Radiator မကောင်းတော့ဘူး ဆိုရင်?


 

Radiator- ကားရေတိုင်ကီ ဆိုတာ ဘာပါလဲ?

Radiator  ဆိုတာ အင်ဂျင် အအေးခံရည် (သို့) ရေတွေကို သိုလှောင်ထားတဲ့ ရေတိုင်ကီ သက်သက် မဟုတ်ပါဘူး။ အပူနဲ့ဖိအားတွေကို ထိန်းချုပ်ထားပြီး အင်ဂျင်ကအပူတွေကို Radiator မှ တဆင့် ပတ်ဝန်းကျင်သို့ စွန့်ထုတ်ပေးတဲ့ (Heat Exchanger) အပူဖလှယ်ပေးတဲ့ အစိတ်အပိုင်း တစ်ခုပါ။ ပြောရမယ် ဆိုရင် အအေးခံစနစ် (Cooling System) တွက် အသုံးပြုတာပါ။  ဒါကြောင့် Radiator ရဲ့ လုပ်ဆောင်ချက် တွေက ကားအင်ဂျင် အပူချိန် လွန်ကဲမှု မဖြစ်အောင် ကာကွယ်ပေးတာ ဖြစ်လို့ သူ့ရဲ့ လုပ်ဆောင်ချက် ချို့ယွင်း လာပြီ ဆိုရင်ဖြင့်ဘယ်လို လက္ခဏာတွေ ပြလာသလဲ ဆိုရင်???

1. Heat Guage မှာ Heat တအား တတ်လာတာမျိုး

2. Coolant တွေယိုစိမ့်လာတာ

3. ရေတိုင်ကီရှိ Fins များအကြားတွင် အမှိုက်တွေ၊ ဖုန်တွေ၊ အညစ်အကြေးတွေ ပိတ်ဆို့တာမျိုး စတာတွေ ဖြစ်လာပါမယ်။

ဒါ့ပြင် Radiator Cap (ကားရေတိုင်ကီ အဖုံး) မကောင်းရင်ရော ဘယ်လိုတွေ ဖြစ်လာမလဲ?

Radiator Cap က Coolant တွေ အပြင်မထွက်အောင် ကာကွယ်ပေးတာပါ။ နောက်တစ်ချက်က ရေတိုင်ကီထဲက Coolant ရဲ့ Pressure ကို လိုသလို ထိန်းညှိပေးပြီး အပူချိန်မြင့်မားနေတဲ့ Coolant တွေကို Reservoir Tank (ရေပြန်ဗူး) လို့ခေါ်တဲ့ နေရာကို အဝင်အထွက် လုပ်လို့ရအောင်လဲ လုပ်ဆောင်ပေးပါတယ်။

ရေတိုင်ကီအဖုံးရဲ့ ဖိအားထိန်းစနစ်ကြောင့် ရေဆူမှတ် မြင့်တက်လာပြီး အင်ဂျင်ရဲ့ လိုအပ်တဲ့ အပူချိန်ကို အလွယ်တကူ ထိန်းချုပ်နိုင်တာ အစရှိတဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ 

ဒါပေမယ့် ဒီရေတိုင်ကီ အဖုံးလေးမကောင်းလို့ အထဲကဖိအားပေးတဲ့ Spring တွေ ပျက်စီး သွားရင်တော့..

1. Coolant တွေယိုစိမ့်ထွက်လာတာ

2. Reservoir Tank ရေပြန်ဘူးထဲမှာ ရေတွေပြည့်လျှံကုန်တာ

3. Radiator အပေါ်ထိပ်ပိုင်းပျက်စီးတာ

4. ရေတိုင်ကီထဲ လေခိုတာ စတဲ့ ပြသာနာမျိုး တွေဖြစ်လာပါမယ်။

ရေတိုင်ကီအဖုံး သေးသေးလေး (Radiator Cap)ကို မစစ်ဆေး မလဲလှယ်ဘဲ အသုံးပြုမှုတွေက ကားအင်ဂျင် ပျက်စီးပြီး ငွေကုန်ကြေးကျ များတဲ့ ပြုပြင်မှုတွေ ဖြစ်လာနိုင်လို့ ဂရုစိုက် လဲလှယ်ဖို့ လိုပါတယ် ခင်ဗျာ။


Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

Toyota Taw Win: (09) 770 552 000

 

Mandalay 

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002

 

Taunggyi

Toyota Mingalar: (09) 407 799 993

 

Lashio

Toyota GW Lion: (09) 8 999 444 19

Comments