို ကြည့်ချင်တယ်ဆိုရင် ဒီ Link လေးမှာ ဝင်ကြည့်လို့ရပါတယ်နော်။

Comments