ဘယ်အချိန်က လဲလှယ်ဖို့ အကောင်းဆုံးလဲ?


ကား ရဲ့ ဒူးဆစ်သဲကာ (Drive Shaft Boots) တွေက မောင်းနှင် နေချိန် လမ်းပေါ်မှ လွှင့်စင်လာတဲ့ ကျောက်တုံးလေးတွေ သဲမှုန်လေးတွေ အပြင် CV Joint ကို ပျက်စီးစေတဲ့ အရာတွေ ရဲ့ အန္တရာယ်မှလည်း ကာကွယ်ပေးပါတယ်။ Drive Shafts က ကားအင်ဂျင်မှ ဘီးတွေဆီသို့ Torque (ရုန်းအား) ပို့လွှတ်တဲ့ Rod-like အစိတ်အပိုင်း တစ်ခုပါ။ Driveline အစိတ်အပိုင်းတွေ ကြားရှိ မတူညီတဲ့ထောင့်များမှာ Torque (ရုန်းအား) တွေကို ထုတ်လွှတ် ပေးတာပါ။

Drive Shaft Boots တွေ မကောင်းတော့ဘူး ဆိုတာကို ဘယ်လို သိနိုင်မလဲ?

-        ကားကနေ ပုံမှန်မဟုတ်သော ကျယ်လောင်သည့် ဆူညံသံတွေ ထွက်လာပါမယ်။

-        ကားကို ကွေ့ရတာ (Turning) ခက်ခဲ လာပါတယ်။

-        ကားကို ကောင်းကောင်း မထိန်းချုပ်နိုင်တော့ဘူး။

-        အရှိန်တင် မောင်းနှင်တဲ့ အခါ ကားက တုန်ခါ နေမယ်။

-        နောက်ဆုံး ကားက လုံးဝမရွေ့တော့ တာပါပဲ။ 

ဘယ်အချိန်က လဲလှယ်ဖို့ အကောင်းဆုံးလဲ?

၁နှစ် (သို့မဟုတ်) ကီလိုမီတာ ၁၀,၀၀၀ မှာ အချိန်မှန်မှန် စစ်ဆေး ပေးတာကတော့ အကောင်းဆုံးပါပဲ။ စစ်ဆေးကြည့်ပြီး လဲလှယ်ဖို့ လိုအပ်နေရင် လဲလှယ်သင့်ပါတယ်။ အချိန်ကြာမြင့်အောင် မစစ်ဆေးပဲ ထားမိရင်တော့ ခုပဲ စစ်ဆေး လဲလှယ် လိုက်ပါ ခင်ဗျာ။

ဒါကြောင့် Drive Shaft Boots လေးတွေ ကိုလည်း အချိန်မှန်မှန် စစ်ဆေး ထိန်းသိမ်းဖို့ မမေ့ပါနဲ့နော်။

Comments