Ignition Coil တွေမကောင်းရင် ဘာဖြစ်နိုင်လဲ?


ကားတစ်စီး ကောင်းမွန်စွာ လည်ပတ်နိုင်စေဖို့ ဘယ်အရာက လုပ်ဆောင်ပေးသလည်း ဆိုတာကို မျှဝေပေးလိုက်ပါတယ်။

မီးကူးကွိုင် -Ignition Coil ဆိုတာ ဘာပါလဲ?

Ignition Coil ဆိုတာ Ignition System တစ်ခုရဲ့အရေးပါဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ကားဘက်ထရီရဲ့ 12V အားကို အင်ဂျင် ကွန်ထရိုးယူနစ် (ECU) ရဲ့ ထိန်းချုပ်မှုဖြင့် ဗို့အားမြင့် (10000 V အထက်) ထုတ်ပေးကာ Spark Plug တွေကို မီးကူးပေးတဲ့ ပစ္စည်း ဖြစ်ပါတယ်။

Ignition Coil တွေကောင်းရင် ဘာဖြစ်နိုင်လဲ?

Ignition Coil တွေမကောင်းရင် ကားမောင်းနှင် ချိန်မှာ အင်ဂျင် တုန်ခါတာ တွေကို ကြုံတွေ့ရ နိုင်ပါတယ်။ သိသာထင်ရှားတဲ့ အချက်ကတော့ အင်ဂျင်ရဲ့ စွမ်းဆောင်ရည် ကျဆင်းသွားတာပါ တခါတလေ Ignition Coil ကြောင့် ကား စက်မနှိုးဘဲ ဖြစ်နေတတ်ပါတယ်။ နောက်ပြီး ကားရဲ့အရှိန်ကိုလည်း နှေးနေစေပြီး စက်ရပ် သွားတာမျိုးအထိ ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုကတော့ ကားဒိုင်ခွက် မှာရှိတဲ့ အင်ဂျင်အချက်ပြမီး လင်းလာတာပါ။ Coil တွေ ကောင်းကောင်း အလုပ်မလုပ်တာကြောင့် ကားအင်ဂျင်ရဲ့ စွမ်းဆောင်ရည်ကျဆင်းတာကို ECU (Electronic Control Unit) က တဆင့် အချက်ပြတာလည်း ဖြစ်ပါတယ်။

ဒါ့ပြင် အင်ဂျင်ဆီစားများစေနိုင်ပြီး ဆီနံ့မွှန်ခြင်း၊ လီဗာနင်းမရခြင်း၊ အင်ဂျင်တုန်ခြင်း၊ အဆွဲအရုန်းကျခြင်း စတာတွေလည်း ဖြစ်စေနိုင်ပါတယ်။

Spark plug တွေ ပုံမှန် အလုပ်မလုပ်တဲ့အခါ ကားစက်နှိုးဖို့ ခက်ခဲ ပေမဲ့ တခါတလေ တော့ စက်နှိုးလို့ ရသွားတတ် ပါတယ်။ Ignition Coil ပုံမှန် အလုပ်မလုပ်တဲ့ အခါမှာတော့ ကားက လုံးဝ စက်နှိုးလို့မရပဲ လုံး၀စက် သေသွားတာမျိုး ဖြစ်မှာပါ။

ဒါ့ကြောင့် အစားထိုး လဲလှယ် တော့မယ် ဆိုရင် အကောင်းဆုံး လုပ်ဆောင်မှုကို ရရှိစေနိုင်တဲ့ Genuine Ignition Coil ကို ရွေးချယ် ပေးစေချင် ပါတယ် ခင်ဗျာ။


Yangon

 Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

Toyota Taw Win: (09) 770 552 000 

 

Mandalay 

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002

 

Taunggyi

Toyota Mingalar: (09) 407 799 993

 

Lashio

Toyota GW Lion: (09) 8 999 444 19

 

Comments