အော်တိုဂီယာဘောက်ကို မပျက်စီးအောင် ဘယ်အရာလေးက အရေးပါသလဲ?


ယခုအခါ Automatic Transmission လို့ခေါ်တဲ့ Auto Gearbox (အော်တိုဂီယာ) ကားတွေကို အသုံးပြုလာကြတာ ကြောင့် အော်တိုဂီယာဘောက်ကို မပျက်စီးအောင် ဘယ်အရာလေးက အရေးပါသလဲ ဆိုတာနဲ့ တ်သက်ပြီး Toyota Fans အတွက် ဗဟုသုတအဖြစ် ဝေမျှပေးလိုက်ပါတယ်။

ဘယ်လို အရာလေးက အရေးပါသလဲ?

ကားကို ပြုပြင်ထိန်းသိမ်းတဲ့အခါ များသောအားဖြင့် အင်ဂျင်ဝိုင်လဲဖို့ကိုပဲ ဦးတည်ကြပြီး အော်တိုဆီ စစ်ဆေးဖို့နဲ့ လဲလှယ်ဖို့မေ့နေတတ်ကြပါတယ်။အော်တိုဆီမကောင်းတော့ဘူးဆိုရင်ကားဆောင့်ထွက်ခြင်း၊ဂီယာချိန်းနောက်ကျခြင်းနဲ့ အချိန်ကြာလာတဲ့အခါ ဂီယာဘောက်ပျက်စီးခြင်း၊ ဆီစားနှုန်းများလာြခင်း၊ ဂီယာဘောက်မှ ဆူညံသံထွက်လာခြင်း နဲ့ ဂီယာဖမ်းသွားခြင်းများ ဖြစ်လာပါလိမ့်မယ်။ နောက်သတိပြုရမှာက အော်တိုဆီ မှားမထည့်ဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ အော်တိုဆီမှားရင် ချက်ချင်း မသိသာ ပေမယ့် ၂လ၊ ၃လ နေရင်တော့ ဂီယာဘောက် လဲရတဲ့ အဆင့်ထိ ဖြစ်နိုင်လို့ပါ။ အကယ်၍ မှားထည့်မိ ခဲ့မယ်ဆိုရင် ချက်ချင်းဖောက်ချ ရမှာဖြစ်ပါတယ်။ အသုံးများဆုံး အော်တိုဆီ ()မျိုး ရှိပါတယ်။ ATF နဲ့ CVT ပါ။ မိမိကားက ဘယ်လိုဂီယာဘောက် အမျိုးအစား ထဲမှာပါလဲ? ဘယ်အော်တိုဆီ အမျိုးအစားကို ထည့်ရမလဲ ဆိုတာကို သေသချာ စစ်ဆေးပြီးမှ လဲလှယ်ဖို့ အကြံပေးချင်ပါတယ်။

အော်တိုဆီကို ဘယ်အချိန်မှာ စစ်ဆေးလဲလှယ်သင့်လဲ?

အော်တိုဆီက တော့ကွန်ဗာတာ (Torque Converter) နဲ့ ကလပ်များကြား အလုပ်လုပ်ရတာကြောင့် ရိုးရိုး Transmission Oil ထက် ပိုပူပါတယ်။ ဒါကြောင့် ကီလိုမီတာ ၄၀,၀၀၀ (သို့) ၂နှစ် အကြာမှာ စစ်ဆေးရမှာဖြစ်ပြီး ကီလိုမီတာ ၈၀,၀၀၀ (သို့) ၄နှစ်အကြာမှာ လဲလှယ်ရမှာပါ။ အော်တိုဆီကောင်းတယ်ဆိုရင် ဂီယာဘောက်ပုံမှန် အလုပ်လုပ်ပြီး အင်ဂျင်ရုန်းအားလည်းသက်သာတဲ့အတွက် ဆီစားသက်သာစေပါတယ်

 အော်တိုဆီမကောင်းလို့ ဂီယာမချိန်းတဲ့အခါ အင်ဂျင်ပိုမိုလည်ပတ်ရတဲ့အတွက် ဆီပိုစားသလို အင်ဂျင်လည်း ပိုရုန်းရပါတယ်။ ဒါကြောင့် အော်တိုဂီယာဘောက်သက်တမ်းကို ပိုမိုရှည်ကြာစေချင်တယ်ဆိုရင် အော်တိုဆီကို ပုံမှန်လဲလှယ်ပေးဖို့ အကြံပြုလိုက်ပါတယ်။ အရည်အသွေးပြည့်မီ တဲ့ Genuine Automatic Transmission Fluid ကတော့ ဂီယာ သက်တမ်းတစ်လျှောက် အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ တာရှည်ခံမှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

 

Comments