Brake Booster က အရေးကြီး ပါသလား?


Brake Booster ဆိုတာဘာလဲ…?

ဘရိတ် System က ကားတစ်စီးတွက် တကယ် အရေးပါတဲ့ အရာ ဆိုတာ သိကြမှာပါ။ ကားဘရိတ်နဲ့ ပက်သက်တဲ့ အစိတ်အပိုင်းတွေ အများကြီးရှိတဲ့ အထဲကမှ Brake Booster ကလည်း ဘယ်လောက် အရေးကြီးလဲ ဆိုတာကို မျှဝေ ပေးပါမယ့်။ 

Brake Booster (ဆာဗိုဘရိတ်) ဆိုတာ ဘရိတ်ဆုံ နောက်မှာရှိတဲ့ အမည်းရောင် အဝိုင်းကြီးကိုခေါ်တာပါ ကားရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခုဖြစ်သလို ပျက်သွား ခဲ့ရင်လည်း တော်တော် အန္တရာယ်များပြီး ငွေကုန်ကြေးကျများတဲ့ အစိတ်အပိုင်းတစ်ခု လို့ပြောလို့ရပါတယ်။

အဓိက လုပ်ဆောင်ချက်ကတော့ Brake Pedal (ဘရိတ် ခြေနင်းပြား) ကို နင်းလိုက်တဲ့အချိန် ဖိအားကို ပိုမိုမျာအောင် လုပ်ပေးတဲ့ အရာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ဘရိတ်နင်းလိုက်တိုင်း စက်ရပ် သွားတာပါ။ Brake Booster မကောင်းရင် အင်ဂျင်ကနေ လေကိုပိုယူရပါတယ်။ ဒါကြောင့် အင်ဂျင်က လိုအပ်တဲ့ လေကို အလုံအလောက် မရတော့ပဲ စက်ရပ်သွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ABS မီးလင်းလာရင်လည်း ဘရိတ်စနစ်မှာ ပြဿနာဖြစ်နေတာလို့ ပြောလို့ရပါတယ်။ တခါတလေ ဒိုင်ခွက်ထဲက Speedometer ရပ်သွားပြီးဆိုရင်လည်း ABS Brake Booster ပြဿနာရှိနေတာဖြစ်ပါတယ်။

အကယ်လို့ ခုလို ပြဿနာတွေ ကြုံနေရပြီဆိုရင်တော့ မိမိရဲ့ ကားကို စစ်ဆေးသင့် ပါတယ်။

ဘရိတ်ပိုင်းဆိုင်ရာ ဖြစ်တဲ့အတွက် အသက်အန္တရာယ်ထိပါ ထိခိုက် နိုင်ပါတယ်။

မိမိကား ရဲ့ Brake Booster ကို သေချာစစ်ဆေးဖို့ အကြံပြုလိုက်ပါတယ် ခင်ဗျာ။

Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

Toyota Taw Win: (09) 770 552 000 

 Mandalay 

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002

 Taunggyi

Toyota Mingalar: (09) 407 799 993

 Lashio

Toyota GW Lion: (09) 8 999 444 19

 

 

 


 

Comments