Drive Belt အသစ် အစားထိုးဖို့ လိုပြီလား???


အချိန်မှန် စစ်ဆေးထိန်းသိမ်းဖို့ အရေးကြီး တဲ့ အရာတွေထဲ နောက်တစ်ခုကတော့ အင်ဂျင်ခါးပတ်လို့ခေါ်တဲ့ Drive Belt ပါပဲ။

Belt တွေရဲ့ အခန်းကဏ္ဍက အင်ဂျင်ကရိုင်း (Crankshaft) လည်ပတ်အားကို ဒိုင်နမို (Alternator) အဲကွန်း Compressor ပါဝါစတီယာရင်ပန့်နဲ့ ရေလည်အုံ ဆီသို့ ကူးပြောင်းပေးတာ ဖြစ်တယ်။ ယာဉ်နဲ့ အင်ဂျင်အမျိုးအစားပေါ်မူတည်ပြီး အသုံးပြုတဲ့ V-belt အမျိုးအစားကတော့ ကွာခြားနိုင်ပါသေးတယ်။  V-belt က အဲကွန်း Compressor ၊ပါဝါစတီယာရင်ပန့် စတဲ့ အစိတ်အပိုင်းတွေဆီကို အင်ဂျင်ရဲ့ ပါဝါကို ကူးပြောင်းစေဖို့ ဖြစ်တယ်။ အင်ဂျင်ရဲ့ ပါဝါကို V-belt ကနေတဆင့်   Alternator နဲ့ ပန့် ကဲ့သို့ အစိတ်အပိုင်းတွေ လည်ပတ်နိုင်ရန် လိုအပ်တဲ့ စွမ်းအင်ကို ဖန်တီးပေးတဲ့ အရာပါ။

Drive Belt အသစ် အစားထိုးဖို့ လိုပြီလား???

Belt ပေါ် တစ်လက်မ နေရာမှာ အက်ကွဲကြောင်း သုံးခုထက်ပိုနေရင်တော့ အသစ်လဲဖို့ အချိန်တန်ပါပြီ။V-belt ကို အချိန်ကာလအားဖြင့် ၄နှစ် မှ ၅နှစ်၊ အကွာအဝေး ၈၀,၀၀၀ နဲ့ ၁၀၀,၀၀၀ ကီလိုမီတာ တွင် အစားထိုးဖို့ လိုအပ်နေပါပြီ။

မလဲဘူးဆိုရင်ရော!!!

ပွန်းစား Belt ကို ဆက်ပြီး အသုံးပြုနေမယ်ဆိုရင် လျော့ရဲခြင်း၊ ကြေမွှခြင်း၊ ကျိုးပြတ်ခြင်း ဒါမှမဟုတ် ပြတ်တောက်ခြင်း တွေ ဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် Beltက  ချော်ထွက်သွားတာမျိုး ဆိုးရွားသော အခြေအနေတစ်ခု ကြုံလာတဲ့ အချိန်မျိုးမှာ  ရုတ်တရက် ပြတ်သွားတာတွေ ဖြစ်စေနိုင်ပါတယ်။ နောက်ဆက်တွဲ ပြဿနာများ တွေအနေနဲ့  အင်ဂျင်ရပ်တန့်မယ်၊ အပူလွန်ကဲလာမယ်၊ ဘက်ထရီအားကုန်မယ်၊ စတီယာရင်လေးလံ လာမယ် တွေကို ရင်ဆိုင်ရပါတော့မယ်။

လဲရမယ်ဆိုရင်တော့ Toyota Authorized Service Centers တွေမှာ  အပူဒဏ်ခံနိုင်စွမ်း မြင့်မားပြီး ကြာရှည်ခံတဲ့ အပြင် ကားအမျိုးအစားတစ်ခုချင်းဆီရဲ့ ကားအင်ဂျင်နှင့် အံဝင်ဂွင်ကျဖြစ်တဲ့ Genuine Toyota V-belt ကို လဲပေးပါတယ်။  

Comments