အချိန်မှန်မှန် စစ်ဆေးကြရအောင်..


ကားတွေကိုလည်း ဂရုတစိုက် စစ်ဆေးဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ရေရှည်မှာ ကုန်ကျစရိတ်တွေ ပိုများ လာပါလိမ့်မယ်။

ပုံမှန် စစ်ဆေးဖို့ Owner’s Manual Book မှာလည်း ကားပြုပြင် ထိန်းသိမ်းမှု အချိန်ဇယားကို ကြည့်လို့ရပါတယ်။ ဒါမှမဟုတ် အရောင်းကိုယ်စားလှယ်တွေ ထံမှတဆင့် အချိန်ဇယားတွေ ကို စစ်ဆေးကြည့် လို့ရပါတယ်။ ကားတွေ ကို စစ်ဆေးတော့မယ် ဆိုရင် တိကျသေချာ ကောင်းမွန်တဲ့ Service Centers တွေမှာ စစ်ဆေးဖို့ အကြံပြုပေး ချင်ပါတယ်။

ဘာကြောင့်လဲ ဆိုတော့

ကားရဲ့ အစိတ်အပိုင်း တွေကို နားလည်ပြီး ကားကို သေချာ စစ်ဆေးပေးနိုင်မှု၊ နောက်ထပ် ပြုပြင် ထိန်းသိမ်း ရမယ့် အချိန်ကို ကြိုတင် အသိပေးမှု တွေ အပြင် ခေတ်မီတဲ့ နည်းပညာသုံး စက်ကိရိယာ တွေကို အသုံးပြု စစ်ဆေးပေးခြင်းကို ပေးနိုင်ပါတယ်။ ပြီးပြည့်စုံတဲ့ ပြုပြင် ထိန်းသိမ်းမှုမျိုး ကို ရရှိပါတယ်။ 

ကားရဲ့ History ကို သေချာ Profile လုပ်ထားတာကြောင့် နောက်တစ်ကြိမ် ထပ်မံ စစ်ဆေးချိန် တွေ မှာလည်း ပိုမို အဆင်ပြေမှုမျိုး ရနိုင်ပါတယ်။ မိမိကား အတွက် တိကျတဲ့ History Record ကလည်း အရေးပါတဲ့ အရာ တစ်ခု ဖြစ်ပါတယ်။

အရည်အသွေးမြင့် Training တွေပေးထား တာကြောင့် ကား အမျိုးအစား အားလုံး နီးပါ ကို စစ်ဆေး ပြုပြင် ထိန်းသိမ်း နိုင်တဲ့ ကျွမ်းကျင် Mechanics တွေ ရှိတာက လည်း မိမိကား အတွက် စိတ်ချရတဲ့ ဝန်ဆောင်မှုမျိုးကို ရရှိနိုင်ပါတယ်။

ပြုပြင် လဲလှယ်ရမယ် ဆိုရင်လည်း စစ်မှန်သော စိတ်ချရသော အစိတ်အပိုင်း တွေကို ရရှိနိုင်တဲ့ အပြင် Warranty ဆိုတဲ့ အာမခံချက် ကိုပါ ထပ်မံ ရရှိနိုင်ပါတယ်။

မိမိကားလေးတွေကို ပုံမှန် မပျက်မကွက် သတိတရ စစ်ဆေး ပေးကြပါ ခင်ဗျာ။

Comments