Airbag တွေက အရေးကြီးပါ သလား?


 

ဒီတစ်ခါ မှာတော့ Airbag ဆိုတဲ့ အသက်ကယ် လေအိတ် အကြောင်းအရာလေး ကို မျှဝေပေးပါ့ မယ် ခင်ဗျာ။

Airbag ဆိုတာ?

ကားအတွင်း စီးနင်း လိုက်ပါ သူတွေရဲ့ အသက်အန္တရာယ် ကို အပိုဆောင်း ကာကွယ်ပေးတဲ့ Passive Safety Device အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ ဒီနေရာလေး မှာ ပြောပြချင်တာက Seat Belt (ထိုင်ခုံခါးပတ်) အမျိုးအစားနဲ့ မတူဘူး ဆိုတာပါ။ ထိုင်ခုံခါးပတ် ဆိုတာက လူကပတ်ပေးမှ ကာကွယ်ပေးတဲ့ Active Safety Device ဖြစ်ပြီးတော့ Airbag ကတော့ ယာဥ်မတော်တဆ ဖြစ်တဲ့ အခါမျိူးမှာ အလိုအလျောက် ကာကွယ်ပေးတဲ့ အရာ ဖြစ်ပါတယ်။

Airbag တွေကို 1980 ခုနှစ် နဲ့ 1990 ခုနှစ် အစောပိုင်း ကားတွေ မှာ စတင် သုံးစွဲ ခဲ့ပါတယ်။ Driver Side Airbag ကို 1989 ခုနှစ်လောက် မှာ စတင် တပ်ဆင် သုံးစွဲ ခဲ့ပြီး Passenger Side Airbag ကိုတော့ 1992 လောက်မှာ စတင် သုံးစွဲ ခဲ့ပါတယ်။ Side Airbag ကိုတော့ 1996 လောက်မှာ စတင် သုံးစွဲ ခဲ့ပြီး  Curtain Shield Airbag ကိုတော့ 1998 လောက်မှာ စတင်သုံးစွဲခဲ့တာပါ။ Knee Airbag ကိုတော့ 2002 ခုနှစ် လောက်မှာ မှ စတင် သုံးစွဲ ခဲ့ပါတယ်။ အခု နောက်ပိုင်းမှာတော့ Rear Central Airbag System ဆိုပြီးလည်း ပိုမို လုံခြုံ စိတ်ချ ရနိုင်တဲ့ စနစ် တွေကို အသုံးပြု နေပါပြီ။

ကား တော်တော်များများ မှာ Airbag တွေက အနဲဆုံး ၂လုံး ကနေ ၄လုံး၊ ၆လုံး ၈လုံး ဆိုပြီး ကားမော်ဒယ် အမျိုးအစားပေါ် မူတည်ပြီး ပါပါတယ်။  

Airbag က ဘယ်လို အလုပ်လုပ်လဲ ဆိုတော့?

ပထမဆုံး Impact Sensors က ယာဥ်မတော်တဆမှု ဖြစ်တဲ့အခါ အရှိန် နဲ့ ပြင်းထန်မှု တွေကို တွက်ဆကာ Airbag Control Unit ကို သတင်းပို့ ပေးပါတယ်။  အဲ့ ကနေ တဆင့် Airbag အတွင်းပိုင်းက  Inflator ကို Reaction တစ်ခု သက်ရောက်စေပြီး  လေအိတ် တွေကို ပွင့်ထွက် စေပါတယ်။ ယာဉ်မတော်တဆမှု ဖြစ်တိုင်းလဲ လေအိတ် မပွင့်ပါဘူး။ ယာဉ်တိုက်မှုဖြစ်ရင် အဓိက အနေနဲ့ အန္တရာယ်ကို ကာကွယ် ပေးတာ က လေအိတ်တွေ မဟုတ်ပါဘူး။ အဓိက အန္တရာယ်ကို ကာကွယ်ပေး တာက ထိုင်ခုံက ခါးပတ်တွေပါ။ ခါးပတ် ပတ်ထား တဲ့ တိုင်အောင် အခြား ထိခိုက်မှုတွေ နည်းသမျှ နည်းသွားအောင် ထပ်မံ ဖြည့်စွက်တဲ့ အနေနဲ့ လေအိတ်စနစ် တွေကို ထပ်မံ ဖြည့်စွက် ထားတာ ဖြစ်လို့ Supplemental Restraint System (SRS) Airbags ဆိုပြီး ခေါ်တာပါ။

ထိုင်ခုံ ခါးပတ် မပတ်ဘဲ ယာဉ်တိုက်မှု ဖြစ်လို့ လေအိတ်တွေ ပွင့်တယ် ဆိုရင် ကားရဲ့ ရွေ့လျား နေတဲ့ အရှိန်က လိုက်ပါ နေတဲ့ သူကို ရုတ်တရက် ဖမ်းပြီး ထိန်းချုပ် ထားမယ့် ခါးပတ်ကို မပတ်ထားလို့ အရှိန် ထိန်းမထားနိုင်ပဲ ပြင်းပြင်းထန်ထန် ပွင့်ထွက်လာတဲ့ လေအိတ်တွေ နဲ့ စောင့်မိပြီး ဇက်ကျိုးတာ၊ နံရိုးတွေကျိုးတာ ဖြစ်နိုင် ပါတယ်။

အဲ့လို အ‌‌ခြေအနေမျိုးနဲ့ ကြုံတဲ့အခါ Airbag System ကပါ မကောင်းဘူး ဆိုရင် အသက်အန္တရာယ် ကြုံလာနိုင် ပါတယ်။ Airbag System ကို စစ်ဆေး ပေးဖို့ အကြံပြု ချင်ပါတယ်။ Airbag System မကောင်း တော့ဘူး ဆိုရင် ကားဒိုင်ခွက် မှာ Airbag မီး အနီရောင် လင်းလာ ပါလိမ့်မယ်။

Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

Toyota Taw Win: (09) 770 552 000

Mandalay 

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002

Naypyidaw

Toyota MDMM: (09) 9 444 1111 91 ~ 4

Taunggyi

Toyota Mingalar: (09) 407 799 993

Lashio

Toyota GW Lion: (09) 8 999 444 19

Comments