Tools လေးတွေ က ဘယ်လို အသုံးဝင်ပါသလဲ?

 

Tools လေးတွေ က ဘယ်လို အသုံးဝင်ပါသလဲ?

Toyota Fans တို့ အတွက် ကားထဲမှာ ထားသင်တဲ့ Tools လေး တွေကို မျှဝေထားပြီးပြီ ဆိုတော့ ဒီတစ်ခါ မှာတော့ Tools လေး တွေက ဘယ်လို အသုံးဝင်သလဲ ဆိုတာကို ထပ်မံ မျှဝေ ပေးလိုက်ပါတယ်။

1. Pliers (With Wire Cutter)

ကားမှာ Wire နဲ့ ပတ်သတ်တဲ့ ပြသာနာမျိုး ဒါမှမဟုတ် တခြားအရာကြောင့် ငြိနေတာ 

တွေကို ဖယ်ထုပ်ဖို့ Pliers တွေ ဆောင်ထား သင့်ပါတယ်။

2. Jack

ကား တာယာ ရုတ်တရက် ပေါက်သွားတာ ဒါမှမဟုတ် ကားအောက်ကို ကြည့်ရတော့ မယ်ဆိုရင် မြေပြင်ပေါ်ကနေ လွယ်လွယ်ကူကူ ကားကို စစ်ဆေးဖို့ လိုအပ်ပါတယ်။

3. Lug Wrench

ကားဘီးမှာရှိတဲ့ Lug Nuts တွေ လျော့နေတာ ဒါမှမဟုတ် တင်းကြပ်လွန်း နေတဲ့အခါ အန္တာရာယ် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Lug Wrench တွေက ဖြေလျော့ခြင်း၊ တင်းကျပ်ခြင်း လုပ်ပေးတဲ့ အခါ အကူအညီ ဖြစ်စေပါတယ်။ 

4. Coolant, ATF, and Motor Oil

ကား ထဲမှာ မရှိမဖြစ် ဆောင်ထားရမယ့် အရာတွေပါ။ ခရီးဝေးသွားတဲ့ အချိန်တွေမှာ လိုအပ်လာခဲ့ရင် အလွယ်တကူ အထောက်အကူ ရစေပါတယ်။

5. Tapes

ကားမှာ အသုံးပြုထားတဲ့ လျှပ်စစ်ပစ္စည်း အဆက်အသွယ်တွေ ဒါမှမဟုတ် Wire ကြိုးလေးတွေ ပေါက်နေတာမျိုး တွေမှာ ယာယီအနေနဲ့ အန္တရာယ် မဖြစ်စေဖို့ အသုံးပြုလို့ ရပါတယ်။


6. First-Aid Kit

ခရီးသွားတဲ့အခါ လမ်းခရီးမှာ တစ်စုံတစ်ခု ဖြစ်တဲ့အချိန် အရေးပေါ် အနေနဲ့ အသုံးပြုနိုင်ပါတယ်။ ဆောင်ထား ပေမယ့်လည်း ပြန်စစ်ဆေး ပေးပြီး လိုအပ် တာတွေကို ထပ်မံ Updated လုပ် ဖြည့်စွက်ပေးပါ။


Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

      Toyota Taw Win: (09) 770 552 000

      Mandalay

     Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002

      Taunggyi

     Toyota Mingalar: (09) 407 799 993

Lashio

     Toyota GW Lion: (09) 8 999 444 19

Comments