Manual Gear က Clutch ပွန်းစားခြင်း...

ကားတွေမှာ Gear အမျိုးအစား အနေနဲ့ Manual Gear နဲ့ Auto Gear ဆိုပြီး နှစ်မျိုးရှိတယ်ဆိုတာ ကားမောင်းသူတွေတော်တော်များများ သိထားပြီးဖြစ်မှာပါ။

Manual Gear ဆိုတာကတော့ Clutch နင်းပြီး ဂီယာထိုးရတဲ့ ကားတွေဖြစ်ပြီး၊ Auto Gear ကတော့ အခုနောက်ပိုင်း မော်ဒယ်မြင့်ကားတွေမှာ Manual Gear တွေလို အမြဲရွှေ့ပြောင်း နေစရာမလိုဘဲ Gear တစ်ခါထိုးပြီးရင် အလိုအလျောက် Gear အရွှေ့အပြောင်း လုပ်ပြီးမောင်းနိုင်တဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။

ယခုလက်ရှိ မှာလဲ Manual Gear ကားအမျိုးအစား တွေကို မောင်းနှင် နေကြသေးတဲ့ အတွက်ကြောင့် Clutch နဲ့ ပက်သက်ပြီး knowledge တစ်ခုအနေနဲ့ ဝေမျှပါရစေ။

ရိုးရိုး Gear အုံကား တွေမှာ အင်ဂျင်နဲ့ ဘီးတွေကို Clutch ဖြင့် ဆက်သွယ် ပေးပါတယ်။ ဖြေးဖြေး စထွက်ချိန် ဒါမှမဟုတ် ဖြေးဖြေးချင်းရပ်တဲ့ အချိန်မျိုးမှာ Clutch က အင်ဂျင်ရဲ့ ပါဝါကို ထိန်းညှိ ပေးပါတယ်။

Clutch ရဲ့ သက်တမ်းက ကားမောင်းနှင် ပုံ အနေအထားပေါ်မှာလဲ မူတည်နေပါတယ်။

မကြာခဏ ရပ်လိုက် မောင်းလိုက် လုပ်တာမျိုး၊ ခဏခဏ Clutch ညှိလျက် မောင်းရတာမျိုး၊ လေးလံတဲ့ ဝန်တွေတင်ပြီး ခဏခဏ မောင်းရတာမျိုး ဆိုရင်တော့ Clutch ကို ပုံမှန်စစ်ဆေးပေးဖို့ လိုပါတယ်။

Gear တစ်ခုနဲ့ တစ်ခု အပြောင်းအလဲ လုပ်တိုင်း Clutch ကိုနင်းပြီး လုပ်ရတဲ့အတွက် Clutch ပွန်းစား တာမျိုး ဖြစ်လာ စေနိုင်ပါတယ်။ ဟောင်းနေတဲ့ Clutch (သို) မကောင်းတော့တဲ့ Clutch (သို့) အစစ်အမှန် မဟုတ်တဲ့ Clutch တွေကို သုံးမိတဲ့အခါ မှာ လီဗာနင်းပေမဲ့ ကား အမြန်နှုန်း ပိုမလာတာ၊ မတ်စောက်တဲ့ကုန်း တွေ တတ်တဲ့အခါ လိုတာထက် ပိုပြီး ရုန်းနေရတာ မျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ကားထုတ်တဲ့ Manufacture က Genuine Spare Parts တွေ ထုတ်တဲ့အခါ မူလပစ္စည်းတွေတိုင်း အင်ဂျင်ရဲ့ ပါဝါကို နိုင်နင်းပြီး အကြမ်းခံနိုင်ဖို့ ကို စဉ်းစားပြီး ထုတ်လုပ်ပါတယ်။ ဒါကြောင့် အစားထိုး လဲလှယ် ရမယ်ဆိုရင်တော့ Genuine Clutch တွေကို လဲလှယ်ဖို့ အကြံပြု လိုပါတယ်။ 


 

Comments