DIFFERENTIAL OIL ဆိုတာ...


 

TOYOTA Fan တို့ရေ ဒီတခါ မျှဝေပေးချင် တာက တော့ Differential Oil အကြောင်းလေးပါ။

ကားလောကမှာ Differential ကို ကရောင်း လို့အလွယ်ခေါ်ကြပါတယ်။

Differential ဆိုတာ ကားရဲ့ ညာဘီး နဲ့ ဘယ်ဘီး လည်ပတ်မှုကို ထိန်းညှိပေးတဲ့ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။

Differential ရဲ့အတွင်းမှာ Side Gear, Ring Gear နဲ့ Drive Pinion တို့ နဲ့ ဖွဲ့စည်းထား တဲ့ အတွက် အင်ဂျင်မှာ အင်ဂျင်ဝိုင် လိုအပ် သလိုပဲ ဂီယာသွား‌ တွေကို ချောဆီပေးဖို့အတွက် Differential Oil လို အပ်ပါတယ်။

Differential Oil အမျိုးအစား များစွာရှိပါတယ်။

Differential Oil ကို သတ်မှတ်ထားတဲ့ Kilo အထိသာ အသုံးပြု သင့်သလို သတ်မှတ်ထားတဲ့ သီးသန့် ဆီ အမျိုးအစား ကို အသုံးပြုပေးမယ် ဆိုရင် အကောင်းဆုံးပါပဲ။

ကိုယ့်ရဲ့ အသုံးပြုမှု့ အပေါ် မူတည်ပြီး ရှေ့ Differential Oil တွေကို 2 years or 20,000 ~ 40,000 Km မှာ အသစ် လဲလှယ်သင့်ပြီး  နောက် Differential Oil တွေကိုလည်း 2 years or 20,000~40,000 Km မှာ လဲလှယ် သင့်ပါတယ်။

သတ်မှတ်ထား တဲ့ ကီလို ပြည့်လို့ Differential Oil မလဲဘဲ ဆက်ပြီး အသုံးပြု နေမယ် ဆိုရင်  ချောဆီ ကောင်းကောင်း မပေးနိုင်တော့ တဲ့ အတွက် Differential အတွင်းမှာ ရှိတဲ့ ဂီယာ သွားတွေ ပွန်းပဲ့ ပျက်စီးပြီး Differential ငြီးခြင်း၊ ကားကွေ့တဲ့ အခါ အသံထွက်ခြင်း၊ ကားဘယ်/ညာ စွဲခြင်း စတဲ့ လက္ခဏာတွေ ကြုံတွေ့ လာပါလိမ့်မယ်။

ဒါကြောင့် မိမိကားရဲ့ Differential Oil တွေကိုလည်း သေချာ စစ်ဆေး ပေးကြဖို့ လိုအပ်ပါတယ်။

Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

Toyota Taw Win: (09) 770 552 000

 

Mandalay

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002

 

Naypyidaw

Toyota MDMM: (09) 9 444 1111 91 ~ 4

 

Taunggyi

Toyota Mingalar: (09) 407 799 993

 

Lashio

Toyota GW Lion: (09) 8 999 444 19

Comments