TOYOTA Fan တို့ရေ နွေပူပူ မှာ မိမိကားလေး ကို အပူဒဏ်လေး ကနေ ကာကွယ်ဖို့ မမေ့ကြနဲ့ နော်။
အရိပ်အရမ်းရတဲ့ နေရာလေး မှာ မရပ်ထားနိုင်ရင်လဲ အကာအကွယ်လေး
တွေနဲ့ ထားပေးဖို့ တော့ လိုပါတယ်။
ဘာလို့ ကာကွယ်ဖို့ လိုအပ်ပါလဲ???
ကား အတွင်းရှိ Leather၊ Dashboard၊ Steering
Wheel နဲ့ Cushion တွေက ပူပြင်းသော နေအပူရှိန်ကြောင့်
ကွဲအက်မှု မဖြစ်စေရန်၊ အရောင်မှိန်မှု မဖြစ်စေရန် အပြင် ကားအတွင်း အပူရှိန်
လျှော့ချရန် အတွက် လိုအပ်ပါတယ်။
နွေရာသီမှာ နေ့စဥ် နေရောင် အောက် မှာ ကားကို ရပ်ရမယ်
ဆိုရင်လဲ ကားရဲ့ အတွင်းပိုင်း ကို ကာကွယ်ဖို့
လုပ်နိုင်တာ တွေ ကို လုပ်ရပါမယ်။ ဥပမာ - Windshield Sun Shade တွေ နဲ့ ကာကွယ်ပေးတာမျိုး ပါ။
ကားကို နေရောင်ထဲ မှာ အကြာကြီး ရပ်ထား ရတဲ့ ဆိုရင်
အရည်အသွေးကောင်းတဲ့ Product မျိူး ဖြစ်တဲ့ အရောင်ဖျော့တဲ့ ကား Cover မျိုး တွေနဲ့ ကာကွယ်ပေး နိုင်ပါတယ်။
နေရောင် အပူပြင်းဆုံးသော အချိန် မှာ ဆိုရင်တော့ အရိပ်ထဲ မှာ
ကား ကို ရပ်တာက ပိုကောင်းပါတယ်။
နေရောင် အရမ်းပူတဲ့ နေရာ မှာ တစ်နေ့လုံး နီးပါး ကားကို
ရပ်ထား ရတယ် ဆိုရင် - ကားရဲ့ ဘတ်ထရီ ကို စစ်ဆေးပေးပါ။ အရည်တွေ အလွန်အကျွံ
ရေငွေ့ပျံ ရင်လည်း ဘတ်ထရီ သက်တမ်း က လျှော့လာ နိုင်ပါတယ်။ Coolant ကိုလည်း စစ်ဆေးပါ။ လိုအပ်တယ် ဆိုရင် ထပ်ပြီး ထည့်ပေးပါ။
ဒါဆိုရင် မိမိကားလေး ကို နေရောင် ရဲ့ အပူဒဏ် ကနေ
အတတ်နိုင်ဆုံး ကာကွယ် ပေးဖို့ သတိထား ပေးပါ ခင်ဗျာ။
Yangon
Toyota
Aye and Sons: (01) 540 740, (01) 400 950
Toyota
Mingalar: (09) 405 402 233, (09)405 399 993
Toyota Taw Win: (09) 770 552 000
Mandalay
Toyota
GW Lion: (09) 969 700 001 ~ 3, (09) 960 800 002
Naypyidaw
Toyota
MDMM: (09) 9 444 1111 91 ~ 4
Taunggyi
Toyota
Mingalar: (09) 407 799 993
Lashio
Toyota
GW Lion: (09) 8 999 444 19
Comments
Post a Comment