Battery စွမ်းဆောင်ရည်ကျ နေပြီ.. အကြာကြီး သုံးလို့ရအောင် ဘယ်လိုလုပ်ရမလဲ?




Batteryတစ်လုံးရဲ့ သက်တမ်းဟာဘယ်လောက်ရှိတယ်ဆိုပြီးတော့ ပုံသေပြောလို့မရပါဘူး။ ကားတာယာလိုပဲ မောင်းတဲ့သူရဲ့ အသုံးပြုပုံနဲ့ အများကြီးသက်ဆိုင်ပါတယ်။ Battery တွေဟာပျမ်းမျှအားဖြင့်တော့ နှစ် ကနေ ၅နှစ် အထိကောင်းကောင်း အသုံးခံပါတယ်။

Battery ကို အကြာကြီး သုံးလို့ရအောင် ဘယ်လိုလုပ်ရမလဲ?

ရိုးရှင်းတဲ့နည်းလေးတွေမို့ လုပ်ရလွယ်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့

·       ကားကိုပုံမှန်စစ်ဆေးမှူ့ ( Regular Vehicle Maintenance) ပြုလုပ်ပါ။ Service Technician က Battery အပါအဝင် ကီလိုအလိုက် စစ်ရမဲ့ အချက်တွေကိုစစ်ဆေးပေးပါလိမ့်မယ်။  Battery ကိုသုံးနှစ်လောက် အသုံးပြုပြီးပြီဆိုရင်တော့ ၆လတစ်ခါ Battery ကို စစ်ဆေးပေးဖို့ အကြံပြုချင်ပါတယ်။

·       ဖုန်းတို့ တခြားအားသွင်းရမဲ့အရာတွေကို car plug-ins မှာမသွင်းပဲ အိမ်မှာ ရုံးမှာ သွင်းတာဟာ Battery သက်တမ်းကိုပိုကြာစေမှာပါ။

·       ကားရှေ့မီးကြီးတွေကို မလိုအပ်ရင်ပိတ်ပြီးမောင်းတာကလည်းBattery ကိုအကြာကြီး အသုံးခံ စေပါတယ်။

ဒီအောက်ကအချက်တွေကနေ Battery စွမ်းဆောင်ရည်ကျ နေပြီဆိုတာကို သိနိုင်ပါလိမ့်မယ်။

) စက်နှိုးသည့်အချိန် မော်တာလှည့်နိုင်အား နှေးလာခြင်း

စက်နှိုးတဲ့အချိန်မှာ အင်ဂျင်လည်ပတ်စေဖို့ အတွက် စတာတာမော်တာ စတင်လည်ပတ်ရပါတယ်။ စတာတာမော်တာ လည်ပတ်ဖို့ လိုအပ်တဲ့ လျှပ်စစ်အားကို Battery ကထုတ်လွှတ်ပေးရတဲ့အတွက် Battery စွမ်းဆောင်ရည်ကျနေမယ်ဆိုရင် အင်ဂျင်လည်ပတ်နိုင်မှူ့ကလည်း နှေးနေမှာဖြစ်ပါတယ်။အဲ့ဒီအခြေအနေ ဖြစ်နေပြီဆိုလျှင် Battery ကိုချက်ခြင်းစစ်ဆေးပြီး လိုအပ်ပါက လဲလှယ်သင့်ပါတယ်။

) လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းများ စွမ်းဆောင်ရည်ကျလာခြင်း

Battery ဟာ ရေဒီယို ရှေ့မှန်ဝိုက်ပါများ အတွင်းခန်းဒက်ရှ်ဘုတ်တွင်ရှိသောမီးများ ပါဝါဝင်ဒိုး ပါဝါထိုင်ခုံများ ရှေမီးကြီး အစရှိတဲ့ ကားမှာပါရှိတဲ့ လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းများအားလုံးကို လျှပ်စစ်အားပံ့ပိုးထုတ်လုပ်ပေးရပါတယ်။ဒါ့အတွက်ကြောင့် လျှပ်စစ်အစိတ်အပိုင်းများ ကောင်းစွာ အလုပ်မလုပ်တဲ့ အခြေအနေဖြစ်နေတယ်ဆိုရင် Battery ချွတ်ယွင်းမှု့ဖြစ်နေနိုင်ပါတယ်။

) ဒက်ရှ်ဘုတ်တွင် (သို့) ဒိုင်ခွက်တွင် ရှိသောအသိပေး အချက်ပြမီးများ

Battery စနစ် ဒါမှမဟုတ် Alternator (အားသွင်းစနစ်) နဲ့ တခြား လျှပ်စစ်အစိတ်အပိုင်းစနစ်များမှာ ချွတ်ယွင်းမှု့များရှိနေရင် ဒက်ရှ်ဘုတ် (သို့) ဒိုင်ခွက်မှာ တွင် Battery ပုံသဏ္ဌာန်ရှိအသိပေး အချက်ပြမီးလင်းလာမှာဖြစ်ပါတယ်။ 

ခရီး‌‌‌‌‌‌ဝေးမသွားခင်ကားကိုစစ်ဆေးတဲ့အခါ Batteryကိုလည်း စစ်ဆေးဖို့ မမေ့သင့်ပါဘူး။ အကောင်းဆုံး ကတော့ကိုယ်သွားနေကျ Service Centerမှာခရီးဝေးသွားမှာမို့ ကားစစ်ပေးပါလို့ပြောရင်တော့ သူတို့က လိုအပ်တာတွေ အကုန်စစ်ဆေးပေးပါလိမ့်မယ်။  

Comments