Piston Ring မကောင်းတော့ရင် ဘာတွေ ဖြစ်လာမလဲ?


 

TOYOTA Fan တွေကို ဒီတစ်ပတ်မှာ ပြောပြ ပေးချင်တဲ့ အကြောင်းကတော့ Piston Ring ပဲ ဖြစ်ပါတယ် ခင်ဗျာ။

Piston Ring ဆိုတာ

Piston Ring  တွေဟာ မီးလောင်ပေါက်ကွဲခန်း (Combustion Chamber) အတွင်းက ထွက်လာတဲ့ မီးခိုးငွေ့နဲ့ ကာဗွန်မှုန့် လို အညစ်အကြေးတွေ၊ ဖိသိပ် ထားတဲ့ လေနဲ့လောင်စာဆီ အရောအနှော (Compression Pressure) တွေကို ပစ္စတင် နဲ့ ဆလင်ဒါ နံရံကြားမှ ဖြတ်ကျော်ပြီး ကရိုင်းကေ့စ် ( Crankcase ) အတွင်းသို့ မဝင်ရောက် နိုင်အောင် တားဆီးပေး သလို ဆလင်ဒါနံရံ ကို ပတ်ဖျန်း ပေးတဲ့ အင်ဂျင်ဝိုင်တွေ ကိုလည်း မီးလောင်ပေါက်ကွဲခန်း အတွင်းသို့ မဝင်ရောက် နိုင်အောင် တားဆီပေး ပါတယ်။

Piston Ring အမျိုးအစား တွေက…

Piston Ring Compression Ring Intermediate Ring နဲ့ Oil Control Ring ဆိုပြီး ခွဲခြားထားပါတယ်။

Piston Ring မကောင်း တော့ရင် ဘာတွေ ဖြစ်လာ မလဲ?

Piston Ring တွေ ပွန်းစား နေပြီ ဆိုရင်တော့ ဓာတ်ငွေ့တွေ ယိုစိမ့်လာပြီး အပူချိန်ကို တိုးစေမယ့် Blow-By Gas ဖြစ်စဥ်တွေ ကို ဖြစ်စေ ပါတယ်။ အဲ့ဒီကနေ တစ်ဆင့် Scavange Fire ( Oil & Sludge တို့ ပေါင်းစပ်ကာ မီးလောင်မှုကြောင့် လည်း ချိုး ကဲ့သို့ ဖြစ်စေခြင်း) ကို ဖြစ်နိုင် ပါတယ်။ Blow-By Gas ဖြစ်စဥ် ကြောင့်  ချောဆီအလွှာ (Oil Film) ကိုလည်း ပျက်စီး စေပါတယ်။ ဒါကြောင့် ပွန်းစားနှုန်းကို ပိုမို မြင့်မား စေပါတယ်။ နောက်ပြီး Piston Ring တွေ မကောင်းတာကြောင့် အင်ဂျင် အပူချိန် လွန်ကဲတာ၊ ဆလင်ဒါ အက်ကွဲတာ စတာ တွေကို ဖြစ်စေပြီး အင်ဂျင် ကိုပါ လဲလိုက်ရသည် အထိ ဖြစ်နိုင် တာကြောင့် Piston Ring တွေကို သေချာ စစ်ဆေး သင့်ပါတယ် ခင်ဗျာ။

https://toyotamyanmar.blogspot.com/2022/03/piston-ring.html

 

Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

Toyota Taw Win: (09) 770 552 000


Mandalay 

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002


Naypyidaw

Toyota MDMM: (09) 9 444 1111 91 ~ 4


Taunggyi

Toyota Mingalar: (09) 407 799 993


Lashio

Toyota GW Lion: (09) 8 999 444 19

 


Comments