ကား Body Parts တွေလဲရတော့မယ်ဆိုရင်….


ကားကိုယ်ထည်ပစ္စည်း (Body Parts) အားလုံးက သူနေရာနဲ့သူ အရေးပါသလို နောက်တံခါး (Back Door) ၊ နောက်ဘမ်ပါ (Rear Bumper) နောက်ဘေးခြမ်း (Rear Fender) တံခါးများ(Door Panels)၊ ရှေ့ပါးခြမ်း (Front Fender)၊ ရှေ့ဘမ်ပါ (Bumper) ဘောနက်(Hood) စတဲ့ အစိတ်အပိုင်းတွေက မတော်တဆ ယာဥ်တိုက်မှု ဖြစ်တဲ့အခါ ဆောင့်ဒဏ်ကို သက်သာလျော့နည်းအောင် အရေးကြီးတဲ့ တာဝန်ကိုယူပြီး ကားမောင်းသူနဲ့ စီးနင်းလိုက်ပါသူများ ကို အန္တရာယ် မှ ကာကွယ်ပေးတဲ့ ပစ္စည်းတွေဖြစ်လို့ အထူး အရေးပါတဲ့ နေရာကနေ တာဝန်ယူထားပါတယ်။

ဉပမာ- ကားမောင်းနှင် ချိန်မှာ ရုတ်တရက် တခြားကား က အကြောင်းတခုခု ကြောင့် ဝင်တိုက်တဲ့ အ‌ခြေအနေ မှာ မောင်းနှင်းသူရော စီးနှင်းသူဆီကို တိုက်ရိုက် မ‌ရောက်လာအောင် ရှေ့ပါးခြမ်း (Front Fender) ၊ ရှေ့ဘမ်ပါ (Bumper)၊ ဘောနက် (Hood) တွေက ကြားခံ အနေနဲ့ ကာကွယ်ပေးထား ပါတယ်။ Accident တွေ ကြုံလာတဲ့ အခါ ကား Body Parts တွေက လုံခြုံစိတ်ချမှု ကို ပေးနိုင်မယ့် ဝတ်ရုံ တစ်ခုပါပဲ။ ဒါပေမယ့် Seatbelts တော့ အမြဲ သတိတရ တပ်ထားဖို့ လိုပါတယ် လို့ ပြောပါရစေ။

Toyota ဟာ သူ့ရဲ့ Genuine Body Parts တွေကို မူလ ကားကိုယ်ထည်ပစ္စည်း တွေအတိုင်း ဆွဲဒဏ်ခံနိုင်ရည်မြင့်မားတဲ့ သံမဏိ တွေနဲ့ထုတ်လုပ်ပါတယ်။ ပေါ့ပါးတောင့်တင်း နေပေမဲ့ ယာဥ်မတော်တဆမှုနဲ့ ကြုံတွေ့ခဲ့ရင်တောင် အထူးကာကွယ်မှုကိုပေးနိုင်ပါတယ်။ ဆွဲဒဏ်ခံနိုင်ရည်မြင့်မားတဲ့ သံမဏိ ဆိုတာ သာမာန် သံမဏိပြားတွေထက် ပိုခိုင်ခံ့ပြီး မျက်နှာပြင်ပြုပြင်မှု ပြုလုပ်ထားလို့ သံချေးမတတ်နိုင်ပါဘူး။ ဒါ့အပြင် ရေစိုဒဏ်ကိုလဲ အထူးခံနိုင်ရည်ရှိ တာက ကားရဲ့ စွမ်းဆောင်ရည်ကိုလဲ အပြည့်အဝအထောက်ကူဖြစ်မှာ အသေအချာပါပဲ။

ကဲ… Toyota Fans တို့ရေ ကားတွေ ရဲ့ Body Parts တွေကလည်း အရေးကြီးတယ် ဆိုတာ သတိရပေးပါ ခင်ဗျာ။


 

Comments