ကားလေးကို ရေမဆေးဖြစ်တာ ဘယ်လောက်ကြာပြီလဲ။


အပြင်တွေလဲမသွားဖြစ်တော့ ကားလေးကို ရေမဆေးဖြစ်တာ ဘယ်လောက်ကြာပြီလဲ။

သန့်ရှင်းနေတဲ့ ကားလေးကြောင့် မောင်းနှင်တဲ့သူ၊ မြင်ရတဲ့သူသာ စိတ်ပျော်ရွှင် ရတာမဟုတ်ဘဲ ကားကိုလည်း ကောင်းစွာ မောင်းနှင်လည်ပတ်နိုင်စွမ်းကို ဖြစ်စေပါတယ်။ ကားတစ်စီး ကို သန့်စင်အောင် ဆေးကြောပေး ရတာ မခက်ခဲပါဘူး။ ဒါပေမယ့် မိမိကားကို မကြာခဏ သန့်စင်ဆေးကြော ပေးဖို့ကို အလုပ်တွေမအားလို့ ဆိုပြီး ပစ်ထားတတ်ကြပါတယ်။ ဒါကြောင့် မိမိကားကို ခုပဲ အကောင်းဆုံး ဆေးကြောသန့်စင် ပေးလိုက်ရအောင်။

ဆေးကြောပေးခြင်းက ကားကိုကြည့်ကောင်း စေရုံသာမက အမြဲတမ်း ကားသစ်တစ်စီး ကဲ့သို့ ထိန်းသိမ်းပေးရာ လည်းရောက်ပါတယ်။ကားရဲ့ကိုယ်ထည်ပေါ်မှာ ပိုးကောင်တွေ၊ငှက်တွေရဲ့ အညစ်အကြေး တွေ၊ အမှုန်အမွှားတွေ အပြင်မမြင်နိုင်တဲ့ ဓာတုအညစ်အကြေး စတာတွေက ကားကိုယ်ထည်ပေါ်မှာ စုပုံများပြားလာရင် ကားဆေးရောင် ဖယောင်းသားတွေ ပျက်စီးပြီး ဆေးပြန်မှုတ်ပေးရမယ့် အခြေအနေတွေ ဖြစ်လာမယ်။ ကားကို မပျက်စီးစေဖို့ ကာကွယ်ပေးထားတဲ့ layer တွေ မရှိတော့ရင်ဖြင့် သံချေးတက်နိုင် တဲ့ အဆင့်ပါ ရောက်သွားနိုင်ပါတယ်။

ကိုယ်ကိုယ်တိုင် ဆေးကြောသန့်စင်မယ် ဆိုရင် သတိထားသင့်တဲ့ အရာလေးတွေ ကိုလည်း သိထားရပါမယ်။ အိမ်သုံး သန့်စင်ဆေးရည်တွေ ( ဥပမာ အဝတ်လျှော်ဆပ်ပြာမှုန့် Glass Cleansing စတာတွေ) ကို လုံးဝ မသုံးမိပါစေနဲ့။ ဘာဖြစ်လို့လဲ ဆိုရင် ကားရဲ့ကိုယ်ထည်ပေါ်က Protective wax ကို ပျက်စီးစေလို့ပါပဲ။ ဒါကြောင့် ကားအတွက် သီးသန့် ထုတ်ထားတဲ့ ဆေးကြောသန့်ရှင်းရေး Product တွေကိုသာ အသုံးပြုပေးပါ။

ကားရဲ့ အပြင်ဘက်ပိုင်း ကိုပဲ သန့်ရှင်းပေးနေ ရမှာမဟုတ်ဘဲ ကားအတွင်းဘက်ပိုင်း နဲ့ ကားအင်ဂျင်အပြင်ဘက် တွေကိုပါ သန့်စင်ရှင်းလင်း နေအောင် ထိန်းသိမ်းဖို့ က လည်း အရေးကြီးပါတယ်။ အင်ဂျင်ပေါ် အညစ်အကြေးတွေ ကြာကြာစုပုံလာရင် ရေရှည်အတွက် မကောင်းတဲ့ ပါဘူး။ ဘယ်လို သန့်စင် ရမလဲဆိုရင် အင်ဂျင်အေးသွားတဲ့ အခါ ရေစိုအဝတ်လေးနဲ့ အတွင်းခန်းက အသေးအဖွဲ အညစ်အကြေးလေးတွေ ကို သန့်စင်ပေး လို့ရပါတယ်။ အင်ဂျင်ခန်း သန့်စင် ဖို့ အတွက် Special Cleaner စက်တစ်လုံးဝယ်လို့ရသလို၊ မဝယ်ဘူးဆိုရင်လည်း ရေနွေး နဲ့ အဝတ်စလေး ရှိရင်လုံလောက်ပါတယ်။ အင်ဂျင်ကိုသန့်စင်ဆေးကြော ပေးတဲ့အတွက် ကားဟာ မောင်းနှင်ချိန်မှာ စွမ်းဆောင်ရည် အကောင်းဆုံး အနေအထားနဲ့ ရှိနေမှာဖြစ်ပါတယ်။


Comments