ကားတစ်စီးမဝယ်ခင် ဘယ်လိုမျိုးကားက ကိုယ့် အတွက် လိုအပ်လဲ စဉ်းစားကြည့်မယ်။



မိမိ က ခုမှ ကားတစ်စီးကို စတင်ပြီး ဝယ်မယ့် ဝယ်သူအသစ်လား ဒါမှမဟုတ် လက်ရှိကားတစ်စီးရှိနေတော့  ကားအသစ်မဝယ်တာအကြာကြီးရှိပြီး ခုမှ ပြန်ဝယ်မယ့် သူလား။  ကားတစ်စီးကို ရှာတဲ့အခါ ကိုယ်ရဲ့ လိုအပ်ချက်တိုင်းနဲ့  ပြီးပြည့်စုံအောင်ကိုက်ညီတဲ့ ကားမျိုး တွေ့ဖို့ဆိုတာ အမြဲတမ်းမလွယ်ကူပါဘူး။ ကားဝယ်မယ် ဆိုတာ နဲ့ ကားတစ်စီး ကို ရွေးချယ်တဲ့ အခါ ရွေးချယ်စရာ ရာပေါင်းများစွာ တွေ့လာပါလိမ့်မယ်။ ကားတစ်စီးမဝယ်ခင် ဘယ်လိုမျိုးကားက ကိုယ့် အတွက် အမှန်တကယ်လိုအပ်လဲ ဆိုတာ သေချာလေ့လာပြီး ဝယ်ယူမယ်ဆိုရင် ကိုယ့်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကားတစ်စီး ကို ရရှိနိုင်မှာပါ။

ကားတစ်စီးမဝယ်ခင် ဘယ်လိုအချက်တွေ စဉ်းစားဖို့လိုသလဲ?

ယနေ့ အချိန်အခါ မှာတော့ ရွေးချယ်စရာတွေက တော့ အများကြီး ပါပဲ။ အရင်ဆုံး အနေနဲ့ ဘယ်လိုကား အမျိုးအစားက မိမိလိုအပ်ချက်နဲ့ကိုက်ညီသလဲဆိုတာကို သိဖို့ ဒီအချက်လေးတွေကို အရင်စဉ်းစား သင့်ပါတယ်။

  ဘယ်နှစ်ယောက်စီး ဝယ်ဖို့လိုအပ်သလဲ?

 နေ့စဉ် ကိုယ်မောင်းနှင် အသုံးပြုနေရတဲ့ လမ်းတွေ က အဝေးပြေးလမ်းမကြီးတွေများလား? မြို့ပြလမ်းမတွေများလား? လမ်းကြမ်းတွေများလား?

 ကိုယ်ကခရီးရှည်တွေ အမြဲသွားနေရတယ်ဆိုရင် လောင်စာဆီ သက်သာဖို့ ကရော အရေးကြီးသလား?

  All-wheel drive မျိုးကို လိုချင်တာလား?

 ဘယ်လိုမျိုး Features တွေရော ကိုယ့်အတွက် မရှိမဖြစ် လိုအပ်သလဲ? ( For example: Front & Back camera, Apple car play, Kick sensor.....)

 Safety Features တွေကရော အရေးကြီးပါသလား? ( For example : Blind-spot monitoring system, Lane departure warning, Automatic emergency braking.....)

 ကလေးတွေ ရှိနေတယ် ဆိုရင် ကလေးတွေ အတွက် Child Seats တွေသုံးမှာလား?

 ကားရပ်ရန်နေရာအတွက် အဆင်ပြေစေဖို့ လိုသလား?

စတဲ့ အချက်လေးတွေ ကို အခြေခံပြီး အရင်စဉ်းစားသင့်ပါတယ်။

ဘယ်လိုမျိုးကားက ကိုယ့် အတွက် အမှန်တကယ်လိုအပ်လဲ?

ကားအမျိုးအစား အများကြီး ထဲက ကိုယ့် အတွက် လိုအပ်တာ က  (Sedan, SUV, MPV, Luxury, Pick-up truck, Commercial Vehicle) ဘယ်လိုကားမျိုးလဲ ကိုယ့်မှာကလေး ရှိတယ် သူ့အတွက်ရော ကိုယ့်အတွက်ပါ အဆင်ပြေစေပြီး စိတ်ချလုံခြုံရမယ့် ( Child Seat ISOFIX) ပါတဲ့ အပြင် မိသားစု သုံးဖို့ အတွက် ပါ ဆိုရင် တော့  mini -MPV (or ) SUV မျိုးကားကအဆင်ပြေပါလိမ့်မယ်။  ကိုယ်က စီးပွားရေးသမားတစ်ယောက် ကိုယ်ရဲ့  စီးပွားဖက် client တွေနဲ့ အမြဲ တွေ့နေရတာ နေ့စဉ်နဲ့ အမျှ သွားလာနေရတဲ့ လူမျိုးဆိုရင် သက်တောင့်သက်တာ ခံစားမှု့ပေးနိုင်မယ် ကားရဲ့ အသွင်ပြင်ကလည်း Luxury ဆန်တာမျိုး နည်းပညာပိုင်းဆိုင်ရာ Safety Feature တွေ ပါတဲ့ Sedan (or ) SUV ကားမျိုးပေါ့။ ကိုယ်က လုပ်ငန်းအတွက် မိသားစု အတွက်ပါ လိုအပ်တာ ဆိုရင် all in one  အကြမ်းခံပြီး စွမ်းဆောင်ရည် မြင့်တဲ့ Pick-up truck လိုကားမျိုးပေါ့

ကိုယ့်အတွက်ဘယ်လိုကားမျိုးကိုလိုအပ်လဲဆိုတာသိပြီးပြီ ဆိုရင် အရင်ဆုံးOnline ကနေ ဘယ်လိုကားမျိုးတွေ ရနိုင်ပြီး ဘယ်ဈေးတွေရှိလဲဆိုတာကို Showroom တွေရဲ့ Facebook Pages Websites တွေမှာအရင် ရှာဖွေကြည့် သင့်ပါတယ်။

Comments