အင်ဂျင်အအေးခံရည် လဲလှယ်ဖို့ လိုပြီလား ဆိုတာကို စစ်ဆေးကြည့်လိုက်ပါ။


ကားရဲ့ အင်ဂျင်ခန်း အပူမလွန်စေဘဲ $$ တွေမကုန်ဖို့  အင်ဂျင်အအေးခံရည် ( coolant ) က ဘယ်လောက် အရေးကြီးသလဲ?? ဆိုတာ သိပါလား??

 အင်ဂျင်အအေးခံရည် (Coolant) ဆိုတာကတော့ !!!

အင်ဂျင်အအေးခံရည် (Coolant)က အင်ဂျင်မှ စွန့်ပစ်အပူတွေကို စွန့်ထုတ်ဖို့နဲ့  အပူလွန်ကဲတာကြောင့် အင်ဂျင် ပျက်စီးစေအောင် ကာကွယ်ရာမှာ အသုံးပြုပါတယ်။ အအေးခံစနစ်အတွက် အသုံးပြုရတဲ့ ရေတိုင်ကီလို သတ္တုပစ္စည်းတွေ သံချေးမတက်စေဖို့ အအေးခံရည်(Coolant)က တားဆီးရန် ကူညီပေးပါသေးတယ်။

အအေးခံရည်(Coolant) လဲလှယ်ခြင်းကို လစ်လျူရှုမယ်ဆိုရင် ဘာဖြစ်နိုင်မလဲ???

အင်ဂျင်အအေးခံရည်(Coolant)က ကြာမြင့်စွာအသုံးပြုခံရပြီး နောက်မှာတော့  အရည်အသွေးကျဆင်း လာနိုင်ပါတယ်။ အအေးခံရည် (Coolant) က သံချေးဖြစ်ခြင်းကို ဟန့်တားတဲ့ ဒြပ်ပစ္စည်းတွေကို နည်းပါးလာစေကာ ဒြပ်တိုးခြင်း ဖြစ်လာပြီး သံချေးနဲ့ ပွန်းစားမှုဒဏ် ကာကွယ်ပေးတဲ့  ဂုဏ်သတ္တိ ပျောက်ဆုံးသွားပါတယ်။

လဲလှယ်ဖို့ လိုလာပြီလား??? ဘယ်တော့ လဲလှယ်ရမလဲ???

-       အင်ဂျင်လည်ပတ်နေချိန်မှာ သာမန်အပူချိန်ထက် ပိုပြီး ပူနေတာကို အပူချိန်တိုင်း ကရိယာက ပြနေပြီဆိုရင်..

-       Antifreeze ရဲ့ ယိုစိမ့်မှုကြောင့် ကားအောက်မှာ ရွှံ့ တွေလို ( လိမ္မော်ရောင် ဒါမှမဟုတ် အစိမ်းရောင်)..

-       ကားခေါင်း အဖုံးအောက်က ဆူညံတဲ့ အသံတခုခုထွက်နေပြီဆိုရင်...

အင်ဂျင်အအေးခံရည် လဲလှယ်ဖို့ လိုပြီလား ဆိုတာကို စစ်ဆေးကြည့်လိုက်ပါ။

Owner’s manual book ရဲ့ အကြံပြုချက်ကတော့ ပထမ 6000 km ဆိုတာနဲ့ လဲလှယ်ရပါမယ်။

ဒီနေရာမှာ ထပ်တိုးမျှဝေချင်တာကတော့ Toyota Genuie Coolants တွေဖြစ်တဲ့ Toyota Long Life Coolant (LLC) နဲ့  Genuine Toyota Super Long Life Coolant (SLLC) တို့ပါပဲ။ လဲလှယ်ခြင်း အကြိမ်အရေအတွက် သိသာစွာလျှော့ချပေးခြင်းကို ဖြစ်စေနိုင်လို့ Non-genuineအအေးခံရည် (Coolant) တွေထက်  တူညီသော စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်သလို လဲလှယ်ခြင်း အချိန်စက်ဝန်းကိုပါ ဆွဲဆန့်ပေးနိုင်ပါတယ်။

Genuine Toyota Super Long-Life Coolant (SLLC) အသုံးပြုထားခဲ့ရင်ရော ဘယ်အချိန် မှ လဲလှယ်ရမလဲ??

ပထမအကြိမ်မှာဆိုရင် 8 years (160,000 km) နဲ့ နောက်ထပ် ပြုပြင်ထိန်းသိမ်းခြင်း ကတော့ 4 years (80,000 km) ဖြစ်တဲ့အပြင် အဓိကကျအားသာချက် ၂ ခုကတော့

-       သံချေးနှင့် ပွန်းစားမှုဒဏ်ဖြစ်ခြင်းကို တားဆီးနိုင်မှုမြင့်မားစေတယ်။

-       သံချေးနှင့်ပွန်းစားမှုဒဏ်ကို အချိန်ကြာမြင့်စွာ ကာကွယ်ပေးနိုင်တယ်။

Genuine Toyota Long-Life Coolant (LLC) အသုံးပြုထားခဲ့ရင်ရော ဘယ်အချိန် မှ လဲလှယ်ရမလဲ??

သူကတော့ ဘယ်သတ်မှတ်ချက် အရင်လာလာ 2 years ( 40,000 km) မှာလဲလှယ် ရုံပါပဲ

Comments