Tools လေးတွေ က ဘယ်လို အသုံးဝင်ပါသလဲ?

Toyota Fans တို့ အတွက် ဒီတစ်ခါ မှာလည်း Tools လေး တွေရဲ့ အသုံးဝင်မှုကို ထပ်မံပြီး မျှဝေ ပေးလိုက်ပါတယ်။

1. Life Hammer

ဒီ Tool လေးက အမြဲ သုံးဖို့ မလိုအပ်ပေမယ့် ကားမှန်ခွဲရန် ဒါမှမဟုတ် ထိုင်ခုံခါးပတ်ကို ဖြုတ်ရန် လိုအပ်တဲ့   အရေးပေါ် အခြေအနေ တွေမှာ ကူညီပေး နိုင်ပါတယ်။ 

2. Two Strap

ကားက လမ်းပေါ်မှာ Break Down ဖြစ်တဲ့အခါ တွဲဆွဲကြိုးက ကူညီ နိုင်ပါလိမ့်မယ်။ တခြားကား ကို အကူအညီ တောင်းနိုင်ပြီး ကားကို အနီးဆုံး အလုပ်ရုံသို့ တွဲဆွဲကြိုးနဲ့  ဆွဲသွားနိုင်ပါတယ်။ 

3. Jumper Cables

ကားက ရုတ်တရက် Stuck ဖြစ်သွားတဲ့အခါ Jumper Cables တွေရှိခဲ့ရင် တခြားကားရဲ့ အကူအညီနဲ့ ကားရဲ့ Battery ကို ထောက်ပြီး နှိုးပေး နိုင်ပါတယ်။ 

4. Tyre Inflator

ကားမှာ တာယာအပို ဆောင်ထားပေမယ့် ပုံမှန်ဖိအား စစ်ဆေးပေး ပါသလား? ကား တာယာ ဖိအားကိုရော ပုံမှန် စစ်ဆေးပါသလား? အလုပ်တွေများလို့ သတိမထားမိလို့ မေ့နေတတ် ကြပါတယ်။ ဒီလိုမျိုး စစ်ဆေးဖို့ အချိန် မပေးနိုင်ဘူး ဆိုရင်တော့ အသုံးမဝင်တဲ့ တာယာနှစ်ခု ဖြစ်မနေစေဖို့ တာယာလေထိုးတံကို အမြဲ ဆောင်ထားသင့်ပါတယ်။

5. Flashlight/ Torch

ကားပြဿနာတွေက နေ့ဘက် ညဘက် ကားမောင်းနေစဉ် အချိန်မရွေး ဖြစ်ပွားနိုင် ပါတယ်။ မှောင်နေချိန် ကားကို စစ်ဆေးဖို့ လိုအပ်တဲ့ အခြေခံ Tool တစ်ခု ဖြစ်ပါတယ်။ ဖုန်းရဲ့ Flashlight က အဆင်ပြေမယ်လို့ တွေးမိကြပါလိမ့်မယ်။ ဒါပေမယ့် ကားအတွင်း အောက်ရှိ ရှုပ်ထွေးသော နေရာအချို့ကို ပြုပြင်မှု ပြုလုပ်ဖို့က  လက်နှိပ်ဓာတ်မီး ကသာ အထောက်အကူ ဖြစ်စေတာပါ။

6. Portable Fire Extinguisher

ကားအတွင်း မီးသတ် ဆေးဘူးထား တာက လုံခြုံစိတ်ချရမှု တိုးစေတာပါ။ ဘယ်ကားမဆို ဝါယာရှော့ကြောင့် မီးလောင်နိုင်တာကို သတိပြုရပါမယ်။ အရေးပေါ် အခြေအနေမျိုး အတွက် မီးသတ်ဆေးဘူးကို ဆောင်ထားရပါမယ်။ ဒါပေမယ့် သက်တမ်း ကုန်ဆုံးရက်ကို ကျော်လွန် နေရင်တော့ အစားထိုးပေးဖို့ မမေ့ပါနဲ့။ 

ဒါဆိုရင် Tools လေးတွေ ဆောင်ထားတာ က Toyota Fans တွေ အတွက် အကူအညီ ဖြစ်စေမယ်လို့ ယုံကြည်ပါတယ် ခင်ဗျာ။

Yangon 

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

Toyota Taw Win: (09) 770 552 000 

Mandalay

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002

Taunggyi 

Toyota Mingalar: (09) 407 799 993

Lashio 

Toyota GW Lion: (09) 8 999 444 19




Comments