ကား ကို Cover နဲ့ဖုံးအုပ်ရတာ အလုပ်ရှုပ်တယ်လို့တွေးနေမိလား?


 

ကိုယ်နေထိုင်တဲ့ နေရာပေါ်မူတည်ပြီး ကားကို Covering (ဖုံးအုပ်ခြင်း) လုပ်ဖို့ လိုအပ်ပါတယ်။ မြို့ပြမှာ ဆိုရင်တော့ ကားထားဖို့ က နေရာ အခက်အခဲ ဖြစ်တာတော့ အမှန်ပါပဲ။ အဆင်ပြေတဲ့ နေရာ တခုကို ရွေးပြီး ကား ကို ထားရတဲ့ အခါ Covering လုပ်ရမလား? လုပ်ဖို့လိုလား? တွေးရပါတော့တယ်။ နောက် အလုပ်ရှုပ်တယ် ဆိုပြီး Covering မလုပ်ကြတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ကားဖုံးအုပ်ခြင်း (Covering) အကြောင်းကို မျှဝေလိုက်ပါတယ်။

ကားဖုံးအုပ်ခြင်း က တကယ် အရေးကြီးပါ သလား?

ကားကို Covering (ဖုံးအုပ်ထားခြင်း) က နေရောင်ခြည်ဒဏ် နဲ့ တခြား အရာဝထ္တုတွေမှ ထိခိုက်မှုကို ကာကွယ်ပေးပြီး Painting သက်တမ်းကို ကြာရှည်မှု ဖြစ်စေပါတယ်။ ကိုယ်ရဲ့ကားလေး က အမြဲ သစ်လွင်တဲ့ အရောင်လေး နဲ့ တောက်ပြောင်နေမှာပါ။

ပူလွန်းတဲ့ နွေရာသီ လိုမျိူးမှာ ဆေးသားမှေးမှိန်မှုမှ ကာကွယ်ပေးပြီး ကားအတွင်းပိုင်းကိုလည်း အရောင်ဖျော့ခြင်း နဲ့ ကွဲအက်ခြင်းမှ ကင်းဝေးစေပါတယ်။ မိုးရာသီ၊ နှင်းကျသော ဆောင်းရာသီ တွေမှာလည်း ညစ်ပတ်ပြီး စိုစွတ်မှုမှ ကာကွယ်ပေးပါတယ်။

နေ့တိုင်း Covering လုပ်ဖို့ လိုပါသလား?

လိုအပ်ပါတယ်။ အကောင်းဆုံး ထိန်းသိမ်း ထားဖို့ပါ။ နေ့စဉ်အသုံးပြုမယ် ဆိုရင်တော့ ပေါ့ပါးတဲ့ ကား Cover မျိုးကို အသုံးပြုပေးပါ။ ကားကို မသုံးဖြစ်ဘူး ရပ်ထားတော့မယ် ဆိုရင်တော့ ဖုံးအုပ်ထားဖို့ ပိုပြီး လိုအပ်ပါတယ်။ သတိထား ရမှာ ကတော့ သေချာ ဆေးကြော သန့်ရှင်း ပြီးမှ ဖုံးအုပ်ထားဖို့ပါပဲ။

ပြည့်ဝတဲ့ ကာကွယ်မှုကို ဖြစ်စေသလား?

Covering က အစွမ်းထက်တဲ့ အရာလိုတော့ မဆိုလိုပါဘူး။ ဒါပေမယ့် ကားရဲ့ ခြစ်ရာဖြစ်နိုင်မှု၊ မလိုအပ်ဘဲ အကြောင်းမဲ့သက်သက် ပျက်စီးမှု စတာတွေမှ သိသိသာသာ လျော့ကျစေ မှာတော့ သေချာပါတယ်။

ဘယ်လို Cover မျိုးကို ရွေးချယ် ရမလဲ?

ကား Cover မျိုးစုံရှိပါတယ်။ အားလုံးကို တူညီတဲ့ နည်းပညာသုံးပြီး ထုတ်လုပ်ထားတာ မဟုတ်ပါဘူး။ အဓိက က ကိုယ်က ကားကို ဘယ်နေရာမှာ ထားမလဲ?? ဘယ်လိုမျိုး အရာတွေကနေ ကာကွယ်မှာလဲ?? ပေါ်မှာ မူတည်ပါတယ်။ ဉပမာ - ကားက အမြဲ နေရောင်ခြည်ထိတွေ့ တဲ့ နေရာမျိုးမှာ ထားနေရတာ ဆိုရင် UV ကာကွယ်မှုမျိုး ပိုပေးနိုင်တဲ့ Cover က ပိုပြီး သင့်တော်ပါတယ်။ ကားကို ခဲလုံး နဲ့ တခြား မာကြောတဲ့ အရာတွေ မှ ကာကွယ်ဖို့ ဆိုရင် အလွန်အကြမ်းခံတဲ့ Material နဲ့ ပြုလုပ်ထားတဲ့ အဖုံးမျိုး ရွေးချယ် ရပါမယ်။

ကဲ Toyota Fans တွေလည်း မိမိကားလေးကို ကာကွယ်ကြဖို့ မမေ့နဲ့နော်။

Comments