ကားရဲ့ Lighting စနစ် လေးတွေကို ကိုယ်ကိုတိုင် ဘယ်လိုစစ်ဆေးလို့ ရလဲ?


 

မိမိရော မိမိယာဉ်ပါ ဘေးကင်းလုံခြုံစွာ ရှိနေစေ ဖို့  Lighting စနစ်တွေကလည်း အများကြီး အထောက်အကူပြုပေးတဲ့ စနစ် ဆိုလည်း မမှားပါဘူး။ မိုးရာသီ မှ မဟုတ်ဘဲ နေ့ရော ညပါ အချိန်မရွေး နေရာမရွေး မိမိကား ကို မောင်းနှင် အသုံးပြုနေ သ၍ Lighting စနစ်တွေ က မြင်ကွင်းကို ကြည်လင်ပြတ်သားစွာ မြင်နိုင်စွမ်းပေးရုံသာမက တခြားယာဉ်တွေ နဲ့ လမ်းပေါ်မှာ သွားလာလှုပ်ရှားနေတဲ့ အရာတွေအားလုံးကလည်း မိမိယာဉ်ကို သိသိသာသာ သတိပြုမိစေနိုင်ပြီး လုံခြုံမှု့ကို ရရှိစေဖို့ကိုပါ အထောက်ကူ ပြုစေပါတယ်။

အရင်ဆုံး ကားတစ်စီး မှာ ရှိတဲ့  Lighting စနစ်တွေကို ပြောပြပါမယ်။ အားလုံး ရင်းနှီးပြီးသား ဖြစ်တဲ့ ကားတစ်စီး ရဲ့ ရှေ့မီးကြီး၊ နှင်းခွဲမီး၊ ဘရိတ်မီး၊ အချက်ပြမီး၊ စုံမီး၊ စသည့်မီးစနစ်များ ပါဝင်ပြီး  ရာသီဉတုနှင့်အချိန်ခါပေါ်မှုတည်ပြီးဘေးကင်းလုံခြုံစွာမောင်းနှင်နိုင်စေရန် အဆိုပါမီးများ ကောင်းမွန်စွာ အလုပ် လုပ်ခြင်းရှိ/မရှိ ကို  ပုံမှန်စစ်ဆေးဖို့က အလွန်အရေးကြီးပါတယ်။

မိမိကားရဲ့ Lighting စနစ် လေးတွေကို ကိုယ်ကိုတိုင် ဘယ်လိုစစ်ဆေးလို့ ရလဲ ဆိုတာကို အကြံပြု မျှဝေပေး လိုက်ပါတယ်။

 

·       ရှေ့မီးကြီး

မိမိကား ရဲ့  ‌ရှေ့မီးများကို စစ်ဆေးဖို့ က အရမ်းကို လွယ်ကူရိုးရှင်းပါတယ်။ ကားစက်နှိုးပြီး ရှေ့မီးကို ဖွင့်ပါ။ ကားရှေ့မီးတွေ နှစ်ခုစလုံး အလုပ် လုပ်မလုပ်ကို သေချာစစ်ဆေးပါ။ မီးလုံးတွေ အကောင်းဆုံး အလုပ်လုပ် တာကို သိစေဖို့ ညဘက် ဒါမှ မဟုတ် ကားထားတဲ့နေရာ ကို အမှောင်ချထားပြီး ကားမီးကို နံရံဘက်သို့ (မိမိကား ကို နံရံဖက် သို့ မျက်နှာမူပါ) ဖွင့်ပေးပြီး မီးလုံးတွေကထွက်လာတဲ့ အလင်းအား ဟာတူညီမှူ့ရှိမရှိ ကိုစစ်ဆေးပေးရပါမယ်။

စစ်ဆေးတဲ့အခါ မီးသီးတစ်လုံးက အရောင်မှိန်နေမယ် သို့မဟုတ် အဝါရောင် ဖြစ်နေမယ် ဆိုရင် မီးလုံး အစားထိုးဖို့ လိုအပ်နေတာကို ပြနေပါပြီ။ မီးလုံးကို ၂ လုံးစလုံးလဲပေးခြင်းက ပိုပြီး ကောင်းပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အလင်းရောင်အား ကို ညီစေနိုင်ဖို့ရယ် နဲ့ မီးလုံး  ၂လုံး ကနေ ပြည့်စုံတဲ့ အလင်းရောင် ပုံစံ ကိုက်ညီမှု့ ကို ရနိုင်ဖို့ ဖြစ်ပါတယ်။ မီးလုံး အစားထိုးတာ မျိုးကို မလုပ်ခင်မှာ ဝါယာ connection ကိုလည်း ကောင်းမကောင်း စစ်ဆေးကြည့်တာက လည်း ပိုပြီး သေချာပါစေတယ်။

·       နှင်းခွဲမီး

‌‌ရှေ့မီးကြီး တွေကို စစ်ဆေးပေး သလို နှင်းခွဲမီးတွေကို ပါ တပြိုင်နက် စစ်ဆေးလိုက်ပါ။ နှင်းခွဲမီး တွေက ရှေ့မီးကြီး ထက် ပိုမှိန်ပါတယ်။ နှင်းခွဲမီး တွေကို ဖွင့်ကြည့်လိုက်ပါ။ မီးလုံးတွေ အလင်းအား တူညီမှု့ ရှိမရှိ စစ်ဆေးပေးပါ။ နှင်းခွဲမီး တွေ ရဲ့ အလင်းရောင် က ရှေ့မီးကြီး တွေလို အရမ်းကြီး ပတောက်ပ ပဲ အဝါရောင်လေး ပါ ။

·       ဘရိတ်မီး နှင့် နောက်ပြန်မီး

ဘရိတ်မီး နဲ့ နောက်ပြန်မီး တွေကို စစ်ဆေးဖို့ လူတစ်ယောက် တော့ လိုအပ်ပါတယ်။ တကယ်လို့ မရှိခဲ့ဘူး ဆိုရင် ကားထားတဲ့ ဂိုဒေါင်ထဲ မှာ စစ်ဆေးကြည့်ပါ။ နံရံများ ဒါမှမဟုတ် ကားဂိုဒေါင်တံခါးများ အပေါ်မှာ  အလင်းက ရောင်ပြန်ဟပ်နေတယ်ဆိုရင်လည်း စစ်ဆေးလို့ရပါတယ်။ စစ်ဆေးနေချိန် မှာ မီးလုံးတစ်လုံးက အလင်းရောင်သေချာ မထွက်တာ အရောင်မှိန်တာမျိုး ဖြစ်နေတာ ဆိုရင် နောက်ထပ် တစ်လုံးလည်း မကြာခင် အလားတူ ဖြစ်လာနိုင်ပါတယ်။  ဘရိတ်မီး နှင့် နောက်ပြန်မီး တွေ အရောင် က ရှေ့မီးကြီးတွေလိုပဲ တူညီစွာ တောက်ပနေဖို့ လိုအပ်ပါတယ်။

·       Turn Signals

အချက်ပြမီးများ (သို့) အချက်ပြစနစ်များဟာ အဓိကဘေးကင်းလုံခြုံရေးစနစ် များ ဖြစ်တာကြောင့် ၎င်းတို့ကိုလည်း သေချာစွာ စစ်ဆေးပေး ဖို့ လိုအပ်ပါတယ်။ ကားအတွင်းပိုင်းမှ နေပြီး အချက်ပြမီး စနစ် နဲ့  အတွင်းခန်း ရှိ  indicator  များ က လည်း ကောင်းမွန်စွာ အလုပ်လုပ်နေကြောင်း စစ်ဆေး ရပါမယ်။ အချက်ပြကွေ့ မီးတစ်ခု ဖွင့်ပြီး ကား ကို အပြင်သို့ ထွက်ကြည့်တာမျိုး ကို စမ်းသပ် ကြည့်ပါ။ ရှေ့နှင့်နောက်မီးလုံးနှစ်ခုလုံးကိုသေချာစစ်ဆေးပါ။အချက်ပြမီး ဖွင့်ထားတဲ့ဘက်က ပုံမှန်ထက်ပိုပြီး အလွန် လျင်မြန်စွာ မှိတ်လိုက်လင်းလိုက်ဖြစ်နေတယ်ဆိုရင်မီးသီးကိုအစားထိုးရန်လိုအပ်နေ ပါပြီ။

·       Indicator Lights

အချက်ပြမီးကအလုပ်မလုပ်တာကိုပထမဆုံးသတိပြုမိတဲ့အချိန် က မိမိကား က မောင်းနှင်း အသုံးပြု ဖို့ လမ်းပေါ်ရောက်နေတာမျိုး ဖြစ်နိုင်ပြီး အဲ့လို အခါမျိုးမှာ   ပထမ သဲလွန်စက အချက်ပြ အသံပြောင်းသွားတာပါ ။ လုပ်မလုပ်တဲ့ဘက်က ပုံမှန်ထက်ပိုသိသာနေပါ လိမ့်မယ်။ ဘယ်မီးပျက်နေတာလဲကိုသိဖို့ ကားရဲ့ အန္တရာယ်အချက်ပြမီးများ ( Hazard Lights) ကိုဖွင့်ပြီး  အလင်း၊ ရှေ့၊ နှစ်ဖက်၊ နောက်တိုင်းကိုစစ်ဆေးကြည့်ပါ။

·       Low Beam Lights စစ်ဆေးခြင်း

Low Beam Lights တွေ ကို စစ်ဆေး တဲ့ အခါ ရှေ့မီးများကို Low Beam အနေအထားသို့ပြောင်းပါ။ ကားရှေ့က နံရံပေါ်က ရောင်ခြည်တန်း ပုံစံကိုစစ်ဆေးခြင်း ဖြင့် မှန်မှန်ကန်ကန်အလုပ်လုပ်တာသေချာလား ဆိုတာ ကို အလွယ်တကူ သိနိုင်ပါတယ်။

·       High Beam Lights စစ်ဆေးခြင်း

High Beam Lights တွေကို စစ်တဲ့ အခါ အလင်းကနံရံအပေါ်ရောက်တာနဲ့ ‌ရောင်ခြည်တန်းက ပုံစံပြောင်းသွား တာကို မြင်နိုင်ပြီး အလင်းက နည်းနည်းပိုတောက်ပနေသင့်ပါတယ်။

·       Park Lights များ စစ်ဆေးခြင်း

Park Lights function များ ကို ဖွင့်ပြီး park & tail lights တွေ အလုပ်သေချာ လုပ်မလုပ် ကားပတ်ပတ်လည် ပတ်ကြည့် စစ်ဆေးရပါမယ်။

ယနေ့ခေတ် ကားတွေမှာ များစွာသော အပိုမီးများပါလာ ကြပါတယ်။ နေ့ဘက်ပြေးနေသောမီးများ (DRLs) များ၊ ဘေးမီးများ စသည် ဖြင့် မိမိ ကား တွင် တပ်ဆင်ထား လို့ပဲ ဖြစ်ဖြစ် တပ်ဆင်ပြီးသားပဲ ဖြစ်ဖြစ် မီး အားလုံး ကို ဖွင့်ကြည့်ပြီးအလုပ်လုပ်နေသည့်အခြေအနေ ဟုတ်မဟုတ် နဲ့ လိုအပ်တဲ့ အလင်းရောင် ကို ရမရ သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။ ဘယ်လိုမျိုး မီးလုံးအမျိုးစား တွေက မိမိကား နဲ့ မိမိ ကို မောင်းနှင် အသုံးပြုချိန် လုံခြုံ စေလည်း ဆိုတာကို သေချာ ရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်။

 

Comments