Toyota Genuine Engine Flush Additives (EFA) ဆိုတာ..

ဒီတစ်ခါ မှာတော့ TOYOTA Fan တွေ အတွက် Toyota Genuine EFA အကြောင်းလေးပြောပြ ပေးမယ်နော်။ Toyota Genuine EFA ကို ဘာအတွက် အသုံးပြု ရသလဲ ဆိုတာ ကို ပါ မျှဝေ ပေးပါမယ့် ခင်ဗျာ။ Toyota Genuine EFA အကြောင်း မပြောခင် ဓာတ်ဆီ ဒီဇယ် အင်ဂျင်တွေ မှာ အနည်တွေ ဂျိုးတွေ ဖြစ်လာတာ က ဘာကြောင့်လဲ ပြီးရင် ဘာတွေ ဖြစ်လာ မလဲ ဆိုတာ

ဓာတ်ဆီအင်ဂျင်တွေ ကတော့ အင်ဂျင်ဝိုင် ပုံမှန်လဲလှယ်မှု မပြုတာမျိုး၊ ခရီးတိုများ မကြာခဏမောင်းနှင်တာမျိုး၊ ယာဥ်ကြော ပိတ်ဆို့ ရာတွင် အင်ဂျင် အလွတ်နှိုးထားတာမျိုး တွေ့ကြောင့် အင်ဂျင် အနည်တွေ က လောင်ကျွမ်း ဓာတ်တိုးပြီးတဲ့ အင်ဂျင်ဝိုင် နှင့် ရေ တို့ ရောစပ် မိကြ ရာမှ ဖြစ်ပေါ် လာတာ ဖြစ်ပါတယ်။အဲ့ဒီ အင်ဂျင် အနည်တွေက ကြာလာ တဲ့ အခါ မာကြော လာကာ ကာဗွန်ဂျိုးတွေ ဖြစ်လာ ကြတာပါ။

ဒီဇယ် အင်ဂျင်တွေ မှာ အနည်တွေ ဂျိုးတွေ ဖြစ်တာကတော့ ဓာတ်ဆီအင်ဂျင် နဲ့ မတူပါဘူး။ အရှိန်မြင့်မားစွာ မောင်းနှင်မှု နှင့် ဝန်အားမြင့် မောင်းနှင်မှု တွေက  မီးခိုးမှုန်တွေ များစွာ ထွက်စေ ပါတယ်။ အဲ့ဒီ မီးခိုးမှုန်တွေက တကယ့် အမှန်ပါတော့ ကာဗွန်မှုန်တွေ ဖြစ်ပါတယ်။ ကာဗွန်မှုန်တွေက အချင်းချင်း ပေါင်းစပ် မိကာ ပိုမို ကြီးမား လာပြီး အင်ဂျင် အတွင်း မျက်နှာပြင်တွေ မှာ အနည်ထိုင် ကြပါတယ်။ ဒါကြောင့် ကာဗွန်မှုန်တွေကို ကွဲပြားမယ့် နည်းလမ်းတစ်ခု ဖြင့် သန့်စင် ပေးရန် လိုအပ် ပါတယ်။

Toyota Genuine Engine Flush Additives (EFA) ဆိုတာ..

1.    Toyota Genuine Gasoline Engine Flush

2.    Toyota Genuine Diesel Engine Flush စတဲ့ Product တွေကို ပြောတာပါ။

ဘယ်လို အသုံးဝင် ပါလဲ?

o  ဓာတ်ဆီအင်ဂျင် EFA နှင့် ဒီဇယ်အင်ဂျင် EFA ဆိုပြီး ၂ မျိုး ရှိလို့ ဓာတ်ဆီအင်ဂျင် အတွက် သာမက ဒီဇယ် အင်ဂျင် အားလုံးမှာပါ အသုံးပြု နိုင်ပါတယ်။

o   အင်ဂျင်မှာ စုပုံနေတဲ့ အနည်အနှစ် တွေကို သန့်စင် ပေးနိုင်ပါတယ်။

o   အင်ဂျင် နှင့် အင်ဂျင်ဝိုင် တွေ အပေါ်မှာ ဆိုးကျိုး သက်ရောက်မှု မရှိပါ။

o   ကြိုတင် ကာကွယ်တဲ့ အနေဖြင့် ထိန်းသိမ်းမှု့ကို ဖြစ်စေပါတယ်။

 

အကြံပြုထားတဲ့ အသုံးပြုရမယ့် အပိုင်းအခြား ကတော့

o  Toyota Genuine EFA ကို 20K PM Service ပြုလုပ်တိုင်း အသုံးပြုပါ။

ဘယ်လို အသုံးပြု ရမလဲ?

Lift မမြှောက်မီ

၁. အင်ဂျင်ဝိုင် ဖောက်မချမီ ထည့်ပါ။

၂. အင်ဂျင်ကို 10 မိနစ်ခန့် အလွတ်လည်စေပါ။ (Idling)

Lift မြှောက်ထားစဉ်

၃. အင်ဂျင်ဝိုင်ဖောက်ချပါ။ အင်ဂျင်ဝိုင်စစ် ကို လဲလှယ်ပါ။

၄. အင်ဂျင်ဝိုင်အသစ် ထည့်ပါ။

ကဲ.. ဒီလို ဆိုရင် Toyota Genuine Engine Flush Additives (EFA) အကြောင်းကို သိလောက်ပြီ ထင်ပါတယ်။

Toyota ချစ်သူ တို့ လည်း မိမိကားလေး ကို ရော ကားအင်ဂျင်ကို ပါ သေချာ အချိန်မှန်မှန် စစ်ဆေး ထိန်းသိမ်း ကြပါ ခင်ဗျာ။ 

Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

Toyota Taw Win: (09) 770 552 000

Mandalay

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002

Naypyidaw

Toyota MDMM: (09) 9 444 1111 91 ~ 4

Taunggyi

Toyota Mingalar: (09) 407 799 993

Lashio

Toyota GW Lion: (09) 8 999 444 19



Comments