Leather Seats တွေ မပျက်စီးစေဖို့!!!


 

နွေနေပူပူ မှာ မိမိ ကားရဲ့ Car Seats (ကားထိုင်ခုံ) တွေ မပျက်စီးစေဖို့ ဘယ်လိုမျိုး ထိန်းသိမ်း ရမလဲ?

အထူးသဖြင့် Leather Seats တွေ ကို ဘယ်လို ထိန်းသိမ်း ရမလဲ ဆိုတာကို မျှဝေ ပေးလိုက်ပါတယ်။

နေ့စဉ် သွားလိုရာ ကို သွားဖို့ မောင်းနှင် ချိန်တိုင်း မရှိမဖြစ် အသုံးပြု ရတဲ့ အရာတွေထဲ Car Seats တွေလည်း ပါဝင်ပါတယ်။

ဒါကြောင့် နေ့စဥ် အသုံးပြုမှု၊ နေရောင်ခြည် ထိတွေ့မှု တွေကြောင့် အချိန်ကြာလာတဲ့ အခါ Car Seats တွေက အရောင်မှိန် လာပြီး ကွဲအက်တာ စတဲ့ ပျက်စီးမှုတွေ ရှိလာ နိုင်ပါတယ်။

Leather Car Seats တွေကို မပျက်စီးဘဲ ကြာရှည် အသုံးပြုဖို့ ဆိုရင် ၃ လ တစ်ကြိမ် သေချာ ထိန်းသိမ်းဖို့ လိုအပ် ပါတယ်။

ဘယ်လိုမျိုးလေး ထိန်းသိမ်းကြမလဲ?

Leather Seats တွေကို ပိုကောင်းစေပြီး ကာကွယ်ရန် အကောင်းဆုံး နည်းလမ်းမှာ Luxe Leather ဒါမှမဟုတ် Hybrid Solutions Leather Mist လို Cooling Product ဖြစ်တဲ့ ဖြန်းဆေးကို အသုံးပြု ပေးနိုင်ပါတယ်။

Leather သန့်စင်ဆေး တွေ ရွေးချယ်တဲ့ အခါ Leather မျက်နှာပြင် တွေကို သန့်စင်စေဖို့ သာမက Leather တွေကို ကာကွယ်ရန် အတွက် ‌Aloe Vera & Neat’s Foot Oil ကဲ့သို့ အစွန်းအထင်းတွေ ကို ဖယ်ရှားပေးပြီး ရေဓာတ် ဖြည့်ပေး နိုင်တဲ့ Product မျိုးတွေကို Scrub Pad ဒါမှမဟုတ် မိုက်ခရိုဖိုက်ဘာ ပါတဲ့ နူးညံ့တဲ့ အဝတ်စဖြင့် ပွတ်တိုက် သန့်ရှင်း ပေးနိုင် ပါတယ်။

မသန့်ရှင်းခင် မှာ Leather တွေကို မပျက်စီးစေဖို့ ကားအတွင်းမှာ ရှိနေနိုင်တဲ့ အညစ်အကြေးတွေ ( ဖုန်မှုန်၊ မြေမှုန်၊ မမြင်နိုင်တဲ့ အစိုင်အခဲ) ရဲ့ ပွတ်တိုက်မှု က ကင်းဝေးဖို့ ကားထိုင်ခုံ တွေကို အရင်ဆုံး ဖုန်စုပ်ထား တာက အကောင်းဆုံးပါပဲ။

ဒါကြောင့် အညစ်အကြေးတွေ၊ အမှိုက်တွေ နဲ့ အခြားသော သဲမှုန် မြေမှုန် တွေကို စုပ်ယူနိုင်တဲ့ ဖုန်စုပ်စက်ကို အသုံးပြုခြင်းဖြင့် စတင်ပါ။ ဖုန်စုပ်စက်ဖြင့် တတ်နိုင်သလောက် ဖုန်မှုန့် တွေ သန့်စင်ရန် ကူရှင်တွေကြား အထိရောက်တဲ့ ဖုန်စုပ်စက်ခေါင်း အသေးကို အသုံးပြုပါ။

ဖုန်စုပ် ပြီးတာနဲ့ Leather အတွင်းပိုင်း အကန့် တစ်ခုစီကို Leather Cleaner နဲ့ Conditioner ကို အသုံးပြုပြီး သန့်စင်ပေးပါ။ Hybrid Solutions Leather Mist ပါရှိတဲ့ Flairosol Spray Bottle လိုမျိုး Product ကို အသုံးပြုမယ် ဆိုရင် ထိုင်ခုံကြား လို နေရာတွေ မှာ ရှိတဲ့ သေးငယ်တဲ့ အမှုန်အမွှား တွေ၊ အစွန်းအထင်းတွေ ကို ဖယ်ရှားရတာ ပိုမို လွယ်ကူ စေပါတယ်။

ကားထိုင်ခုံ နဲ့ ကူရှင် တွေကို ညင်သာစွာ ပွတ်တိုက် ပေးရပါမယ်။

Scrub Pad ဒါမှမဟုတ် မိုက်ခရိုဖိုက်ဘာ ပါတဲ့ အဝတ်စမျိုး ကို အသုံးပြုကာ အညစ်အကြေး နဲ့ အမှုန် တွေကို စက်ဝိုင်း ပုံသဏ္ဍာန် ပွတ်တိုက်ပေးပါ။

Leather Seats နဲ့ ကူရှင် တွေပေါ်ရှိ ကြမ်းတမ်း တဲ့ အစက်အပျောက် တွေကို သေချာ သန့်စင်အောင် ပွတ်တိုက်ပေးပါ။

သန့်စင်ပြီး သွားတဲ့ အခါ ခဏတာ အသုံးမပြုဘဲ ခြောက်သွေ့အောင် ထားပေးပါ။

ကဲ.. ဒါဆိုရင် Leather Seats တွေကို ဘယ်လို သန့်စင်ပြီး ထိန်းသိမ်း ရမလဲ ဆိုတာ ကို အနည်းငယ် သိလောက်ပြီ ထင်ပါတယ်။

TOYOTA Fan တို့လည်း မိမိ တို့ Leather Seats လေးတွေ ကို သေချာ ဂရုတစိုက် သန့်ရှင်းပြီး နွေနေပူပူ မှာ အရောင်ပြောင်လက် နေတဲ့ Leather Seats ပေါ်မှာ ဇိမ်ရှိရှိလေး မောင်းနှင် ကြည့်လိုက်ပါ။

Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

Toyota Taw Win: (09) 770 552 000


Mandalay 

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002


Naypyidaw

Toyota MDMM: (09) 9 444 1111 91 ~ 4


Taunggyi

Toyota Mingalar: (09) 407 799 993


Lashio

Toyota GW Lion: (09) 8 999 444 19

Comments