Engine Head Gasket ပျက်ရင် ဘယ်လို သိနိုင်မလဲ?

 

Engine Head Gasket ဆိုတာ Engine Head နဲ့ Cylinder Block ကြားထဲမှာ တည်ရှိနေပြီး အဲ့နှစ်ခု ကြားမှာ Power Lose ဖြစ်ခြင်းကို ကာကွယ်ပေးတဲ့ အရေးကြီး အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အင်ဂျင်အတွင်း မှာရှိတဲ့ အင်ဂျင်၀ိုင် ၊ရေ၊ Coolant တွေကို ပေါက်လောင်ခန်း(Combustion Chamber) ထဲ မ၀င်အောင်၊ အင်ဂျင်၀ိုင်၊ ဆီလိုင်းတွေ၊ ရေ နဲ့ Coolant လိုင်းတွေ  တစ်ခုနဲ့တစ်ခု မရောနှောအောင် ကာကွယ် ပေးတာ ပဲဖြစ်ပါတယ်။

Engine Head Gasket ပျက်တဲ့အခါ

Engine Head Gasket ပျက်တယ် မပျက်ဖူးဆိုတာကို သိရှိဖို့ မလွယ်ပါဘူး။ ဒါကြောင့် ဒီအချက်တွေကိုတော့ သတိထားပေးပါ။

·       ရေတိုင်ကီ (Raditor) မှာ ပူစည်ဖောင်းလေးတွေထနေမယ်ဆိုရင်

·        အိတ်ဇောကနေ မီးခိုးအဖြူတွေ ထွက်မယ်ဆိုရင်

·        ရေတိုင်ကီထဲကရေတွေ Pressure ကျနေမယ်ဆိုရင်

·        Engine Cylinder Compression မရှိတော့ဖူးဆိုရင်

·        Engine မီးလောင်ခန်းထဲ ရေ Coolant ၀င်နေမယ်ဆိုရင်

·        Engine Heat တက်နေမယ်ဆိုရင်

Engine Head Gasket ပျက်နေပြီလို့ အလွယ်တကူ သိနိုင်ပါတယ်။

Engine Head Gasket ကို ဘယ်လို ထိန်းသိမ်းမလဲ

အင်ဂျင် Heat တက်တာတွေ အင်ဂျင် အအေးပေးစနစ် မှာရှိတဲ့ Fan Motor Water Pump Radiator Coolant Thermostat အစရှိတဲ့ ပစ္စည်း အစိတ်အပိုင်းတွေ ချို့ယွင်း တာကို သတိမပြုမိဘဲ မောင်းနှင် မိတာမျိုးတွေကို မလုပ်သင့်ပါဖူး။ ဒါကြောင့် ကားမောင်းမယ်ဆိုရင် အရင်ဆုံး ဆီ၊ ရေ၊ လေ သတိထားရမှာဖြစ်သလို ကားဒိုင်ခွက်ထဲက အင်ဂျင်ဝိုင်မီးလင်းသလား၊ Heat Gauge ပုံမှန်ရှိရဲ့လားဆိုတာ အမြဲသတိထား ပြီး မောင်းနှင်ရမှာ ဖြစ်ပါတယ်။

ဒါ့ပြင် သတိပြု မစစ်ဆေးပဲ ဆက် အသုံးပြု မယ်ဆိုရင် မလိုလားအပ်တဲ့ အန္တရာယ်တွေ ဖြစ်လာနိုင်ပါတယ်။

Head Gasket ပျက်တယ်ဆိုတာ အင်ဂျင်တစ်လုံးပျက်စီးဖို့အတွက် လမ်းစဖြစ်လို့ အင်မတန် အန္တရာယ်ကြီး ပါတယ်။ အကယ်၍ အလျင်အမြန် ပြုပြင် ထိန်းသိမ်း တာတွေ မလုပ်ဖူးဆိုရင် အင်ဂျင်ဝိုင်နဲ့ ရေတွေရောပြီး ပျက်စီးတာ၊ Bearing တွေဖမ်းတာ၊ အရည်ပျော်ပြီး အင်ဂျင် ဖမ်းသွား တာတွေ ဖြစ်ပြီး အင်ဂျင် တစ်ခုလုံး လဲလှယ် ရတာမျိုးတွေထိ ကြုံတွေရပါလိမ့်မယ်။

Toyota Fans တို့ရေ Engine Head Gasket ရော စစ်ဆေး ပြီးပြီလား?


Comments