ဘက်စုံသုံးဖို့ အဆင်ပြေစေတဲ့ Toyota Hiace


မောင်းနှင်သူရော စီးနှင်းသူပါ ကျယ်ကျယ်ဝန်းဝန်း လိုက်ပါ စီးနှင်းနိုင်တဲ့ အပြင် အကြမ်းခံကာ လုံခြုံမှု အပြည့်အဝ ရရှိစေမယ့် Toyota Hiace ဖြစ်ပါတယ် ခင်ဗျာ။

ကားဒီဇိုင်း ကိုလဲ ကျဉ်းမြောင်းတဲ့ နေရာတွေမှာပါ မောင်းနှင် နိုင်အောင် ဖန်တီးထားတဲ့ အတွက် မြိုတွင်း မြို့ပြင် မောင်းနှင်လို့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ကျယ်ကျယ်ဝန်းဝန်း သက်တောင့်သက်သာ ၁၄ ယောက်ထိ စီးနင်းနိုင်တဲ့အပြင် စိတ်ချလုံခြုံမှုကို အပြည့်အဝ ပေးစွမ်းမှာပါ။ Rear Air Conditioning ဖြစ်ပြီး စာဖတ်မီးများ ပါဝင်လို့ စီးနင်း သူတွေ အတွက်လည်း အထူး ကောင်းမွန်တဲ့ ကားတစ်စီး ဖြစ်ပါတယ်။

လုံခြုံမှု စနစ်အနေ နဲ့ ABS (Anti-lock Brake System) Parking Assist, Vehicle Stability Control နဲ့ Hill Assist Control ပါဝင်ပြီး Semi-Bonnet ဖြင့် Engine ကို အရှေ့ဘက်ကို ထုတ်လိုက်တာဖြစ်လို့ သက်တောင့် သက်သာ မောင်းနှင် နိုင်မှာလည်း ဖြစ်ပါတယ်။ Toyota Hiace မှာ Diesel (1GD-FTV) engine အမျိုးအစား ဖြစ်ပြီး Engine power ကတော့ 2.8 L ဖြစ်ပါတယ်။ အင်ဂျင်၏ အလေးချိန်ကို လျော့ချထားလို့ အင်ဂျင်လည်ပတ်နေစဉ် ပွတ်တိုက်မှု ကြောင့် ဖြစ်ပေါ်စေတဲ့ အရာတွေကို လျော့ချပေးထားခြင်း GOA ဘော်ဒီဖြင့် ဖွဲ့စည်း တည်ဆောက်ထားလို့  စီးနင်း သူတွေအတွက် လုံခြုံမှုကို အပြည့်အဝ ပေးစွမ်း နိုင်ပါတယ်။

စွမ်းဆောင်ရည်တွေကို သာလွန် ကောင်းမွန်အောင် တစ်ဆင့် ထက်တစ်ဆင့် အဆင့်မြင့် ထုတ်လုပ်ထား တကြောင့် အရည်အသွေးပိုင်း အကြမ်းခံမှုအပိုင်း နှင့် Safety ပိုင်းတွေမှာ Toyota Hiace ကတော့ ထူးခြာသာလွန်နေတာပဲ ဖြစ်ပါတယ်။ Service ပိုင်းတွေမှာလည်း ကားကို ပုံမှန်စစ်ဆေးခြင်း နှင့် ပြုပြင်မှုများ ပြုလုပရာတွင် အလွယ်တကူ နားလည်စေတဲ့ စနစ်တွေ ကို ထည့်သွင်း ပေးထားပါတယ်။

ခရီးဝေး မောင်းနှင် ချိန်တွေမှာလည်း ပင်ပန်းနွမ်းလျခြင်း မရှိဘဲ သက်တောင့် သက်သာ ဖြစ်စေရန် အတွက် တုန်ခါမှု တွေကို လျော့ချပေးနိုင်တဲ့ စနစ်များ ပါဝင်ပါတယ်။ အရေးပေါ် အခြေအနေ မှာလည်း ပျက်ဆီးဆုံးရှုံးမှုတွေကို လျော့ကျစေခြင်း နဲ့ မတော်တဆဖြစ်မှုကိုပါ လျော့ချပေးတဲ့ Safety Functions များက မောင်းနှင်သူကိုပါ အထောက်အကူ ဖြစ်စေပါတယ်။

ကား ပါကင် ထိုးတဲ့အခါ ပိုမို ထိန်းချုပ်ရ လွယ်ကူခြင်း ကား ဘေးတံခါး ဘောင်တွေကို နိမ့်ထားတာ ကလည်း မြင်ကွင်း ပိုမိုကျယ်ခြင်း ကားနံဘေး အောက်ခြေထိ မြင်နိုင်တဲ့ ဘေးအောက်ခြေ မှန်တပ်ဆင်ထားခြင်း ပစ္စည်းအမျိုးမျိုး သိမ်းဆည်းထားတဲ့ နေရာများပါရှိခြင်း ၊ ကြီးမား ကျယ်ပြန့်တဲ့ ဘေးတံခါး ပေါက်ပါရှိခြင်း အထက်တန်းဆန်ပြီး လှပတဲ့ မီးများပါရှိ တာကြောင့် Hiace ရဲ့ အသွင်အပြင်ပိုင်းက အဆင့်မြင့်ကားတစ်စီး အဖြစ် ပေါ်လွင် စေတာ ဖြစ်ပါတယ်။

ဒီလိုမျိုး ပြည့်စုံတဲ့ စွမ်းဆောင်ရည်တွေ လုံခြုံမှုတွေ ပါရှိတဲ့ Toyota Hiace က ဘက်စုံသုံးဖို့ အဆင်ပြေစေတဲ့ ကားအမျိုးအစားပါပဲ ခင်ဗျာ။

Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

Toyota Taw Win: (09) 770 552 000


Mandalay 

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002


Taunggyi

Toyota Mingalar: (09) 407 799 993

 

Lashio

 Toyota GW Lion: (09) 8 999 444 19

 

 


Comments