သင့်ကားလေးလည်း သန့်စင်တဲ့အောက်ဆီဂျင်လိုအပ်ပါတယ်။

 


လူတွေရဲ့ အသက်ရှုစနစ်မှာ ရှုသွင်းလိုက်တဲ့လေတွေထဲက အောက်ဆီဂျင်ကို သွေးကြောတွေထဲပို့လွှတ်ပေးဖို့ အဆုတ် (lungs) ဟာအလွန်အရေးပါတဲ့အလုပ်ကို လုပ်ပေးပါတယ်။ ကိုယ့်ကားလေးရဲ့  အင်ဂျင်လေစစ် ( Engine Air Filter) ကိုလည်း ကားလေးရဲ့ အဆုတ်တစ်ခုလို့ မှတ်ယူကြည့်ရအောင်။ ကိုယ့်ကားရဲ့  အင်ဂျင်လေစစ်က ကောင်းမွန်တဲ့ အဆုတ် (lungs) တခုလို ဖြစ်နေမှ ကားအင်ဂျင်ကလည်း ကောင်းစွာ လည်ပတ်နိုင်ပါလိမ့်မယ်။ သန့်စင် နေတဲ့  အင်ဂျင်လေစစ် ( Engine Air Filter) က အကောင်းဆုံး acceleration ( အရှိန်) တခုကို ရရှိရုံ သာမက လောင်စာဆီ သုံးစွဲမှု့ ကိုပါ လျော့ကျ စေပါတယ်။


ကားအတွက် အင်ဂျင်လေစစ်
က ဘာလို့ အရေးပါပါသလဲ။

ကား ရဲ့ အင်ဂျင်က လေနှင့်လောင်စာရောစပ်မှု့အပေါ် အကောင်းဆုံး အလုပ်လုပ် ပေးပါတယ်။  လေနှင့်အတူ ကားရဲ့ အင်ဂျင် ထဲကို စုပ်ယူလိုက်တဲ့ အညစ်အ‌ကြေး၊ ဖုန်မှုန့် ၊ သဲ တွေက အင်ဂျင်ကောင်းစွာ လည်ပတ်နိုင်စွမ်း ကိုပျက်စီး စေပါတယ်။ အင်ဂျင်လေစစ် ဆိုတာက စုပ်ယူလိုက်တဲ့ လေ (oxygen) မှာပါ လာတဲ့  ဖုန်မှုန့် ၊ သဲ၊ အညစ်အကြေးများနှင့် ရေခိုး ရေငွေ့ တွေကို သန့်စင် ဖယ်ရှားပေးတဲ့ အရာ ဖြစ်ပါတယ် ။ အင်ဂျင် စနစ်ကောင်းမွန်စွာ လည်ပတ်နိုင်ရန် လိုအပ်တဲ့ လေ(oxygen) ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး အင်ဂျင်အတွင်းပိုင်း အပူချိန် အတွက် ရရှိရမယ့် လေပမာဏ ကိုလည်း ကောင်းမွန်စွာ ပေးပို့ပြီး အင်ဂျင်ကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။

အရည်အသွေး မပြည့်မီတဲ့ လေစစ် ကို တပ်ဆင် သုံးစွဲခြင်း ဒါမှမဟုတ်  ပုံမှန် မလဲလှယ်ခြင်း က ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာစေမလဲ?

အရည်အသွေး မပြည့်မီတဲ့ လေစစ် တွေက အမြင်အားဖြင့် ဆင်တူပေမယ့် စွမ်းဆောင်မှု့ မတူတာကြောင့် အထူးသတိထားပေး ဖို့ လိုပါတယ်။ အင်ဂျင်လေစစ် ( Engine Air Filter) ကို ပုံမှန် မလဲလှယ် မိပါက လေစစ်ပိတ်သွားပြီး လေ၀င်တဲ့ လမ်းကြောင်းမှာအညစ်အကြေး တွေ စုပုံ လာပြီး အင်ဂျင်ပါ၀ါ နှင့် လောင်စာဆီစား သက်သာမှု့ ကိုပါ  ထိခိုက်စေပါတယ်။ ဒါ့အပြင် အင်ဂျင် တုံ့ဆိုင်းခြင်း ကိုပါ ဖြစ်လာပြီး ကား လျင်မြန်စွာ မောင်းနှင်စွမ်းမရှိ တဲ့ အခြေအနေကို ကြုံတွေ့ လာပါမယ်။

အင်ဂျင်လေစစ် ကို ဘယ်တော့ လဲရမလဲ???

ကီလို ၅၀၀၀ တိုင်း ပုံမှန် သန့်ရှင်းရေး လုပ်ရန်လိုအပ်ပြီး ကီလို လေးသောင်း ရောက်တိုင်း လဲရန်လိုအပ်ပါတယ်။ တကယ်လို့ ကားကို ဖုန်ထူ၊ သဲထူ တဲ့ ပတ်၀န်းကျင်မျိုးမှာ အသုံးများတယ် ဆိုရင် မကြာမကြာ သန့်ရှင်းပေးရန် အထူးလိုအပ်ပါတယ်။

အရည်အသွေးပြည့်ဝသော လေစစ် (Genuine Filter) တွေက စွမ်းဆောင်ရည်မြင့်မား ပြီး အရည်အသွေး ပြည့်ဝတဲ့ လေစစ်က ကားမော်ဒယ်တစ်မျိုးစီ နဲ့ ကိုက်ညီပြီး အရည်သွေးမြင့်ဒီဇိုင်း ကို အဓိကထား ထုတ်လုပ်ထားခြင်း၊ အင်ဂျင်သို့ ပို့သွင်းပေးတဲ့ လေပမာဏ ကို အကောင်းမွန်ဆုံး ရရှိအောင် ထုတ်လုပ်ထားခြင်း၊ အင်ဂျင်အတွင်းပိုင်းသို့ ဝင်ရောက်သွားသော လေမှာ ပါဝင်လာမယ့် အညစ်အကြေးတွေကို ပိုမိုကောင်းမွန် သေချာစွာ ဖယ်ရှားပေးခြင်း ဆိုတဲ့ အားသာချက်တွေ ရှိပါတယ်။

ဒါကြောင့် စစ်ဆေးပါ လိုအပ်ပါက လဲလှယ်ပေးပါ။ သင့်ကားလေး ကျန်းမာနေဖို့ လိုအပ်ပါတယ်။

Comments