Ball Joint ဆိုတာ???


ကားတစ်စီးရဲ့ ကြံ့ခိုင်မှုက ကားအောက်ပိုင်းနဲ့ အဓိက သက်ဆိုင်ပါတယ်။ ကားအောက်ပိုင်း တွေထဲ ကမှ အရေးကြီး အစိတ်အပိုင်း တစ်ခုကတော့ Ball Joint ပါပဲ။

Ball Joint ဆိုတာ???

ကားရဲ့ဘီးကို လမ်းပေါ်မှာ အလိုက်သင့် ရှိနေစေဖို့က Ball Joint ရဲ့ အလုပ်ပါ Ball Joint က ကားဘီးရဲ့ ဘယ်ညာ အကွေ့အလှည့် တွေကို အဓိက ထားပြီး ထိန်းပေးတာပါ။ တစ်နည်း ပြောရမယ်ဆိုရင်  ဘီး ဘယ်၊ ညာ ကွေ့တဲ့ အခါ ချောချော မွေ့မွေ့ ကွေ့နိုင်ဖို့ ကို လုပ်ဆောင်ပေးတာပါ။ ကားတိုင်းမှာ  Ball Joint ပါပါတယ်။ Suspension အမျိုးအစားကို လိုက်ပြီးတော့ အနည်းဆုံး () ခု ကနေ () ခု () ခု ပါတတ်ပါတယ်

ဘာလို့ အရေးကြီးတာလဲ???

Ball Joint မကောင်းဘူး ဆိုတာနဲ့ စတီယာရင် (Steering) ကို ပါလာပြီး သက်ရောက်မှုရှိနေလို့ပါ။ Steering လှည့်တဲ့အခါ လေးလံနေပြီး လှည့်ရခက် နေပါမယ်။ ဒါမှမဟုတ် အရမ်းပေါ့နေပြီး Steering ကို ထိန်းရခက် နေပါမယ်။  ပုံမှန် လမ်းအဖြောင့် မောင်းနေရင်း ကနေ လမ်းအနိမ့်၊ အမြင့်တွေနဲ့ ကြုံလာတဲ့အခါ စတီယာရင် Steering ခါယမ်းပြီး ထိန်းဖို့ ခက်ခဲလာတဲ့ အတွက် တကယ်ကို အန္တရာယ် ကျရောက် လာနိုင်လို့ပါ။

Ball Joint မကောင်းတော့ရင် ဘယ်လို လက္ခဏာတွေပြလဲ?

 ဘီးက ကားရွေ့လျားတဲ့ အခါ ခါရမ်းနေတော့ စတီယာရင်မှာ ဘယ်ညာ လာတိုး နေပါမယ်အောက်ပိုင်းမှာ အသံထွက်နေမယ်၊၊ စတီယာရင်လှည့်လိုက်ရင် ကြိတ်သံလို အသံထွက် နေပါလိမ့်မယ်။ အခြေအနေဆိုးရင် ကားက ခါရမ်းနေမှာပါ။ အဲ့လို တွေကြုံတွေ့တဲ့အခါ Ball Joint စစ်ဆေးပေး ဖို့လိုနေပါပြီ။

Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

Toyota Taw Win: (09) 770 552 000

Mandalay 

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002

Taunggyi

Toyota Mingalar: (09) 407 799 993 

Lashio

Toyota GW Lion: (09) 8 999 444 19

 

 

 

 


 

Comments