Clutch Plate က အရေးကြီး ပါသလား?


 Toyota Fan တို့ရေ ဒီတခါတော့ Clutch Plate အကြောင်းလေး ပြောပြပေး လိုက်ပါတယ် ခင်ဗျာ။

Clutch Plate က အရေးကြီး ပါသလား?

Manual Transmission System တွင် အဓိက အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

Clutch Plate ကို အင်ဂျင်ရှိ Flywheel နှင့် Clutch Cover ကြားတွင် တပ်ဆင်ထားပြီး Clutch Pedal (ခြေနင်း) ကို အသုံးပြုပြီး Hydraulic Pressure အားနဲ့ အင်ဂျင်မှ Drive Power ကို GearBox ဆီကို ပိုဆောင်ပေးခြင်း၊ ဖြတ်တောက်ပေးခြင်း တွေကို ပြုလုပ်ပေး ပါတယ်။ Clutch Plate ရဲ့ လုပ်ဆောင်ချက်တွေကတော့.

) ကားစ ထွက်တဲ့ အချိန်မှာလည်း ညင်သာအောင် ထွက်ပေးတယ်။

) ဂီယာချိန်း တဲ့အချိန် ကားရပ်တဲ့ အချိန်တွေ မှာလည်း လွယ်ကူ လျှင်မြန်စွာ လုပ်ဆောင် ပေးပါတယ်။

) ကားမောင်းနှင်တဲ့ အခါမှာလည်း အင်ဂျင်ပါဝါကို ချောထွက်တာ မဖြစ်စေဘဲ အပြည့်အဝ GearBox ဆီကို ပိုဆောင်ပေးပါတယ်။

ဒါကြောင့် Clutch Plate က သတ်မှတ်ထားတဲ့ Service Limit ထက် ပိုပြီး စားသွားပါက ကားက အရုန်းအဆွဲကျဆင်းတာ ဆီစားနှုန်းများလာတာ Clutch က ညှော်နံ့ထွက်လာတာ Clutch Pedal (ခြေနင်း) နင်းရတာက မာနေတာမျိုး ဂီယာချိန်းတဲ့ အခါ ညင်ညာမှု မရှိတာမျိုးတွေ ဖြစ်ပေါ် နိုင်ပါတယ်။

အဲ့လို အခြေအနေမျိုးမှာ Gearbox ချပြီး Clutch Plate တစ်ခုတည်းကိုပဲ စစ်ဆေး လဲတာမျိုး မဟုတ်ဘဲ Flywheel နဲ့ Clutch Cover ရှိ မျက်နှာပြင်တွေ ကိုလည်း စစ်ဆေးကာ လိုအပ်ပါက မျက်နှာပြင်သခြင်း အသစ်လဲခြင်း ပြုလုပ်ရန် လိုအပ်ပါတယ်။

ပြီးတော့ Clutch Fork နှင့် Release Fork တွေပါ အက်ကွဲနေတာမျိုး ရှိမရှိကိုပါ တစ်ခါတည်း စစ်ဆေးပြီး လိုအပ် ပါက လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။

Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

Toyota Taw Win: (09) 770 552 000

 

Mandalay

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002

Naypyidaw

Toyota MDMM: (09) 9 444 1111 91 ~ 4

 

Taunggyi

Toyota Mingalar: (09) 407 799 993

 

Lashio

Toyota GW Lion: (09) 8 999 444 19

 

Comments