Thermostat ဆိုတာ?


 

ဒီတခါမှာတော့ Toyota Fans တွေ အတွက် Thermostat အကြောင်းလေးကို မျှဝေချင်ပါတယ်။ Thermostat  မတပ်ဆင်ဘဲ မောင်းနှင်ခြင်းက အဆင်ပြေပါ့မလား?  ပုံမှန်အားဖြင့် Thermostat ကို မတပ်ဆင်ပဲ ထားနိုင်ပေမယ့် အင်ဂျင်လည်ပတ်မှု အပူချိန်ရောက်ရန် အချိန်ပိုကြာစေပါတယ်။ အပူချိန် ထိန်းကိရိယာက အင်ဂျင်ရဲ့ လည်ပတ်မှု အသင့်လျှော်ဆုံးအပူချိန်ကို တတ်နိုင်သမျှ မြန်မြန်ရောက်ရှိစေတာကြောင့် Thermostat မပါဘဲ မောင်းနှင်ဖို့တော့ မဖြစ်နိုင်ပါဘူး။

Thermostat ဆိုတာ?

Thermostat ဆိုတာ ကတော့ အင်ဂျင် နဲ့ Radiator ကြား အင်ဂျင်အအေးခံစနစ် ရဲ့လမ်းကြောင်းမှာပါ၀င်တဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်။  Thermostat က အင်ဂျင်ကို လျှင်မြန်စွာပူနွေးစေရုံသာလုပ်ဆောင်တာ မဟုတ်ပဲနဲ့ အင်ဂျင်အအေးခံရည်ကို မပူလွန်း ၊ မအေးလွန်း ဖြစ်အောင် ထိန်းညှိပေးတဲ့ နေရာမှာ အဖွင့် အပိတ် လုပ်ပေးတဲ့ ဗား(Valve) အဖြစ် လုပ်ဆောင် ပေးတာဖြစ်ပါတယ်။ များသောအားဖြင့် Thermostat တွေက Wax Types လိုခေါ်တဲ့ ဖယောင်းကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ပစ္စည်း ဖြစ်ပါတယ်။ Thermostat မှာ ပါ၀င် တာတွေကတော့ Wax (ဖယောင်းပါသော Cylinder)၊ Main Spring (အဓိက စပရင်)၊ Secondary Spring (ဒုတိယ စပရင်) ၊ နောက်ဆုံးတစ်ခုကတော့ အဖွင့်အပိတ် လုပ်တဲ့ ဗား(Valve) ဖြစ်ပါတယ်။

Thermostat က ဘယ်လို အလုပ်လုပ် ပါသလဲ?

အင်ဂျင်ရဲ့ အပူချိန်က သတ်မှတ်ထားတဲ့ အပူချိန်ကို မရောက်ခင်မှာ ရေတိုင်ကီ နဲ့ အင်ဂျင်ကြားက အအေးခံရည် လမ်းကြောင်းကို Thermostat ကပိတ်ပေးမှာ ဖြစ်ပြီး၊ သတ်မှတ်ထားတဲ့ အပူချိန်ရောက်ပြီးဆိုရင်တော့ အအေးခံရည် လမ်းကြောင်းကို ဖွင့်ပေးပါတယ်။ နောက်ပြီး Thermostat က သူရဲ့အတွင်းမှာ ရှိတဲ့ ဖယောင်းကို အရည်ပျော်ပြီးတော့ အဖွင့်အပိတ်ကို လုပ်ဆောင်ပေးပါတယ်။ 

Thermostat တွေ မကောင်းရင် ဘာတွေဖြစ်နိုင်လဲ?

Coolant စီးဆင်းမှု မကောင်းမွန်တော့ပဲ အင်ဂျင်အတွင်း အပူချိန်နှင့် ဖိအားများလာသောကြောင့် ရေပိုက်တွေအက်ကွဲလာပါမယ်။ 

ရေပြန်ဗူးရေအန်တာတွေ ဖြစ်လာပြီး အင်ဂျင် coolant ယိုစိမ့်တာတွေ ဖြစ်နိုင်ပါတယ်။ 

သာမိုစတက်ပိတ်နေတဲ့အချိန်မှာ အင်ဂျင်အပူလွန်ကဲမှုဖြစ်ပြီး Heat မီးလင်းခြင်း (သို့) Heat ဂိတ်အဆုံးထိတက်ခြင်းတို့ ဖြစ်နိူင်ပါတယ်။

ဒါ့အပြင် Thermostat ပျက်စီးပြီး လုံး၀ ပိတ်နေမယ်ဆိုရင် အင်ဂျင်ကိုပါ ပျက်စီးနိုင်သည့်အထိ ဖြစ်နိုင်သောကြောင့် အချိန်မှီ လဲလှယ်ပေးဖို့လည်း လိုအပ်ပါတယ်။


Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

Toyota Taw Win: (09) 770 552 000

 

Mandalay 

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002


Taunggyi

Toyota Mingalar: (09) 407 799 993

 

Lashio

Toyota GW Lion: (09) 8 999 444 19

 

 

 

 

Comments