Engine Flush - FAQ - PART I

 


အရင် တစ်ပတ်က Engine Flush အကြောင်းလေး ပြောပြထားတယ် ဆိုတော့ ဒီ တစ်ပတ်မှာတော့ Engine Flush နဲ့ ပတ်သတ်ပြီး အမေးများတဲ့ မေးခွန်းတွေ ကို အဖြေလေးတွေနဲ့ မျှဝေ ပေးလိုက် ပါတယ် ခင်ဗျာ။

1. EFA ကို ဘယ်အခြေအနေမှာ ဆိုရင် သုံးသင့်လဲ?

Maintenance ပုံမှန် လုပ်တဲ့ ကားတွေ မှာဆိုရင် ကီလို 20K ခြားတစ်ခါ PM Service လုပ်တဲ့ အခါ၊ ကီလို ၁၀၀,၀၀၀ အောက် မောင်းထားပြီး အင်ဂျင်ဝိုင် ပုံမှန် မလဲတဲ့ ကားမျိုး တွေ မှာဆိုရင် တော့ အင်ဂျင်ဝိုင် အရည်အသွေး (ဆီချိုး၊ အနည်ထိုင်မှု) စတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး Technician ရဲ့ အကြံပြုချက် အတိုင်း ပြုလုပ်သင့် ပါတယ်။

2. Engine Flush သုံးပြီးရင် ဘာကောင်းကျိုး တွေ ရနိုင်မလဲ?

ဆီစားသက်သာခြင်း၊ အင်ဂျင်ပါဝါ ကောင်းလာခြင်း၊ အင်ဂျင် သက်တမ်း ကြာရှည်ခံခြင်း စတဲ့ ကောင်းကျိုး တွေ ရနိုင်ပါတယ်။

3. ကားမောင်းရင် ပေါ့သွား မှာလား၊ အဆွဲ အရုန်း ကောင်းသွား မှာလား?

အင်ဂျင်အနည်တွေ ကို ဆေးလိုက်တာ ဖြစ်လို့ အင်ဂျင် ပိုမို ချောမွေ့စွာ လည်ပတ်နိုင်ပြီး အင်ဂျင်သံ ညပ်သွားတာ၊ ပေါ့သွား တာမျိုး ဖြစ်နိုင် ပေမယ့် အင်ဂျင် ပေါ့သွားခြင်း၊ အဆွဲအရုန်း ကောင်းသွားခြင်း စတဲ့ အချက်တွေက ဆီဖြန့်ဝေ စနစ်၊ မီးပေးစနစ် စတဲ့ တခြား အကြောင်းအရာတွေ အပေါ်လည်း မူတည် ပါတယ်။

4. Engine Flush ကို သုံးရင် အင်ဂျင်ဝိုင် ခဲသွားတာ/ပျစ်သွားတာမျိုး ဖြစ်နိုင်လား? အင်ဂျင်ကို ထိခိုက်နိုင်လား?

ပြင်ပ Market တွေမှာ သုံးတဲ့ Product တွေက အင်ဂျင်ဝိုင်ထဲ ကို Additive အနေနဲ့ ထည့်တာ ဖြစ်တဲ့ အတွက်ကြောင့် ခဲတာ မျိုးတွေ ဖြစ်တတ်ပါတယ်။

Toyota Genuine EFA ကတော့ ခဲတာ တွေကို ဖျော်ပြီး ဖောက်ချတာ ဖြစ်တဲ့ အတွက်ကြောင့် အဲဒီလို ဆိုးကျိုး တွေ မဖြစ် စေနိုင်ပါဘူး။ ဒါပေမယ့် Toyota Genuine EFA ကတော့ အထူးသဖြင့် Toyota Genuine Engine Oil နဲ့ တွဲဖက်ပြီး သေချာ စမ်းသပ်ထား တဲ့ အတွက်ကြောင့် ဘေးထွက် ဆိုးကျိုးနည်း ပါတယ်။

Toyota Fan တို့ရေ ဒီနေ့မှာတော့ EFA ရဲ့ FAQ - Part I လေး ကို မျှဝေလိုက်ပါတယ် ခင်ဗျာ။

Yangon

Toyota Aye and Sons: (01) 540 740, (01) 400 950

Toyota Mingalar: (09) 405 402 233, (09)405 399 993

Toyota Taw Win: (09) 770 552 000

Mandalay

Toyota GW Lion: (09) 969 700 001 ~ 3, (09) 960 800 002

Naypyidaw

Toyota MDMM: (09) 9 444 1111 91 ~ 4

Taunggyi

Toyota Mingalar: (09) 407 799 993

Lashio

Toyota GW Lion: (09) 8 999 444 19

 

 


Comments