လောင်စာဆီစားနှုန်းသက်သာစေတဲ့ Eco Mode Driving


Eco mode ဆိုတာက “Economical mode” ချွေတာရေး အတွက် စွမ်းဆောင်ပေးမှု ဖြစ်ပါတယ်။ မိမိကားလေးကို လောင်စာဆီ သက်သက်သာသာ ဖြစ်စေဖို့ အထောက်အကူပြု ပေးတဲ့ လုပ်ဆောင်ချက် ဆိုလည်း မှန်ပါတယ်။ Eco mode ကို အသုံးပြုလိုက်တာနဲ့ အင်ဂျင် နဲ့ CVT ထိန်းချုပ်မှု ပြောင်းသွားပြီး လောင်စာဆီ သက်သာစေခြင်း ကို ရရှိနိုင်ပါတယ်။

ကားတစ်စီးမှာ Eco mode က ဘာလုပ် ပါသလဲ??

Eco mode က climate control, power output and seat heating တို့ကို ထိန်းညှိပေးတဲ့ လုပ်ဆောင်မှု ကို ပြုလုပ်ပေးပါတယ်။ ဒါကြောင့် အင်ဂျင်ပါဝါ လိုအပ်ချက်ကို လျှော့ချပေးကာ လောင်စာဆီစားနှုန်းကို လျှော့ချစေပါတယ်။

Eco mode က တကယ်ရော ဆီစား သက်သာစေသလား??

သက်သာစေပါတယ်။ ကားက Eco mode ဖြစ်သွားတာနဲ့ ကားအရှိန်က နည်းနည်းလျော့သွားပြီး လျှပ်စစ်နဲ့ လောင်စာဆီ အသုံးပြုခြင်းကို ထိန်းချုပ် လိုက်လို့ပါပဲ။ Eco mode ကို အသုံးပြုနေစဉ်မှာ အရှိန်နှုန်းမြင့် မောင်းနှင်မှုကို မပြုလုပ် ရပါဘူး။ Highway ခရီးတွေအတွက် ဆိုရင်လည်း Eco mode ကို အသုံးပြုဖို့ အကြံမပေးပါဘူး။ ဒါကြောင့် နေ့စဉ် သွားလာနေရတဲ့ အလုပ်သွားတာမျိုး မြို့တွင်းမောင်းနှင်တာမျိုး Short trip ထွက်တာမျိုးတွေ မှာတော့ Eco mode ကို ကောင်းစွာ အသုံးပြုနိုင်ပါတယ်။

Eco mode က ကားရဲ့ အင်ဂျင်ကို ထိခိုက်စေသလား??

Eco mode အသုံးပြုထားတဲ့ အခါမျိုးမှာ ကားမောင်းနှင်မှု အရှိန်နှုန်း အမြန်နှုန်းတို့က သတ်မှတ်မိုင်နှုန်း သင့်လျော်တဲ့ အရှိန်အတိုင်း ဖြစ်နေမယ် ဆိုရင်တော့ ထိခိုက်စေခြင်း မဖြစ်စေပါဘူး။

Eco mode နဲ့ တချိန်လုံးမောင်းဖို့ အဆင်ပြေပါ့မလား??

အမြဲတစေ အသုံးပြုခြင်းက ထိခိုက်မှုကို မဖြစ်စေလို့ အဆင်ပြေပါတယ်။ ဒါပေမယ့် မောင်းနှင်သူ ကတော့ ကားကို ကောင်းစွာ ထိန်းချုပ် မောင်းနှင်ပေးဖို့တော့ လိုအပ်ပါတယ်။

Comments