Shock absorbers (ရှော့ဘား) ဘာကြောင့် အလျင်အမြန် ပျက်စီးသလဲ.....



သက်တောင့်သက်သာ ငြိမ်သက်နေတဲ့ကားလေးဖြစ်နေစေဖို့ မိမိကားက Shock Absorber (ရှော့ဘား) တွေကိုလည်း စစ်ပေးကြဖို့ လိုအပ်ပါတယ်။ ဒီတပတ်မှာတော့ အကောင်းဆုံးသော မောင်းနှင်စီးနှင်းခြင်းကို ပေးစွမ်းနေတဲ့ ကားတစ်စီးအတွက် အရေးကြီးပြီး မရှိမဖြစ် လိုအပ်တဲ့ Shock Absorbers (ရှော့ဘား) အကြောင်းကို မျှဝေပေးပါမယ်။

Shock Absorbers (ရှော့ဘား) ဆိုတာကတော့........

ကားတစ်စီးရဲ့အောက်ဘက် အစိတ်အပိုင်းတွေထဲကမှ တာယာပြီးလျှင် ဒုတိယ အရေးအကြီးဆုံး မရှိမဖြစ် နေရာကနေ တာဝန်ယူပေးပါတယ်။ မညီညာတဲ့လမ်းတွေပေါ်မှာ မောင်းနှင်တဲ့အခါ ချိုင့်တွေကြောင့် ကားဆောင့်တဲ့ ဒဏ်တွေကို ရှော့ဘား (shock absorbers) က ကြားခံနယ်အဖြစ် ထိန်းထားပေးပါတယ်။ ဒါကြောင့် ကားကအရှိန်နဲ့ မောင်းနှင်တဲ့ အခါမျိုးမှာ အထက်အောက် အနိမ့်အမြင့် လှုပ်ခါနေတဲ့ အခြေအနေမျိုးမဖြစ်ပဲ ကားစတီယာတိုင်ကို လိုသလို ထိန်းချူပ်နိုင်ပြီး တည်ငြိမ်စွာ မောင်းနှင်နိုင်စေမှာ ဖြစ်ပါတယ်။


Shock Absorbers (ရှော့ဘား)ရဲ့ အဓိက လုပ်ဆောင်ချက် ........

မောင်းနှင်သူနဲ့စီးနင်းလိုက်ပါသူများ သက်တောင့်သက်သာရှိစေရန်သာမက မောင်းနှင်နေစဉ် ကားအလွန်အမင်း အထက်အောက် တုန်ခါတာမဖြစ်စေဘဲ ငြိမ့်ညောင်းနေအောင် ထိန်းညှိပေးကာ ကားတာယာနှင့် မြေပြင်အမြဲ ထိစပ် ချိတ်မိနေစေရန် ချိန်ညှိပေးတာမျိုးကို လုပ်ဆောင်ပေးပါတယ်။ Shock Absorbers တွေက the springs နဲ့ Suspensions ရွေ့လျားမှု့တွေကိုလည်း ထိန်းချုပ်ပေးပါတယ်။ Shock Absorbers က အရွေ့စွမ်းအင်ကို အပူစွမ်းအင်သို့ ပြောင်းလဲစေကာ the springs ရဲ့ ရွေ့လျားမှုကို လျော့ချစေပါတယ်။

Shock absorbers (ရှော့ဘား) ဘာကြောင့် အလျင်အမြန် ပျက်စီးသလဲ.....

မညီညာတဲ့လမ်းတွေပေါ်မှာ High Speed နဲ့ မောင်းနှင်တဲ့အခါ သတိမထားမိပဲ ချိုင့်များထဲကို ရုတ်တရက်ဆောင့်ကျတာမျိုး၊ High Speed နဲ့ မကြာခဏ ဘရိတ်ကို အလျင်အမြန် အသုံပြုတာ၊ တာယာများမကောင်းတော့တာ၊ ကားရဲ့ အလိုင်းမင်းမမှန်တာ စတာတွေက Shock absorbers (ရှော့ဘား) တွေကို အလျင်အမြန် ပျက်စီးစေပါတယ်။

Shock Absorbers (ရှော့ဘား) ကို ဘယ်အချိန်မှာ အစားထိုးမှာလဲ.....

ကီလိုမီတာ၈သောင်း ဒါမှမဟုတ် ၄နှစ် အသုံးပြုပြီးတိုင်းမှာ အစားထိုးဖို့ လိုအပ်လာပါပြီ။

အသစ်မလဲပဲ ပွန်းစားနေတဲ့ ရှော့ဘားတွေကိုပဲ ဆက်ပြီး အသုံးပြုနေမယ်ဆိုရင် Highway သွားတဲ့ အခါမျိုးမှာ တည်ငြိမ်မှုမရှိတော့သလို လမ်းကြမ်းတွေမောင်းနှင်တဲ့ အခါမျိုးမှာလဲ အလွန်အမင်းခုန်တာမျိုး၊ ရုတ်တရက် စတီယာတိုင်မငြိမ်တော့ပဲ ချော်ပြီးခါနေတာမျိုး၊ ဘရိတ်အုပ်တဲ့အခါ ကားရဲ့ ရှေ့ဘက်ခြမ်းက စောင်းနေ၊နိမ့်နေပြီး ယမ်းခါနေတာမျိုး၊ ဘယ်၊ညာ ယိမ်းနေတာမျိုး စတဲ့အရာတွေ ကြုံတွေ့လာပါလိမ့်မယ်။

ဒါကြောင့် မိမိရဲ့ကားလေး အကောင်းဆုံးတည်ငြိမ်ပြီး မောင်းနှင်စီးနင်း နိုင်ဖို့ စစ်မှန်ပြီး အရည်အသွေးပြည့်ဝတဲ့ စွမ်းဆောင်မှု့ ကိုပေးနိုင်မယ့် Shock Absorbers (ရှော့ဘား)ကို ရွေးချယ်သင့်ပါတယ်လို့အကြံပြုပါရစေ။

Comments