Lighting စနစ် က ဘယ်လောက်ထိ အရေးပါလဲ?

 


ကားတစ်စီးအတွက် အရေးကြီးဆုံး ထဲမှာ အလင်းရောင်ပေးတဲ့ ကားမီး တွေလည်း ပါပါတယ်။ Head Lamps နဲ့ Rear Lamps (Tail Lights) စတဲ့ ကားမီးတွေက ကားရဲ့ ဦးတည်ရာ ပြောင်းလဲမှု နဲ့ အခြားကားတွေကို သတိပေးပါတယ်။ ကား မောင်းနှင်တဲ့ လမ်းကြောင်း တလျှောက်မှာလည်း မတော်တဆ မဖြစ်စေဖို့ အချက်ပြကာ ညွှန်ပြပေးပါတယ်။ ကားမီးတွေ ရဲ့ အရေးပါမှုကို နားလည်တာကလည်း ဆိုရွားတဲ့ အကျိုးဆက်များကို ရှောင်ရှား နိုင်ပါတယ်။ လမ်းပေါ်မှာ ရှိတဲ့ အရာတိုင်း ဘေးကင်းနေဖို့ ကားရဲ့ မီးအလင်းရောင်တွေက အရေးပါ ပါတယ်။

မတော်တဆ (Car Accident) ဖြစ်ပြီ ဆိုရင် ကားစက်ချို့ယွင်း တာ၊ အရှိန်တွေ အရမ်းတင်မောင်းတာ လို့ပဲ တွေးကြ ထင်ကြတာများ ပါတယ်။ Lighting ကြောင့်ရော မတော်မဆဖြစ်မှု တွေ မဖြစ်နိုင်ဘူးလား?  မောင်းနှင်မှု စတင်ပြီ ဆိုတာနဲ့ မိမိကားရဲ့ အလင်းပေးစနစ် ရှေ့မီး၊ နောက်မီး၊ အပြင်ဘက်မီး စတဲ့ အရာတွေကို စစ်ဆေးကြည့် ကြမယ် မထင်ပါဘူး။

Head Lamps (ရှေ့မီးများ)

ရှေ့မီးတွေက ကားတစ်စီးမှာ အရေးကြီးဆုံး မီးတွေ ဖြစ်ပါတယ်။ ကားကို စတင် မောင်းနှင်တဲ့ အခါ၊ နေ့ ဒါမှမဟုတ် ညအမှောင်အချိန် တွေမှာ ရှေ့မီးများကို အသုံးပြု ရပါတယ်။ ရှေ့မီးသာ မရှိဘူး ဆိုရင် ကားကို ပျက်စီးစေမယ့် လမ်းအန္တရာယ်တွေကို သတိထားမိမှာ မဟုတ်ပါဘူး။ ညအချိန် မောင်းနှင်တဲ့အခါ ဒါမှမဟုတ် မိုး၊မြူ၊နှင်း ထူထပ်တဲ့အခါ မြင်ကွင်းဝေဝါး နေတဲ့ အချိန်တွေမှာ ယာဉ်မောင်းကို မြင်ကွင်းရှင်းလင်းအောင် လုပ်ဆောင်ပေးတာပါ။ ကားအရှိန်ကို မြှင့်ပြီး မောင်းနှင်တဲ့အချိန် ရှေ့မီးတွေက ကားကို သတိပေး မောင်းနှင် ရွေ့လျားစေတဲ့ အရာအဖြစ် ပံ့ပိုးပေးတာ ပါပဲ။

Rear Lamps (နောက်မီးများ)

နောက်မီးတွေက ကားရဲ့ ဘေးကင်းမှုကို ပံ့ပိုးပေးပါတယ်။ အခြား ကားရဲ့ ယာဉ်မောင်းက မိမိ ကားရဲ့ အရွယ်အစား နဲ့ ပုံသဏ္ဍာန်ကို သိနိုင်စေရန် ကားရဲ့ နောက်ဘက်အစွန်းကို ပြသထားပါတယ်။ ဒါ့အပြင် မိုးရွာတာ ဒါမှမဟုတ် နှင်းကျတာ စတဲ့ ဆိုးရွားသော ရာသီဥတုတွေမှာလည်း မိမိရဲ့ကားကို အခြားကားတွေက သိသာနိုင်စေဖို့ လုပ်ဆောင် ပေးပါတယ်။ ညအခါ မောင်းနှင်မယ် ဆိုရင်လည်း ကားရဲ့ အနောက်ဘက်စွန်းကို တိုက်ခိုက်မိခြင်း မရှိဖို့ တားဆီး ရုံသာမက မိမိ ကားရဲ့ အနောက်မှာရှိတဲ့ အခြားကားကလည်း သတိပြုမိဖို့ အသိပေး ပါတယ်။

မိမိရော မိမိကား အတွက်ပါ အရေးကြီးတဲ့ ဘေးကင်းလုံခြုံမှု ကို ပေးစွမ်းနိုင်ဖို့ ရေစိုခံနိုင်မှု မြင့်မားပြီး ကောင်းမွန် ကြည်လင် တဲ့ မြင်ကွင်း တစ်ခု ရစေဖို့ စစ်မှန်တဲ့ အရည်အသွေးမြင့် မီးလုံး (Lamps) တွေကို ရွေးချယ် တပ်ဆင် အသုံးပြုဖို့ လိုအပ်ပါတယ်။

မိမိကားရဲ့ အရေးကြီးတဲ့ အရာ ဖြစ်တဲ့ ရှေ့မီး နောက်မီး တွေကို ပြုပြင် ထိန်းသိမ်းရမယ့် ကာလ ၆လ သို့မဟုတ် (ကီလိုမီတာ ၅,၀၀၀) ရောက်ပြီ ဆိုတာနဲ့ အချိန်မှန်မှန် စစ်ဆေး ပြုပြင် ထိန်းသိမ်းဖို့ သတိရလိုက်ပါ ခင်ဗျာ။

 

Comments