အင်ဂျင်ထဲက ကာဗွန်ချိုးတွေကို ဘာနဲ့ဖယ်ရှားရမလဲ?



Injector Cleaner က ကားရဲ့ လောင်စာဆီလိုင်းတွင် ကပ်ညှိနေတဲ့ ချိုးတွေကို ဖယ်ရှားပေးပြီး Fuel Injection System ကို ပုံမှန်ဖြစ်စေကာ ကားရဲ့ အင်ဂျင်ကို မူလအခြေအနေသို့ ပြန်ရောက်စေတာပါ။ ပိုမိုကောင်းမွန်တဲ့ မောင်းနှင်မှုကို ပြန်လည် ရရှိစေပါတယ်။

Injector Cleaner မှာပါတဲ့ Active Ingredient က အင်ဂျက်တာ၊ အင်တိတ်ဗား၊ ပေါက်လောင်ခန်း နှင့်   အခြားဧရိယာ တွေမှာ စုနေသော ကာဗွန်ချိုးများတွင် အရင်ဆုံး တွယ်ကပ် လိုက်ပါတယ်။ Active ingredient က ကာဗွန်ချိုးတွေကို ဖယ်ရှားကာ ပေါက်လောင်ခန်း အတွင်းသို့ ရောက်သွားစေပြီး ချိုးတွေကို လောင်ကျွမ်းသွားစေကာ အင်ဂျင် အတွင်း သန့်ရှင်း စေပါတယ်။

Injector Cleaner ကိုအသုံးပြုရင် ဘာတွေကောင်းလာမလဲ။

  • အင်ဂျက်တာနော်ဇယ် (Injector Nozzle) မှ ကာဗွန်ချိုးများကို ဖယ်ရှားပြီး Fuel Injection System ကို  ပုံမှန်ပြန် ဖြစ်စေ ခြင်း။
  • အင်တိတ်ဗား (Intake Valve) မှ ကာဗွန်ချိုးများကို ဖယ်ရှားပြီး အရှိန်မြှင့်တင်ရာတွင် သွက်လက်စေ ခြင်း။
  •  မီးပေးပလပ် (Spark Plug) ရဲ့ ထိပ်တွင် စုနေသော ကာဗွန်ချိုးများကို ဖယ်ရှားပြီး Misfiring ဖြစ်ခြင်းကို ကာကွယ်ကာ အင်ဂျင်နှိုးရ လွယ်ကူစေ ခြင်း။
  • ပေါက်လောင်ခန်း (Combustion Chambers) အတွင်းမှ ကာဗွန်ချိုးများကို ဖယ်ရှားပြီး အင်ဂျင်ခေါကသံ ထွက်ခြင်း ကို ကာကွယ် ခြင်း။

မိမိကားလေး ကျန်းမာရေး အဆိုးရွားဆုံး အခြေအနေအထိ မရောက်အောင် စစ်မှန်သော သန့်ရှင်းခြင်း စွမ်းရည် ပြည့်ဝပြီး အင်ဂျင်အတွင်းမှ ချိုးများကို သေချာစွာ ဖယ်ရှား ဖို့အတွက် Port Injection နှင့် D-4 Type Injection မျိုးလုံးအတွက် သုံးနိုင်တဲ့ ကို Genuine Injector Cleaner ကို ရွေးစေလိုပါတယ်။


Comments