Spark Plugs တွေမကောင်းတော့ဘူးဆိုရင်?

  


“ Without a spark, your car won’t start”  ဆိုတာကြောင့် Spark Plugs အကြောင်းလေး ကို မျှဝေပေးပါမယ်။ မိမိကားရဲ့ Spark Plugsလေးတွေကျန်းမာနေခြင်းက အင်ဂျင် စွမ်းဆောင်ရည် နဲ့ တိုက်ရိုက်ဆက်စပ်နေတာ ကိုလည်း သိဖို့ လိုအပ်ပါတယ်။ Spark Plugs တွေက အင်ဂျင်ရဲ့ လုပ်ဆောင်မှု့တိုင်းမှာ အဓိက နေရာယူထားတဲ့ အစိတ်အပိုင်းလေးပဲ ဖြစ်ပါတယ် ကားတစ်စီးရဲ့ အင်ဂျင်အရွယ်အစား ပေါ်မူတည်ပြီး Spark Plugs လုံး မှ ၈လုံးအထိ ရှိနိုင်ပါတယ်။

ဘယ်လိုအခြေအနေမျိုးက Spark Plugs တွေ ပျက်စီးစေတာလဲ?

Combustion Chamber ထဲကို အင်ဂျင်ဝိုင်ယိုစိမ့် ဝင်တာမျိုး၊ ကားအင်ဂျင် သက်တမ်းကြာမြင့် လာတာ၊ ပြုပြင်ထိန်းသိမ်းမှု့အားနည်းတာ၊ Combustion Chamber ထဲ အင်ဂျင်ဝိုင်တွေယိုစိမ့်ဝင်တာ စတဲ့အကြောင်း အရာတွေက Spark Plugs ကို အလွယ်တကူ အလျင်အမြန် ပျက်စီး စေတတ်ပါတယ်။ ဒါတွေကြောင့်ပဲ မဟုတ်သေးပါဘူး။ လောင်စာဆီ မသန့်ရှင်းတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

ဥပမာ - ဈေးကွက်ကနေ ဝယ်ယူသုံးစွဲ နေရတဲ့ လောင်စာဆီတွေရဲ့ အရည်အသွေးမပြည့်မီခြင်း ကလည်း Combustion ဖြစ်စဉ်ကို ကောင်းမွန်စွာ မဖြစ်စေနိုင်ဘဲ Spark Plugs တွေကို မြန်မြန်ပျက်စီး စေပါတယ်။  Fuel Injectors တွေကောင်းနေဖို့လည်း လိုအပ်ပါတယ်။ လေစစ်တွေကလည်း သန့်ရှင်းနေရပါမယ်။ ဒါမှသာ Spark Plugs တွေကို သက်တမ်းတခု ထိအသုံပြုနိုင်ပါမယ်။မဟုတ်ရင်တော့ Spark Plugs တွေကို သက်တမ်းပြည့် မသုံးစွဲရဘဲ ပျက်စီးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် Combustion Chamber ထဲကို ဝင်ရောက်လာမယ့် လေဟာ အညစ်အကြေး နည်းနိုင်သမျှနည်းပြီး သန့်ရှင်းနေမှ combustion ဖြစ်စဉ်က ကောင်းမွန်စွာ ဖြစ်ပေါ်လာနိုင်ပြီး အညစ်အကြေးများ ပါက မသန့်ရှင်းတဲ့အရာတွေက Spark Plugs နဲ့ Piston တွေရဲ့ ထိပ်မှာ Carbon အညစ်အကြေးတွေ အဖြစ် ကျန်ခဲ့နိုင်တဲ့ အတွက် Spark Plugs တွေကို ပျက်စီးစေတာပါပဲ။


Spark Plugs တွေမကောင်းတော့ဘူးဆိုရင်?

မိမိကားရဲ့လုပ်ဆောင်မှု့ကို ခံစားကြည့်ပါ။ နားထောင်ကြည့်ပါ။ပြီးတော့ အာရုံခံကြည့်ပါ။ ဒီလိုမျိုး သိထားရင်တော့ Spark Plugs တွေမကောင်းတော့ တာသေချာ နေပါပြီ။

အင်ဂျင်တစ်လုံးမှာ အဓိက အရေးပါတဲ့ Spark Plugs တွေ မကောင်းတော့ဘူး ဆိုရင်တော့ ကားလောင်စာဆီ ပိုကုန်လာ တတ်ပါတယ် လွယ်လွယ်ပြောပြရရင် combustion ဖြစ်စဉ်တွေ လွဲချော်ကုန်မယ်၊ Cylinder ထဲမှာ Misfire ဖြစ်ပေါ်လာမယ်။ ဒီအချက်တွေပဲလား?? မဟုတ်ပါဘူး Engine Check Light ပေါ်လာမယ်။ အထူးသဖြင့် ကားရပ်ထားတာကြာပြီး စက်ပြန်နှိုးချိန်၊ ညသိပ်ထားပြီး မနက်ပိုင်းနှိုးတဲ့အချိန်တွေမှာ နှိုးရခက်နေတာမျိုး ကားမောင်းနေရင် တခြားကားကို ကျော်တက်တော့မယ့် အချိန် လီဘာနင်းပေမယ့် ကားက တုံ့ဆိုင်းဆိုင်းဖြစ်နေတာမျိုး တွေဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် အိတ်ဇောအတွင်းက မီးခိုးမဲများ ထွက်နေတာပါပဲ။


Spark Plugs ကို ဘယ်အချိန်မှာ အစားထိုးပေးသင့်လဲ?

ကီလို တစ်သောင်း (သို့) ခြောက်လ အပိုင်းအခြားမှာ စစ်ဆေးပေး ပါမယ်

Catalytic Converter ပါနေရင်တော့ ကီလို လေးသောင်း (သို့) နှစ် အပိုင်းအခြားမှာလဲပေးဖို့ လိုအပ်ပါတယ်။ Catalytic Converter မပါရင် ကီလို ၂သောင်း (သို့) ၁နှစ် အပိုင်းခြားမှာ လဲပေးရင် ရပါတယ်။

အရေးကြီးဆုံးကတော့ Spark Plugs က အမြင်အားဖြင့် ပုံစံတူသော်လည်း စွမ်းဆောင်ရည် မတူသောကြောင့် မှန်ကန်စွာ ရွေးချယ်ပေး ဖို့ လိုအပ်ပါတယ်။

Comments