မိမိရော မိသားစုအာလုံး အတွက် သက်သောင့်သက်သာဖြစ်ပြီး ငြိမ့်ညောင်းမှု့ကို ပေးစွမ်းနိုင်မဲ့ Toyota Innova


ကားတစီးဝယ်တော့မယ်လို့စဉ်းစားတဲ့အခါ လုံခြုံမှု့၊ စွမ်းဆောင်ရည်နဲ့ လောင်စာဆီစား သက်သာစေဖို့ကို  မစဉ်းစားခင် ကိုယ်စီးမဲ့ကားလေးရဲ့ဒီဇိုင်းကိုအရင်ဆုံးစဉ်းစားကြမယ်လို့ထင်ပါတယ်။  ဒါကြောင့် အဆင်မြင့်တဲ့ ကားအတွင်းခန်းနဲ့ အပြင်ဘက်ဒီဇိုင်း၊ ပိုပြီးသက်သောင့်သက်သာဖြစ်ပြီး ငြိမ့်ညောင်းတဲ့ကား၊ မိမိရော မိသားစုအာလုံး အတွက် စိတ်ချရသော လုံခြုံမှု့ကို ပေးစွမ်းနိုင်မဲ့ features ဒီဇိုင်းတွေ ထည့်သွင်းထားတဲ့ ကားတစ်စီး။ Toyota ချစ်သူတွေလည်း ဘယ်လိုကားဒီဇိုင်းလေးက ကိုယ့်အတွက် ပိုပြီးသင့်လျော်မလဲ ဆိုတာကို ရွေးချယ်လို့ရအောင် ဒီတပတ်မှာတော့ Toyotaကားတွေထဲက Toyota Innova ကားရဲ့ ဒီဇိုင်းအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

အ‌ရှေ့ဘက်ဒီဇိုင်း

Toyota Innova ရဲ့ အ‌ရှေ့ဘက်ဒီဇိုင်းကိုတော့ trapezoidal grille နဲ့interlocking” skid plate theme တို့ဖြင့် ပေါင်းစပ်ပေးထားတာကြောင့် the Adventurous & Sophisticated (စွန့်စားခြင်း)ဆိုတဲ့ သွင်ပြင်ကို ခံစားရမဲ့အပြင် အထက်တန်းဆန်တဲ့ MPV တစ်စီးရဲ့ အကြမ်းခံတဲ့ ပုံရိပ်ကိုပါ ထင်ဟပ်နေစေပါတယ်။

ခေတ်မီတဲ့အသွင်သစ် ပုံစံသာမက နေ့ရောညပါ ကြည်လင်ပြတ်သားတဲ့ အမြင်ကိုရရှိစေဖို့ ရှေ့မီးများကို Projector-type LED နဲ့ LED daytime running lights များဖြင့် ထည့်သွင်းတန်ဆာဆင် ပေးထားပါတယ်။ LEDမြူမီးခွက်များက အောက်ဘက်တွင် သပ်ရပ်စွာ ပေါင်းစပ်ထားတာကြောင့် ခေတ်မီသော အသွင်အပြင်ကို ပိုပြီးပေါ်လွင် စေပါတယ်။ Outer Mirrorsတွေက Chrome-plated ဖြစ်ပြီး electrically retractable ဒီဇိုင်းပြုလုပ်ပေးထားပြီး side turn signal lamps and welcome lamps တွေကိုလည်း အဆင်မြင့်ပေး ထားပါတယ်။ ၁၆လက်မအရွယ် အလူမီနီယမ်Wheelဒီဇိုင်းက အရည်အသွေးမြင့် ရုပ်ရည်သွင်ပြင်ကို ဖြစ်စေတယ်။

အနောက်ဘက်ဒီဇိုင်း

အနောက်မီးသီးဒီဇိုင်းနဲ့အတူတူ အချိုးကျကျ ပြီးပြည့်စုံစေပြီး ဆွဲဆောင်မှု့ဖြစ်စေတဲ့ (The L-shaped rear combination lamps with aero-stabilizing) ကတည်ငြိမ်တဲ့အသွင်၊ The shark fin အင်တင်နာတပ်ဆင် ပေးထားတာကြောင့် ဆန်းသစ်သောအသွင်အပြင်တွေက ကားရဲ့နောက်ဘက်ဒီဇိုင်းကို ပိုပြီး ပေါ်လွင် စေတယ်။

 

အတွင်းခန်းဒီဇိုင်း


အတွင်းခန်း console ဒီဇိုင်းကို  luxury ဆန်ဆန်ဖြစ်စေပြီး ကျယ်ဝန်းသောခံစားမှု့ကို ရရှိစေရန် အလေးထားကာ တည်ဆောက်ပေးထားပါတယ်။ သတ္ထု နဲ့ သစ်သားကို ပေါင်းစပ်ကာ တန်ဆာဆင်ပေးထားလို့ အထက်ဆန်တဲ့ အတွင်းခန်းပုံစံပေါ်လွင် နေပါတယ်။ မျက်နှာကျက်ပတ်လည်တွင် မီးတန်းလေးများ ( Ambient Lighting )ရဲ့ ကြည်လင်သော အပြာရောင်တောက်ပမှု့နဲ့ အတူပေါင်းစပ်ထားတာကြောင့် ပို၍ကျယ်ဝန်းတဲ့ သွင်ပြင်ကို သိသာစေတဲ့ ခံစားမှုကို ဖော်ဆောင်ပေးပါတယ်။ စီးနှင်းလိုက်ပါတဲ့ အခန်းတွေမှာလည်း အလင်းရနိုင်မယ့် မီးလုံးများလည်း တပ်ဆင်ပေးထားပါတယ်။ 

·       Sterring Wheel က ကျယ်ပြန့်လို့ ကောင်းမွန်တဲ့ ထိန်းချုပ်မှု့ကို ရနိုင်တဲ့အပြင် 4-direction switch ပါတာကြောင့် အခြားလုပ်ဆောင်ချက်တွေအတွက် multi-information display အားချိန်ညှိရန် လွယ်ကူစေပါတယ်။

·           Push Start Switch ကြောင့် ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အင်ဂျင်ကိုစနိုင်ပါတယ်။

·       Combination Meter က ဖတ်ရလွယ်ကူစေပြီး ယာဉ်မောင်းအား အရေးကြီးသော ယာဉ်အချက်အလက်ကို တစ်ချက်ကြည့်ရုံဖြင့် သိစေနိုင်ဖို့ . လက်မအရောင် TFT (Thin Film Transistor) multi-information displayက အထက်တန်းဆန်တဲ့ မောင်းနှင်မှု့ကို ခံစားစေပါမယ်။ ဒါ့အပြင် Eco driving indicator နဲ့ လက်မ Display Audio တို့နဲ့လည်း အားဖြည့် တန်ဆာဆင်ထားပါတယ်။

·       Automatic Air Conditioner ရှေ့နှင့်နောက် အလိုအလျောက် လေအေးပေးစက်စနစ် ဒီဇိုင်းကြောင့် ကားအတွင်းနေရာတိုင်းမှာ အေးမြခြင်းကို ရရှိစေပါတယ်။

·       Leather Seat များအပြင် သက်တောင့်သက်သာရှိစေဖို့ တည်ဆောက်ထားတဲ့  ဇိမ်ခံကား အတွင်းထိုင်ခုံ၊ 2nd row Captain Seat ၊ယာဉ်မောင်းထိုင်ခုံ ကလည်း Electric စနစ်ဖြစ်တာကြောင့် အလိုအလျောက် ရွေ့လျားလို့ရပါတယ်။ Seat Arrangement ကိုလည်း ဝန်အမျိုးမျိုးတင်ဖို့ စိတ်ကြိုက် လုပ်ဆောင်နိုင်ပါတယ်။ ဥပမာ ဒုတိယနှင့်တတိယတန်း ထိုင်ခုံတွေကို  ခေါက်ထားကာ ရှည်လျားတဲ့ ပစ္စည်းများသယ်ဆောင်နိုင်ပြီး ခရီးဆောင်အိတ်တွေအတွက်လည်း နေရာကျယ်တစ်ခု ဖန်တီးနိုင်ပါတယ်။ ခရီးရှည်များအတွက်သက်တောင့်သက်သာဖြစ်စေပါတယ်။

Innovaရဲ့ကောင်းမွန်တဲ့အတွင်းပိုင်းဒီးဇိုင်းက အရည်အသွေးမြင့်ပြီး ခေတ်မီဆန်းပြားမှုနဲ့အတူ ကျယ်ဝန်းကာ သက်တောင့်သက်သာ ဖြစ်စေတဲ့ a high-quality MPV အဖြစ်ပေါ်လွင်စေပါတယ်။ Toyota Innova အကြောင်းပိုမိုသိရှိလိုတယ်ဆိုရင်တော့ Toyota Myanmar Website မှာဝင်ကြည့်လို့ရပါတယ်။



Comments