ပျက်စီးနေတဲ့ Brake Hose ကိုမလဲရင် ...


TOYOTA Fan တွေ အတွက် ဒီတစ်ခါ မှာ မျှဝေပေး မှာကတော့ Brake Hose (ဘရိတ်ပိုက်) အကြောင်း ဖြစ်ပါတယ်။

Brake Hose ဆိုတာ...

ကားမောင်းတဲ့ အခါ လုံခြုံ စိတ်ချစေဖို့ ဘရိတ်စနစ် က အရေးကြီးဆုံး အစိတ်အပိုင်း တွေမှာ ပါပါတယ်။ အဲ့ အစိတ်အပိုင်း တွေထဲ ကမှ Brake Hose တွေ ချို့ယွင်းတဲ့ အခါ ဘယ်လို လက္ခဏာ တွေ ပြလဲ ဆိုတာ တင်ပြပါရစေ

Brake Hose တွေက ဘရိတ်ဆုံMaster Cylinder တွေနဲ့ ချိတ်ဆက်ထားပြီး ဘရိတ်ဆီတွေ သယ်ယူ ပို့ဆောင် တာကို လုပ်ဆောင်ပေးတဲ့ အဓိက ပိုက်လိုင်းတွေပါ။

ဘရိတ်လိုင်းတွေမှာ အများဆုံး ယိုစိမ့်တတ်တဲ့ နေရာက ပိုက် အဆက်နေရာတွေ ဖြစ်ပါတယ်ဆီ ယိုစိမ့်တာ ကိုလဲ စစ်ဆေးကြည့်မှ သိမှာပါ

Brake Hose တွေကို ဘယ်အချိန်မှာ စစ်ဆေးသင့်လဲ?

ကီလိုမီတာ ၂သောင်း (သို့) တစ်နှစ် အတွင်း မှာစစ်ဆေးပေးပါ။

Brake Hose စစ်ဆေးရာတွင် ဘီးကို တပ်ဆင် ထားသည့် အနေအထားဖြင့် Steering ကို ဘယ်ညာ လှည့်ကြည့်ပြီး တာယာနှင့် လွတ်ကင်းမှု ရှိမရှိ စစ်ဆေးပါ။

ပိုက်တွေမှာ အက်ကြောင်းတွေ ယိုစိမ့်မှုတွေ တွေ့တာမျိုး၊ ပိုက်ပျော့များ ပူဖောင်း၍ ဆူထွက်နေတဲ့ အရည်အသွေးကျတဲ့ လက္ခဏာ တွေ့တာမျိုး ဆိုရင် လဲလှယ်ဖို့ လိုနေပါပြီ

ပျက်စီးနေတဲ့ Brake Hose ကိုမလဲရင် ...

အက်ရာတွေ ကနေ ဘရိတ်ဆီတွေ ယိုစိမ့် လာပါမယ်။  

ဘရိတ်ဖမ်းအားလျော့၍ ဘရိတ် မမိပဲ ဖြစ်လာပါမယ်။

နောက်ဆက်တွဲ အနေနဲ့ ဘရိတ်ဖမ်း မိနိုင်တဲ့ အကွာအဝေးများ လာပြီး အဆိုးဆုံး အခြေအနေအဖြစ် ယာဥ်မတော်တဆမှု ကြုံတွေ့ လာရ ပါလိမ့်မယ်။

ဒါကြောင့် မိမိကား ရဲ့ Brake Hose ကိုလည်း မကြာခဏ စစ်ဆေးပေး ဖို့ လိုအပ်ပါတယ် ခင်ဗျာ။

Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

Toyota Taw Win: (09) 770 552 000


Mandalay 

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002


Naypyidaw

Toyota MDMM: (09) 9 444 1111 91 ~ 4


Taunggyi

Toyota Mingalar: (09) 407 799 993


Lashio

Toyota GW Lion: (09) 8 999 444 19


Comments