Stock အဆင်သင့် ရှိတဲ့ Luxury MPV!!!


Hello Toyota Fans တို့ရေ…

Stock လည်း အသင့်ရှိတဲ့ Luxury MPV လေးကို ညွှန်းပါဆိုရင် Toyota Majestyကို အကြံပြု ပေးချင်ပါတယ်။ 

Toyota Majesty ဟာ Luxury ဆန်ပြီး ဇိမ်ကျစေတဲ့ ကား၊ ကျယ်ပြန့်လှပြီး ထိုင်ခုံပခုံးမှီများပါသော ခရီးသည်ခုံများ ကြောင့် မိသားစု နဲ့အတူ ခရီးတွေ သွားမယ် ဆိုရင်လည်း သက်တော့သက်သာဖြစ်ပြီး Safety ပိုင်း စိတ်ချရတဲ့ ကား၊ ဒုတိယအတန်းရှိ တစ်ယောက်ထိုင်သီးသန့် ပါဝါထိုင်ခုံတွေ ပါတာကြောင့် အဆင့်တန်းမြင့်မြင့် စီးနှင်းမှုကို ရရှိစေလို့ Company Usage အတွက်လည်း အသုံးဝင်တဲ့ ကား အဖြစ် လူကြိုက်များ နှစ်ခြိုက် လှပါတယ်။
ရှေ့၊နောက် သီးခြားစီ ထိန်းချုပ်ထားတဲ့ အလိုအလျောက် လေအေးပေးစနစ် ပါဝင်တာကြောင့်လည်း ယာဉ်တစ်စီးလုံးက အေးမြမှုနဲ့အတူ Ion Nanoe Generators လို့ခေါ်တဲ့ ဘတ်တီးရီးယားနှင့် အနံ့အသက်တွေကို ရှင်းပေးတဲ့စနစ် ထည့်သွင်းထားတာကြောင့် ကျန်းမာရေးအတွက်ပါ အထောက်အပံ့ ဖြစ်စေပါတယ်။ Toyota Majesty က ASEAN NCAP (New Car Assessment Program) မှာ 5 Stars ရထားတဲ့ကား ဆိုလည်း မှန်ပါတယ်။

“အမိုက်စား Toyota Majesty”

- Toyota Majesty ကို 2.8-Liter Diesel (1GD-FTV) Engine ဖြင့် ထုတ်လုပ်ထားတာကြောင့် 6-Speed Automatic Transmission Type ဖြစ်ပါတယ်။ 

- Toyota Majesty ရဲ့ထိုင်ခုံများမှာ Luxury ဆန်ဆန် Captain Seat ၄ ခုံ ပါဝင်တဲ့အပြင် ဘေးတံခါး ၂ ချပ် မှာလည်း Auto Power Slide Door System ဖြစ်ပါတယ်။

- Suspension အနေနဲ့ အနောက်ဘက်မှာ 4-Linked Coil Spring အသုံးပြုထားပြီး အရှေ့ပိုင်းကို Macpherson Strut ဖြင့်ထုတ်လုပ်ထားတာကြောင့် လမ်းကြမ်းတွေမှာလည်း သက်သောင့်သက်သာ စီးနှင်းနိုင်မှာဖြစ်ပါတယ်။

- Safety ပိုင်းအနေဖြင့် SRS Airbags (၁၀) လုံး၊ VSC, TRC, ABS, BA, HAC နှင့် Auto LSD စနစ်တို့ပါဝင်တဲ့အပြင် Toyota ရဲ့ TSS (Toyota Safety Sense) စနစ်များလည်း ထည့်သွင်း ထုတ်လုပ်ထားသောကြောင့် လုံခြုံစိတ်ချမှုတို့ကို အပြည့်အ၀ ပေးစွမ်းနိုင်ပါတယ်။

Comments