အချိန်မှန် စစ်ဆေးထိန်းသိမ်းဖို့ အရေးကြီးတဲ့ အရာတွေက ဘာတွေဖြစ်မလဲ???


သိပ်မမောင်းရလို့
အိမ်မှာပဲရပ်ထားရလို့ ကီလိုလေးက နည်းနေသေးတယ် ဆိုပြီး ပစ်မထားနဲ့နော်။ အချိန်ပေါ်မူတည်ကာ ပုံမှန်စစ်ဆေးထိန်းသိမ်းမှ အချိန်အခါ နေရာမရွေး စိတ်အေးချမ်းသာစွာ သက်သောင့်သက်သာ ဖြစ်စေရုံမကဘဲ လုံခြုံစိတ်ချရတဲ့ မောင်းနှင်မှု့ မျိုးကို ရရှိမှာပါ။ ကီလိုမီတာ ၅,၀၀၀ သို့မဟုတ် ၆လ ပြည့်လျှင် စစ်‌ဆေးထိန်းသိမ်းရမယ် ဆိုရင် မောင်းနှင်တဲ့ ကီလို ၅,၀၀၀မပြည့်သေး ပေမဲ့လည်း ၆လပြည့်ပြီ ဆိုတာနဲ့ မိမိ ကားကို စစ်ဆေးထိန်းသိမ်းဖို့ လိုပါပြီ။ Toyota ရဲ့ TBPM (Time Based Periodic Maintenance) အကြောင်းလေးကို ဒီတပတ် Toyota fans တွေအတွက် မျှဝေပေးလိုက်ပါတယ်။

ကားရဲ့ အစိတ်အပိုင်းတွေထဲက အချိန်မှန် စစ်ဆေးထိန်းသိမ်းဖို့ အရေးကြီးတဲ့ အရာလေးတွေက ဘာတွေဖြစ်မလဲ???

အချိန်မှန် စစ်ဆေးထိန်းသိမ်းဖို့ အရေးကြီးတဲ့ အရာတွေကတော့

1)       အင်ဂျင်လေစစ်

2)       ဘက်ထရီ

3)       Drive Belts

4)       အင်ဂျင်အအေးခံရည် (Coolant)

5)       အင်ဂျင်ဝိုင်

6)       အင်ဂျင်ဝိုင်စစ် (E/O Filter)

7)       ပလပ်များ (Spark Plugs)

8)       ဘရိတ်ပတ်, ဘရိတ်ရှုးသား နှင့် ဘရိတ်ဆီ

9)       ဝိုက်ပါ & ဝါရှာ စနစ်

10)    တာယာ & တာယာလေပေါင်

11)    ဒူးဆစ် (Drive Shaft ) သဲကာများ

12)     Lighting(မီး)စနစ် နဲ့ အခြားအရာတွေ

အစိတ်အပိုင်း တစ်ခုချင်း အ‌ကြောင်းတွေ ကိုလည်း အချိန်နှင့်အလိုက် စစ်ဆေးထိန်းသိမ်းဖို့ လိုအပ်ပုံကို အသေးစိတ် အချက်အလက်လေးတွေနဲ့  ရှင်းပြပေးမှာ ဖြစ်လို့ စောင့်မျှော်ပေးကြပါအုန်း။

Comments