Toyota Fan တို့ရေ ဒီတစ်ခါ မှာတော့ Safety Function တွေ ထဲ က ရင်းနှီးပြီးသား ဖြစ်တဲ့ Brake Control System တွေဖြစ်တဲ့ ABS, VSC နဲ့ HAC စနစ်တွေ အကြောင်းကို မျှဝေ ပေးလိုက်ပါတယ် ခင်ဗျာ။

ဒီ System မျိုး ကတော့ ကားရဲ့ ဟန်ချက် နဲ့ Brake System တွေကို ထိန်းညှိပေးပြီး ကား တိမ်းမှောက်မှု ကားစလစ် ဖြစ်မှု မှ ကာကွယ်ပေးတဲ့ စနစ်တွေပဲ ဖြစ်ပါတယ်။

ABS (Anti-Lock Brake System)

ကားရဲ့ Brake Lock ဖြစ်ခြင်း မှ ကာကွယ်ပေးတဲ့ စနစ် ဖြစ်ပါတယ်။ ကားရဲ့ Brake ကို ဖိအားများစွာ သက်ရောက်စေကာ ကားဝင်ရိုး နှင့် ကားဘီးများ လုံးလုံး ရပ်တန့်စေရန် ဒီဇိုင်း ထုတ်ထားတဲ့ စနစ် တစ်ခုပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကားဘီးတွေကို ဘေးသို ချော်မထွက် သွားစေရန် ပြုလုပ်ပေးတဲ့ စနစ်တစ်ခုပဲ ဖြစ်ပါတယ်။

ABS သာ မပါရှိရင် ကား က ရုတ်တရက် ရပ်တန့်ရာတွင် ချက်ချင်း ရပ်တန့် မသွားပဲ လမ်းဘေးသို ချော်ထွက် သွားတာမျိုး အရှိန်လွန် သွားတာမျိုး ဖြစ်တတ်ပါတယ်။

VSC (Vehicle Stability Control System)

ကားကွေ့ ရာ မှာ ကားရဲ့ ကိုယ်ထည်ကို ယိမ်း ထွက်မသွားအောင် ထိန်းပေးတဲ့ စနစ်တစ်မျိုး ဖြစ်ပါတယ်။ VSC မပါရှိရင် ကားက ရုတ်တရက် အရေးပေါ်ကြောင့် ကားကွေ့တဲ့ အခါမှာ ကားရဲ့ စတီယာရင် ဉီးတည်ချက် နှင့် ယာဉ် ရဲ့ ဦးတည်ရာကို အရှိန် မထိန်းနိုင်တော့ ပဲ ကားရဲ့ ကိုယ်ထည် ယိမ်းမှု နောက်ကို လိုက်သွားပြီး ကား တိမ်းမှောက်မှု မျိုးတွေ ဖြစ်ပေါ် တတ်ပါတယ်။

HAC (Hill Assist Control System)

မတ်စောက်တဲ့ တောင်ကုန်း အတက် တွေမှာ  ယာဉ်မောင်းက ဘရိတ်ကို အရှိန်မြှင့် လိုက်တဲ့ အခါမျိုး တွေမှာ ဘရိတ်ရဲ့ ဖိအားကို ထိန်းချုပ်စေပြီး ယာဉ်နောက်ပြန် လှိမ့်ကျ မသွားအောင် ပံ့ပိုးပေးတဲ့ စနစ်ပဲ ဖြစ်ပါတယ်။

ဒီ စနစ် ၃မျိုးက ကားတစ်စီး အတွက် အရေးကြီးတဲ့ လိုအပ်တဲ့ Safety Function တွေ ဖြစ်ပါတယ်။

ဒါကြောင့် ကားတစ်စီးကို ရွေးချယ် ဝယ်ယူတော့မယ် ဆိုရင် Safety Function လေးတွေ ကလည်း အရေးကြီး ပါတယ် ခင်ဗျာ။

Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

Toyota Taw Win: (09) 770 552 000

 

Mandalay

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002

 

Naypyidaw

Toyota MDMM: (09) 9 444 1111 91 ~ 4

 

Taunggyi

Toyota Mingalar: (09) 407 799 993

 

Lashio

Toyota GW Lion: (09) 8 999 444 19


Comments