မော်တော်ယာဉ် ရဲ့ ဖွဲ့စည်းတည်ဆောက်မှု့ကို ဆန်းသစ်တီထွင်ပေးထားတဲ့ နည်းပညာ TNGA


နည်းပညာတွေ စနစ်တွေ တိုးတက်ခေတ်မီ လာချိန် Toyota ကလည်း ကားထုတ်လုပ်ရေး လုပ်ငန်းတစ်လျှောက် မှာ ပိုမိုကောင်းမွန်တဲ့ ကားတွေကို ထုတ်လုပ်ဖို့ အစဉ်တစ်စိုက် လုပ်ဆောင်နေခဲ့ ပါတယ်။ Toyota ကို အစဉ်အမြဲ ယုံကြည်စွာ အားပေနေတဲ့ ပရိတ်သတ်ကြီး အတွက် အကောင်းဆုံး ဆိုတာတွေ ကိုပဲ လုပ်ဆောင်နေခြင်း ကတော့  Toyota ရဲ့  “ Making Ever-better Car “ဆိုတဲ့ ခံယူချက် အတိုင်း Toyota New Global Architecture (TNGA) ကတဆင့် အခြေခံစွမ်းဆောင်ရည် နဲ့ ထုတ်လုပ်မှု့ ကို မြှင့်တင်နိုင်ဖို့ ကားတွေ ရဲ့ အခြေခံတည်ဆောက်ပုံ ကိုပြောင်းလဲပေးနေတာပါ ဖြစ်ပါတယ်။
TNGA ဆိုတာ ဘာပါလဲ??

TNGA ဆိုတာက မော်တော်ယာဉ် ရဲ့ အခြေခံတည်ဆောက်ပုံကို ပြောင်းလဲခြင်းဖြင့် မော်တော်ယာဉ် ရဲ့ ဖွဲ့စည်းတည်ဆောက်မှု့ကို ဆန်းသစ်တီထွင်ပေးထားတဲ့ နည်းပညာ တစ်ခုဖြစ်ပါတယ်။ TNGA နည်းပညာ မှတဆင့် powertrain စနစ် (အင်ဂျင်၊ ဂီယာ၊ HEV ယူနစ်) နဲ့ အခြေခံဘောင်များ (ကိုယ်ထည်) ကိုလုံးဝ ပြန်လည်ပြုပြင်ထားကာ အခြေခံစွမ်းဆောင်ရည်ဖြစ်သော မောင်းနှင်ခြင်း၊ လှည့်ခြင်း၊ ရပ်တန့်ခြင်းတို့ မှ လျင်မြန်သော တိုးတက်မှု့ လုပ်ဆောင်မှု့ ကို ပေးစွမ်း နိုင်မယ့် နည်းပညာ တစ်ခု အဖြစ် မျှော်မှန်းထားပါတယ်။ TNGA ကို concepts နှစ်ခုဖြစ်တဲ့ Core Strength နဲ့ Emphasized Personality တို့အပေါ် မူတည်ပြီး တည်ဆောက်ထားပါတယ်။ ဒါကြောင့် Toyota ရဲ့ TNGA နည်းပညာက ကိုယ်ထည် တောင့်တင်းမှုကိုပိုကောင်းစေပြီး အလယ်ဗဟိုဆွဲငင်အားကိုလျော့ကျစေပြီး တုန့်ပြန်ကိုင်တွယ်မှု၊ အရည်အသွေးမြင့်မောင်းနှင်မှု့ ၊ လုံခြုံမှု့ နဲ့ စိတ်ငြိမ်းချမ်းမှု့ ကိုပေးတဲ့ အရည်အသွေးမြင့် နည်းပညာတစ်ရပ် ဖြစ်ပါတယ်။

Toyota New Global Architecture နည်းပညာဒီဇိုင်း ရဲ့ အားသာချက်များကို လည်း ပြောပြပေး လိုက်ပါတယ်။

·       ယာဉ်မောင်းအား ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ရန် ဆွဲငင်အားရဲ့အလယ်ဗဟိုအောက်ပိုင်းဒီဇိုင်း

·       ကိုယ်ထည်တောင့်တင်းမှု့  (သုံးဆမှခြောက်ဆယ့်ငါးရာခိုင်နှုန်း) တိုးမြှင့်ထားခြင်း

·       ယာဉ်မောင်းအား ပိုမိုမြင်သာစေရန် သော lower cowl ဒီဇိုင်း

·       တုံ့ပြန်မှု့ ပိုကောင်းသော စတီယာရင် ကို ရရှိခြင်း

·       ယာဉ်အတွင်းပိုင်းရဲ့ အောက်ဘက်ပိုင်းကို ပိုမိုကျယ်ပြန့်အောင် ဖွဲ့စည်းတည်ဆောက်ထားခြင်း

ဒါကြောင့် TNGA မှတဆင့် ပိုမိုလုံခြုံမှု့  နဲ့ ပိုမိုစတိုင်ကျသော ကားတစ်စီး ကို ရရှိစေပါတယ်။ တိုးတက်လာသော နည်းပညာတိုင်းမှာ လုံခြုံရေးစွမ်းဆောင်ရည် တွေကလည်း မပါမဖြစ်ပါဘဲ။ TNGA နည်းပညာ ဒီဇိုင်းက အမြင့်ဆုံး စွမ်းဆောင်ရည် နဲ့ လုံခြုံမှုအဆင့်အတန်းကို ဦးစားပေး ထားပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိ independent ပျက်ကျစမ်းသပ်ခြင်း အစီအစဉ်တွေရဲ့ အတိအကျ စံချိန်စံညွှန်းများ နဲ့ ကိုက်ညီရန် ဒီဇိုင်းကို ထုတ်လုပ်ပေးထားပါတယ်။

TNGAက Toyotaအားပိုမိုကောင်းမွန်သောကားတွေကို ဖန်တီးရန်ကူညီ ရုံသာမက ထုတ်ကုန်ဖွံ့ဖြိုး တိုးတက်မှု့ နဲ့ ထုတ်လုပ်မှု့ အပေါ် မှာလည်း စွမ်းဆောင်ရည် မြင့်မား လာဖို့ အထောက်အကူပြုပါတယ်။ Toyotaထုတ်လုပ်မှု့စနစ် အသိသာဆုံးအပြောင်းအလဲများမှာ TNGA က နောက်ထပ်မော်ဒယ်တွေ အတွက် လိုက်လျောညီထွေစွာ လျင်မြန်စွာတုံ့ပြန်နိုင်စွမ်း ပိုကောင်း လာပါလိမ့်မယ်။ Toyota ရဲ့နည်းပညာတွေထဲက TNGA နည်းပညာ အသုံးပြုထားတဲ့ Models အမျိုးအစားတွေ ကို ခုပဲ Toyota Website မှာ လေ့လာကြည့်ရအောင်။

Comments